What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင့်ကျက်လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

ရင့်ကျက်လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ google

ဖက်ရှင်က လူတိုင်းလူတိုင်းအတွက် အရေးကြီးပါတယ်။ ဖက်ရှင်နဲ့ ကင်းကွာပြီး နေနိုင်တဲ့သူဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ ရင့်ကျက်ပြီး လှပတဲ့ အမျိုးသမီး

တစ်ယောက် ဖြစ်လာဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) အကြိုက်ဆုံးဖက်ရှင်တွေဝတ်တိုင်း မှတ်မှတ်ရရဓာတ်ပုံရိုက်ပြီး သေချာသိမ်းထားနော်။ ဘာဝတ်ရမှန်းမစဉ်းစားချင်ရင် အရင်ဖက်ရှင်တွေထဲက ပြန်ရွေးနိုင်အောင်ပေါ့။

(၂) အဝတ်တွေကို ချွတ်ပြီးတာနဲ့ ချိတ်မှာ တန်းပြီးချိတ်ထားတဲ့အကျင့် လုပ်ပါ။ ဒါမှသာ နောက်တကြိမ် ပြန်ဝတ်ချင်တဲ့အခါ အဆင်သင့်ဖြစ်နေမှာပါ။

Read: အမျိုးသားတွေ စမတ်ကျကျ ဝတ်ဆင် ဖို့အတွက် အခြေခံကျတဲ့ နည်းလမ်းများ

(၃) အလုပ်ကို ဆက်စီကျတဲ့အဝတ်အစားမျိုးမဝတ်သွားပါနဲ့။ တိုလွန်းတာမျိုး၊ လည်ပင်းအရမ်းဟိုက်တာမျိုး၊ ဒေါက်ဖိနပ်အရမ်းမြင့်တာမျိုး၊ အရမ်းပါးတာမျိုးတွေ မဝတ်ပါနဲ့။

(၄) အပြင်ထွက်ဖို့ အင်္ကျီရွေးဖို့ အချိန်မရှိဘူးဆိုရင် အလျင်စလိုနဲ့ တွေ့ကရာတွဲစပ်ဝတ်မယ့်အစား ဂါဝန်လေးတစ်ထည်နဲ့ ဒေါက်ဖိနပ်သာ ကောက်စွပ်လိုက်ပါ။

(၅) အင်္ကျီလက်ရှည်ဝတ်မယ်ဆိုရင် ခန္ဓာကိုယ်နဲ့ အံကိုက်ကျတဲ့ အပျော့သားဆွဲသားကိုရွေးပါ။ အပေါ်မှာ ဂျာကင်ထပ်ဝတ်ရင်လည်း ပွယောင်းယောင်းဖြစ်မနေတော့ဘူးပေါ့။

(၆) သင်ဟာဝတဲ့သူတစ်ယောက်ဆိုရင် သင့်ရဲ့ အောက်ပိုင်းချပ်ချပ်ရပ်ရပ်ဖြစ်မယ့် ချည် ထည်တွေကို ရှာဝယ်ပါ။ အောက်နားပွတဲ့ ဘောင်းဘီတွေ ဘောင်းဘီအကားတွေ ရှောင်ပါ။

Lifestyle Myanmar

Myanmar Textile and Garment Directory

Read 1531 times
Rate this item
(1 Vote)
Tagged under