What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိဖို့

ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိဖို့ google

ဖက်ရှင်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ် အရေးပါတဲ့ အရာတစ်ခုပါ။ ဖက်ရှင်လို့ ဆိုရာမှာလည်း တန်ဖိုးကြီး အသုံးအဆောင် တွေကို ဝတ်ဆင်ခြင်း ကိုသာ ဆိုလိုတာ

မဟုတ်ပဲ ကိုယ်ပိုင်စတိုင်လ်နဲ့ ယုံကြည်မှုရှိရှိ ဝတ်ဆင်နေထိုင်ခြင်း ဟာလည်း သင့်ကို ဖက်ရှင်ကျ လှပစေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းစေတဲ့ အရာတွေကို မသိသေးရင်တော့ ယုံကြည်မှု နည်းပြီး အမြဲ အရှုံးသမား တစ်ယောက်လို ခံစားနေရမှာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့သူက ဘ၀ကို ရင်ဆိုင်ဖို့ အင်အား အပြည့်အဝ ရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ရင်း ကိုယ့်ဘ၀ကို ဘယ်အရာတွေက ယုံကြည်မှု အားနည်းစေသလဲဆိုတာကို ဆန်းစစ်ကြည့်ပါ။ ပြီးရင် ပြုပြင်ကြည့်ပါနော်။

(1) အရာရာတိုင်းပေါ် အစွဲအလမ်းမကြီးပါနဲ့။ ကိုယ်ရဲ့အတ္တစိတ်ကြောင့် အစွဲလမ်းကြီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တွေဟာ အတ္တစိတ်နဲ့အတူ ပျောက်ဆုံးသွားတတ်ပါတယ်။ အစွဲအလမ်းသိပ်မထားပဲနဲ့ ကိုယ်ရဲ့ အားသာချက်ကို ရှာဖွေပါ။

Read: ဒီဇိုင်နာ မင်းသက်စံ ဖန်တီးချုပ်လုပ်ခဲ့တဲ့ ဝတ်စုံများ

(2) ကိုယ့်ကိုယ်ကိုယ် ပြုပြုပြင်ပြင်နေပါ။ ကိုယ်တိုင်က စိတ်ချမ်းသာပြီး လှနေမှ ဘာလုပ်လုပ်ယုံကြည်မှုတိုးစေမှာပါ။ အလှပြင်တာဟာ ဘယ်သူတစ်ဦးတစ်ယောက်အတွက်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေစေဖို့ပါ။

(3) ဘယ်အရာမဆို အကောင်းမြင်တတ်တဲ့စိတ်နဲ့ သည်းခံစိတ်ထားပါ။ သည်းခံစိတ်နဲ့ အကောင်းမြင်တတ်တဲ့စိတ် ရှိနေသရွေ့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို ပိုပြီး မြင့်မားစေပါတယ်။

(4) ဘယ်လို အခြေနေမျိုးမှာပဲဖြစ်ဖြစ် ခက်ခဲတဲ့အရာကို ရင်ဆိုင်ဖို့မကြောက်ပါနဲ့။ အခက်အခဲဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အဲ့ဒီအခက်အခဲကို ဘယ်လို ပြေလည်အောင် ဖြေရှင်းမလဲကိုပဲ စဉ်းစားပါ။

Myanmar Textile and Garment Directory

Read 1200 times
Rate this item
(1 Vote)
Tagged under