What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လှအောင်ပြင်ပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ လှအောင်ပြင်ပါ google

အမျိုးသမီးတွေအတွက် အရေးအကြီးဆုံးက လှပမှု၊ ယုံကြည်မှု တွေပဲလို့ ထင်ပါတယ်။ အဲ့ဒါဟာ ဘဝတစ်လျှောက်လုံးအတွက် လိုအပ်ပါတယ်။

 

အဲဒါကြောင့်လည်း အမြဲတမ်း ကိုယ့်ကို်ယ်ကို လှပနေအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ လှအောင် ပြင်တာက ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ စိတ်ခွန်အားကို ရရှိစေလို့ပါ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ပြင်ဆင်မှုမျိုးနဲ့အမြဲတမ်း လှနေအောင် ပြင်ဆင်ခြယ်သ သင့်ပါတယ်။ ပျိုမေလေးတို့ရဲ့ ချစ်သူ၊ ရည်းစား၊ အမျိုးသားက လှအောင် မပြင်ပါနဲ့ ဝိတ်မလျော့ပါနဲ့ သဝန်တိုလို့ပါ ဆိုရင် မယုံပါနဲ့ အဲ့ဒါဟာ ဂျင်းအကြီးစားကြီးပါ။ အိမ်သားတွေအတွက်ပဲ ဂရုစိုက်နေရလို့ ကိုယ်ဝပြီး မလှတော့တဲ့အချိန်ကျမှ အမျိုးသားက နောက်တစ်ယောက် ထပ်တွေ့နေမယ်ဆို ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအချိန်ကျမှ ထပြီး ဖက်ရှင်ကျချင်လို့ အဝတ်အစားတွေ ဝယ်၊ မိတ်ကပ်တွေ ဝယ်လိမ်း လုပ်ရင်လဲ အချိန်မမီတော့ပါဘူး။ ဒါကြောင့်မို့ အသက် ၂၀ ကျော်လာပြီဆိုတာနဲ့ မျက်နှာကို Toner သုံးပါ။ Skin Care လုပ်ပါ။ ဖက်ရှင်ကျကျ အဆင့်အတန်းရှိရှိ နေတတ်အောင် စလုပ်ပါတော့။

Read: မီးပူဖင်မှာ ကပ်နေတဲ့ ဂျီးတွေ ပြောင်စင်အောင် လုပ်နည်း

ကိုယ့်ရဲ့ ဝင်ငွေနဲ့ သင့်တော်ပြီး အရည်အသွေးလည်း ရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အလှကုန်ကို ရွေးချယ်ပြီး ကိုယ် ဝတ်ဆင်ထားတဲ့ အ၀တ်အစား၊ ဖက်ရှင်နဲ့ လိုက်ဖက်အောင် ပြင်ဆင်မယ်ဆိုရင်တော့ ဖက်ရှင်ကျနေနိုင်မှာ အမှန်ပါပဲ။ အဲ့လို ဖက်ရှင်ကျနေနိုင်ဖို့အတွက်လဲ သတိထားရမယ့် အချက်တွေက Textile က နေ့တိုင်း မျှဝေပေးနေပါတယ်နော်။ နောက်ဆုံးတစ်ချက်ကတော့ ယုံကြည်မှုပါပဲ။ ဘယ်လောက်ပြင်ထား ဆင်ထား ယုံကြည်မှုသာ မရှိရင် အဆင်မပြေပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ လှနိုင်ကြပါစေနော်။

Myanmar Textile and Garment Directory

Read 1580 times
Rate this item
(0 votes)