ဒီဇိုင်နာတွေ၊ စက်ချုပ်ဝါသနာပါသူ တွေအတွက် စက်ချုပ်ရာမှာ ပိုမို လွယ်ကူလျှင်မြန်စေနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်ရှင်။
Textile ပရိသတ်ကြီး ဒီနည်းလမ်းလေးတွေ သုံးပြီး ပိုမို အဆင်ပြေကြမယ်လို့ ထင်ပါတယ်။
(၁) တွယ်အပ်လေးတွေ ထိပ်က တုံးသွားလို့ သုံးရတာ အဆင်မပြေ ဖြစ်နေပါသလား။ အပ်တိုးတဲ့ဖုံလေးကို စတီးစလေးတွေ အစာသွပ်ပြီး လုပ်ကြည့်ပါနော်။
(၂) ကတ်ကြေးတွေ တုံးနေရင် အိုးတိုက်တဲ့ သံစ၊ ခဲပတ်စ တွေကို ညှပ်ပေးလိုက်ပါ။
Read: စက်ချုပ်ရာမှာ ပိုမို လွယ်ကူစေမယ့် နည်းလမ်းများ(1)
(၃) ကိုယ်ရဲ့ အလုပ်စားပွဲမှာ အခုလို ပေကြိုးကို ကပ်ရိုက်ထားလိုက်တော့ အလွယ်တကူ တိုင်းချင်ရာတိုင်းလို့ ရပြီပေါ့။
(၄) အစညှပ်တဲ့အခါ ကပ်ကြေးကိုင်တာ ငြိမ်စေဖို့ သံလိုက်တုံးလေးနဲ့ ထိန်းလို့ရပါတယ်။
(၅) အနားဖွာလွယ်တဲ့အစ တွေ ညှပ်ဖို့ ရိုးရိုးကပ်ကြေးကို မသုံးပါနဲ့။
(၆) ကြယ်သီးတွေ၊ စီးကွင့်တွေ ရောနှောနေရင် ရှာရခက်နေမှာကို မပူပါနဲ့။ အခုလိုလေး လုပ်ထားရင် အဆင်ပြေသွားမှာပါ။
(၇) ကြယ်သီးပေါက်လေး ဖောက်မယ်ဆို အခုလိုလေး တွယ်အပ်လေးနဲ့ ချိတ်ပြီးမှ ဖောက်ပါ။
(၈) Drapping လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် တွယ်အပ်လေးတွေကို တကူးတက လှမ်းလှမ်းယူမနေရအောင် အခုလို လက်ပတ်လေး ချုပ်ပြီး စမ်းကြည့်ပါနော်။
နောက်နေ့တွေမှာလဲ အခုလိုပဲ နည်းလမ်းလေးတွေကို မျှဝေပေးအုံးမှာမို့ ဆက်လက်အားပေးဖတ်ရှုပေးကြပါအုံးနော်။
Myanmar Textile and Garment Directory