နေ့စဉ်လှုပ်ရှားရုံးကန်နေကြတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ လူသားတိုင်း Smart ကျကျ ဝတ်စားဆင်ယင်တတ်မှု ဆိုတာကလည်း လုံးဝ ချန်လှပ်ထားခဲ့လို့မရတဲ့
အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။
အထူးသဖြင့် 21 ရာစုအမျိုးသမီးလေးတွေအတွက် စတိုင်ကျကျ Smart ကျကျ ဝတ်စားဆင်ရင်တတ်ဖို့ ပိုပြီးလိုအပ်လာပါတယ်။
ဒီခေတ်အခါဆိုတာက ရုပ်ရည်လှပမှုထက် သပ်သပ်ရပ်ရပ်လှလှပပ စတိုင်တကျ ဆင်ယဉ်ထုံးဖွဲ့ တတ်မှုကသာ ပိုအရေးပါလာပါပြီ။ ထို့အတူပဲ လိုက်ဖက် စတိုင်ကျတဲ့ အရောင်တွဲစပ် ရွေးချယ်မှုကလည်း မဖြစ်မနေလိုအပ်လာတာပေါ့။
အရောင်တွေရဲ့အခြေခံသဘောတရားတွေနဲ့ လိုက်ဖက်တဲ့ တွဲစပ်မှုကို နားလည်မယ်ဆိုရင် နေ့စဉ် ပိုပြီး လှပစတိုင်ကျတဲ့ Fashion အလန်းလေးတွေနဲ့ မနက်ဖြန်တိုင်းက ပိုလှလာမယ်ဆိုတာ အသေအချာပါ။
Related Article: စေ့စပ်ပွဲအတွက် ဝတ်စုံရွေးချယ်တဲ့အခါ
တကယ်က မနက်မိုးလင်းတာနဲ့ အလုပ်သွားခါနီး ကျောင်းသွားခါနီး ဘာဝတ်စုံဝတ်ရင် ကောင်းမလဲ စဉ်းစားရတာလည်း အတော်ခေါင်းစားစေတဲ့ ကိစ္စတစ်ခုမလား။
ဒီ Color Wheel ထဲမှာ Primary Color ရယ် Secondary Color ရယ် Tertiary Color ရယ် ဆိုပြီး အမျိုးအစား (၃) မျိုးခွဲလို့ရတယ်။
Primary Color ကတော့ Red ရယ် Yellow ရယ် Blue တို့ ဖြစ်ပါတယ်။ Primary Color ၂ ရောင်ကို ပေါင်းလိုက်ရင် Secondary Color ရပြီး တော့ အဲ့ Secondary Color နဲ့ ဘေးချင်းကပ်မှာရှိတဲ့ Primary Color နဲ့ ရောလိုက်ရင် Tertiary Color ကို ရပါတယ်။
Match ဖြစ်တဲ့ ကာလာတွေ အကြောင်းပြောရင် ကာလာတွေ အချင်းချင်းဆက်စပ်မှု (Basic Relationship) ဖြစ်တဲ့ Analogous Color နဲ့ Complementary Color ဆိုပြီး 2 မျိုးရှိတယ်။ Analogous Color ကတော့ သူ့ဘေးချင်းကပ်မှာ ရှိတဲ့ အရောင်အချင်းချင်းတွေကို ဆိုလိုပြီး အဲဒီအရောင်တွေအချင်းချင်း တွဲဖက် ဝတ်ဆင်ရင် အလွန်လိုက်ဖက်မှုရှိတယ်လို့ ပြောထားပါတယ်။
Complementary Color ကတော့ ဆန့်ကျင်ဘက်အရောင်တွေအချင်းချင်းလိုက်ဖက်မှု လို့ ပြောထားပါတယ်။ ဥပမာ- ခရမ်းရောင်နဲ့ အဝါရောင်၊ အပြာရောင်နဲ့ လိမ္မ်ာရောင်၊ အနီရောင်နဲ့ အစိမ်းရောင်တို့က လိုက်ဖက်မှုရှိတဲ့ ဆန့်ကျင်ဘက်အရောင်တွေဖြစ်ပါတယ်။
Color Wheel ထဲကအတိုင်း အရောင်တွေကို ဆက်စပ်ပြီး Fashion တွဲဖက်ရွေးချယ်မယ်ဆိုရင် ခေါင်းစားသက်သာပြီး သက်သောင့်သာ ရှိမယ်လို့ မျှော်လင့်ပါတယ်။
မိမိရွေးချယ်လိုက်တဲ့ Fashion မှာ အရောင်ကွဲအများကြီးပေါင်းစပ်တာထက် လိုက်ဖက်မှုရှိတဲ့ အရောင် အများဆုံး (၃) ရောင်လောက်သာ ပါဝင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရောင်အများကြီး ရောစပ်ဝတ်ဆင်မှုဟာ လူရယ်စရာဖြစ်သွားနိုင်တာကြောင့်ပါ။ လှပ စတိုင်ကျတဲ့ အမျိုးသမီးလေးတွေ ဖြစ်ကြပါစေနော်။
Source: Smart Fashion Online Shop
Myanmar Textile and Garment Directory