What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်များ

ဖက်ရှင်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်များ google

လူမှာ အဝတ်၊ တောင်းမှာ အကွပ်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ ဟုတ်ပါတယ် အဝတ်အစားက အရမ်းကို အရေးကြီးတာပါ။

ဒါပေမယ့် အဝတ်အစားတင် အရေးကြီးတာလားဆိုတော့ အဲ့လိုလဲ မဟုတ်ပါဘူးနော်။ အမြဲတမ်းစမတ်ကျနေအောင်ဆိုရင် အနံ့မထွက်အောင် လျှော်ရမယ်၊ အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဖိနပ်တွေ ရွေးချယ်ရမယ်။ အဲ့ဒီအချက်တွေကလဲ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ အဝတ်အစားနဲ့ ပတ်သက်လို့ သတိထားပြီး လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အရမ်းပါးတဲ့အဝတ်အစားတွေ ဝတ်ဆင်ခြင်းကို ရှောင်ပါ။
အရမ်းပါးတဲ့ အဝတ်အစားတွေကိုတော့ မဝတ်သင့်ပါဘူး။ မလုံခြုံတဲ့ ခံစားချက်ကို ရရှိစေမှာမို့ပါ။ တချို့အဝတ်တွေက နေရောင်မှာ အတိုင်းသားမြင်ရတတ်ပါတယ်။ ဒါကြောင့် သေချာအောင် အလင်းရောင်အမျိုးမျိုးအောက်မှာ ထောင်ကြည့်ပြီးမှ ဝယ်ယူပါ။

Read: ရင့်ကျက်လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

(၂) ကိုယ်ကြပ်အဝတ်အစားတွေကို ရွေးချယ်ပါ။
ခန္ဓာကိုယ် ကောက်ကြောင်းလေးတွေ ပေါ်လွင်စေမယ့် ဂါဝန်တွေ ဒါမှမဟုတ် စကတ်တွေကို ဝတ်ဆင်ပေးပါ။ Sexy ကျကျ နဲ့ ပိုပြီးဆွဲဆောင်မှုရှိနေမှာ အမှန်ပါပဲနော်။

(၃) ဒီလို ဖိနပ်တွေ စီးကြည့်ပါ။
စတိုင်လ်ကျတဲ့လည်ရှည်ဖိနပ် အနက်၊ အညို၊ မီးခိုးရောင်တွေစီးကြည့်ပါ။ ဒူးနားထိရှည်တဲ့ဝတ်စုံတို့ ဂျင်းတို့နဲ့ လည်ရှည်ဖိနပ်ကို တွဲဝတ်ပါ။

(၄) အဝတ်တွေကို ခွဲထားပါ။
 ရေလျှော်နဲ့ အခြောက်လျှော်အတွက် အဝတ်တွေကို ခွဲထားပါ။ ချက်ချင်း လျှော်ဖွပ်နိုင်မယ့် အစွန်းအပြောက်တွေကို ရှာပါ။ လျှော်မှဖြစ်တော့မယ့် အထည်တွေလည်း ရှာထားပါ။ တခြား အဝတ်အစားတွေကို အရောင်စွန်းထင်းစေမယ့် အထည်တွေကို သပ်သပ်ခွဲထားပါ။ ပြီးမှ လျှော်ပါ။

(၅) ကုတ်တွေကို လျှော်တဲ့အခါ အခြောက်လျှော်ပါ။
အဝတ်အစားတွေကို ရေနဲ့ပဲ လျှော်သင့်တာလားဆိုတော့ မဟုတ်ပါဘူး။ အခြောက်လျှော်သင့်တဲ့ အဝတ်အစားတွေ ရှိပါတယ်။ ကုတ်တွေကို မသိမ်းခင် အခြောက်လျှော်ပါ။ အဝတ်ထည့်အိတ်ထဲက ချိတ်မှာ ချိတ်ထားပါ။ အထည်လည်း မပျက်စီးတဲ့အပြင် အင်းဆက်ရန်ကလည်း ကင်းဝေးစေပါလိမ့်မယ်။.

(၆) စကတ်နဲ့ ဖိနပ်အမျိုးမျိုး တွဲဝတ်ကြည့်ပါ။
 ရိုးရိုးသာမန်အရှည် စကတ်လေးကို ဝတ်ချင်တယ်ဆိုရင် ဖိနပ်ဘွတ်ဖိနပ်အတိုလေးတွေ ဒီဇိုင်းမျိုးစုံနဲ့ အမျိုးမျိုးတွဲဝတ်ကြည့်ကြည့်ပါ။ ဖိနပ်တစ်မျိုးထဲ စီးတာက ရိုးသွားစေမှာမို့ပါ။

Author: SYH

Read 1321 times
Rate this item
(1 Vote)
Tagged under