ဖက်ရှင်က လူတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာပါ။ ဒါကြောင့်လဲ နေ့တိုင်းလိုလို ဖက်ရှင်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်တွေကို
တင်ပေးနေတာ Textile ပရိသတ်ကြီး သိကြမှာပါ။ ဒီနေ့မှာလဲ နေရာဒေသနဲ့ လိုက်ဖက်အောင် ဖက်ရှင်ရွေးချယ်နည်းလေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
(1) ရှေးရိုးဆန် တဲ့နိုင်ငံတွေဆီ အလည်သွားတဲ့အခါ ရိုးရာဝတ်စုံ၊ ဒါမှမဟုတ် ရိုးရာဓလေ့ကို မဖီဆန်တဲ့ဝတ်စုံ ဝတ်သွားပါ။ ပခုံးပေါ်၊ ဒူးပေါ်တွေ မဝတ်ဆင်ပါနဲ့။
(2) ကိုယ့်အားသာချက်ကို ပေါ်လွင်စေဖို့နဲ့ စတိုင်ကျစေဖို့အတွက် ဗိုက်ခေါက်ထွက်တာ အရမ်း သိသာစေမယ့် ကျပ်ထုပ်နေတဲ့ ဘောင်းဘီမျိုး၊ crop-top မျိုးကို မဝတ်ပါနဲ့။
Read: Over 20 ရောက်လာတဲ့ ကောင်လေးတွေ ဘယ်လို ဝတ်စား ဆင်ယင် သင့်သလဲ
(3) ခန္ဓာကိုယ်ကျစ်ကျစ်လျစ်လျစ်နဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ မိန်းကလေး တစ်ယောက် အသွင် ပေါ်နေစေဖို့အတွက် ဒူးအတိစကတ်တို လေးတွေကို ဝတ်ပါ။
(4) ရိုးရိုး တီရှပ်အင်္ကျီကိုပဲ ပန်းလေးတွေ၊ တံဆိပ်လေးတွေ၊ အထည်တွေပေါ်မှာ သုံးလို့ရတဲ့ အရာလေးတွေ ထည့်လိုက်ပါ။ နွေရာသီဝတ် အင်္ကျီလှလှလေး ဖြစ်သွားပါလိမ့်မယ်။
နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းတွေ သိရအောင် ဖက်ရှင်ဘလော့တွေနဲ့ ချိတ်ထားပါ။ ပိုပြီးဖက်ရှင်ကျတဲ့သူ ဖြစ်လာအောင် ဒီဘလော့တွေက တွန်းအားပေးနိုင်ပါတယ်။ ပျိုမေလေးတို့ ယုံကြည်မှု ရှိရှိနဲ့ လှပနိုင်ပါစေနော်။
Source: LifeStyle Myanmar
Myanmar Textile and Garment Directory