What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် မဝတ်ဆင်သင့်တဲ့ ဖက်ရှင်

လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် မဝတ်ဆင်သင့်တဲ့ ဖက်ရှင် google

ခရီးသွားရာသီရောက်တော့မှာဆိုတော့ ခရီးသွားဖို့ အဝတ်အစားတွေ ပြင်ဆင် ရတော့မှာပေါ့။ အဲ့လို ပြင်ဆင်တဲ့အခါမှာ လေယာဉ်နဲ့ သွားမယ်ဆိုရင် မဝတ်ဆင်သင့်တဲ့

ဖက်ရှင် အသုံးအဆောင်တွေကို မျှဝေပေးချင်ပါတယ်။

(၁) လေယာဉ်နဲ့ခရီးသွားကြတဲ့အခါ အဝတ်အစားကျပ်ကျပ်တွေ မဝတ်သွားတာအကောင်းဆုံးပါပဲ။ ဒါမှလည်း လေယာဉ်ပေါ်မှာ သက်သောင့်သက်သာနဲ့နေနိုင်မှာလေ။

(၂) အပေါ်အင်္ကျီတွေ အများကြီး ဝတ်သွားတာတော့ မမှားဘူးနော်။ လိုရင်လိုသလို အသုံးပြုလို့ရတာမို့ ယူသွားသင့်ပါတယ်။

Read: ဒီဇိုင်နာ ကောင်းမြတ် ဖန်တီးခဲ့တဲ့ ဝတ်စုံများ

(၃) နောက်ပြီး ဘောင်းဘီကိုလည်း သက်သောင့်သက်သာရှိပြီး ဆန့်ရလွယ်ကူတဲ့ ဘောင်းဘီမျိုးဝတ်တာ အကောင်းဆုံးပါ။

(၄) နောက်ဆုံးအချက်ကတော့ အရမ်းလေးတဲ့ အသုံးအဆောင်ပစ္စည်းတွေ မဝတ်သွားသင့်ပါဘူး။ ငွေနဲ့လုပ်ထားတဲ့ခါးပတ်ခေါင်း၊ နာရီ၊ နားစွဲ နဲ့ဆွဲကြိုးတွေက metal detector alarm မှာ သွားမြည်တတ်တာမို့ မဝတ်သွားသင့်ပါဘူး။

Source: Nok Air Myanmar
Myanmar Textile and Garment Directory

Read 1346 times
Rate this item
(1 Vote)
Tagged under