What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရေးပါတဲ့ လက်အလှစတိုင်လ်များ

အ၀တ်အစားမှာ လက်တွေ အရေးပါတယ်။ အ၀တ်အစားကို ကြည့်ရင် လက်တွေကို အရင်ဂရုပြုမိလေ့ရှိတယ်။

လက်တွေက အ၀တ်အစားရဲ့ လှပတင့်တယ်မှုကို ပံ့ပိုးတယ်။ ၀တ်ဆင်ထားသူ လှပတင့်တယ်အောင် လုပ်ပေးတယ်။ လန်းနေအောင်လည်း လုပ်ပေးမယ်။ လက်တွေဟာ လူ့ကိုယ်ခန္ဓာမှာ အမြဲလိုလို လှုပ်ရှား လုပ်ကိုင်ပေးနေရတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တယ်။ ဒီတော့ အင်္ကျီလက်တွေဟာ ၀တ်ဆင်ထားသူရဲ့ လက်တွေ လှုပ်ရှားလုပ်ကိုင်မှု အမျိုးမျိုးကို ချုပ်နှောင်ထားသလို ဖြစ်မနေအောင် ချုပ်လုပ်ပေးထားဖို့ လိုမယ်။ သက်သောင့်သက်သာ ရှိနေစေရမယ်။
အ၀တ်အစားတွေရဲ့ လက်တွေမှာ စတိုင်လ်အမျိုးမျိုးရှိပြီး ခေတ်ရေစီးကြောင်းဖြင့် ပြောင်းလဲနေတယ်။ ခေတ်ဟောင်းက လက်စတိုင်လ်တွေ တစ်ဖန်ပြန်လည် ရေပန်းစားတာမျိုးလည်း ရှိတယ်။ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့တဲ့ လက်စတိုင်လ် အမျိုးမျိုးကို တစ်နေရာတည်းမှာ လေ့လာနိုင်ဖို့ စုစည်းတင်ဆက်ထားပါတယ်။

အမည်အမျိုးမျိုး ပေးထားတာကို တွေ့ရမယ်။ ဒါပေမဲ့ အဓိကအားဖြင့် နှစ်မျိုး ရှိတယ်။ တစ်မျိုးက တွဲချုပ်တဲ့ လက်၊ နောက်တစ်မျိုးက တစ်သားတည်း ဖြစ်နေတဲ့ လက်။
တစ်သားတည်းလက် one-piece sleeve ကတော့ အင်္ကျီရှေ့ခြမ်းနဲ့ နောက်ခြမ်း အပိုင်းနှစ်ခုစလုံးမှာ လက်ကိုပါ ထည့်ဖြတ်ပြီး ရှေ့ခြမ်းနဲ့ နောက်ခြမ်း တွဲချုပ်ပေးထားလိုက်တာ ဖြစ်ပါတယ်။
တွဲချုပ်တဲ့ လက် set-in sleeve အမျိုးအစားကို ကျားဝတ် ရှပ်အင်္ကျီလက်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ပခုံးစွန်းမှာ လက်ပေါက် ပတ်ပတ်လည် တွဲပြီး ချုပ်ထားတယ်။ လက်ကို သပ်သပ် အထည်သား ဖြတ်ချုပ်ပြီးမှ အင်္ကျီမှာ လာတွဲတာ ဖြစ်ပါတယ်။
အဲဒီလို တွဲတာမှာ ပခုံးစွန်းမှာ မတွဲဘဲ လက်အရင်းကို ကော်လာအထိ ရောက်အောင် နေရာပေးပြီး တွဲချုပ်တဲ့ စတိုင်ကိုတော့ Ragalan sleeves လို့ အမည်ပေးထားကြတယ်။ ကီမီုနိုချုပ်ရင် လက်တွေကို ဒီနည်းနဲ့ တွဲပေးထားကြတယ်။
လက် ဖက်ရှင်စတိုင်လ် တချို့ကို လေ့လာကြည့်ရှုဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဆက်စပ် လေ့လာရန် link

လက်အပိုင်း ပုံဖော်ခြင်း အခြေခံ

01 normal half sleeve

02 Raglan sleeves

03 Cap sleeves

04 Bracelet sleeves

05 Lantern sleeves

06 shirt sleeve

 

07 Leg of mutton sleeves

08 Long Bell sleeves

 

09 Bishop sleeve

10 Square armhole sleeve

 

11 Tulip sleeve

 

12 Angel wing sleeves

 

13 Batwing sleeve

 

14 tailored sleeve

Read 1214 times
Rate this item
(0 votes)