What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆွဲဆောင်မှုရှိရှိ ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ

ဆွဲဆောင်မှုရှိရှိ ကြည့်ကောင်းနေစေမယ့် နည်းလမ်းများ google

ရုပ်ချောတဲ့သူတိုင်း ဆွဲဆောင်မှု ရှိတာ မဟုတ်သလို ဆွဲဆောင်မှု ရှိတဲ့သူတိုင်းဟာလဲ ရုပ်မချောပါဘူး။ Attractive ဖြစ်တယ် ဆိုတာကလဲ လေ့ကျင့်ယူလို့ရတဲ့ personality

တစ်ခုပါ။ ဆွဲဆောင်မှုရှိအောင် တန်ဖိုးကြီး အဝတ်အစားတွေ ၊ sexy ကျကျ ဝတ်ဆင်ခြယ်သမှုတွေ မလိုပါဘူး။ လူတစ်ယောက်မှာ အသွင်အပြင်ဆိုတာ ပထမတန်းစား အရေးပါတဲ့ Personality တစ်ခုပါ။ စိတ်ဓာတ်တွေ အရည်အချင်းတွေဆိုတာ နောက်မှ သိရတာမလား။ ဒီတော့ မြင်လိုက်တာနဲ့ စိတ်ထဲမှာ အမှတ်ပေးချင်စရာ ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်မျိုးရဖို့ အခု ပြောပြမယ့် နည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ အားလုံးနဲ့ ကိုက်ညီမယ့် နည်းလမ်းတွေဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။

(1) အဝတ်အစား
ကိုယ့်ရဲ့ Body Structure နဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေကို ရွေးချယ်ပြီး ဝတ်ပါ။ ဥပမာ- အရပ်ပုတဲ့သူက အောက်ခြေပွတဲ့ ဘောင်းဘီတွေနဲ့ မလိုက်သလို အရပ်ရှည်တဲ့သူတွေကလည်းဒေါင်လိုက်အစင်းတွေပါတဲ့ အဝတ်အစားတွေနဲ့ မလိုက်ဖက်တာကို သတိပြုရပါမယ်။ ကိုယ့်မျက်စိထဲလှပေမယ့် ခန္ဓာကိုယ်ပေါ် ရောက်ရင် မလှမယ့်အဝတ်အစားမျိုးကို ရှောင်ပါ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော အဝတ်အစား ရွေးတဲ့အခါ ကိုယ်က ဘယ်လို Body Shape ရှိလဲ ဆိုတာကို အရင်လေ့လာကြည့်ရင်တော့ ပိုကောင်းပါတယ်။

(2) Hair Style
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဆံပင်ပုံစံက အရေးကြီးပါတယ်။ ဘယ်လောက်တောင် အရေးကြီးလဲဆိုရင် ဆံပင်ပုံစံက လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုပြီး ပြောကြတဲ့အထိပါ။ သန့်ရှင်းသပ်ယပ်တဲ့ Hair Style ရှိတာက လူအများကြားမှာ ထင်ရှားနေစေမှာပါ။ ကိုယ်နဲ့ လုံးဝလိုက်ဖက်မယ့်ပုံစံမျိုးကို Hair Stylist ဆီမှာ ညှပ်ပါ။ မိန်းကလေးတွေဆိုရင်လဲ ဦးရေပြားနဲ့ ကပ်နေတဲ့ ဆံပင်ပုံစံထက် ထူထူပွပွလေး ဖြစ်နေတာက ပိုကြည့်ကောင်းတတ်ပါတယ်။ နေ့တိုင်းမတူညီတဲ့ ဆံပင်ပုံစံအမျိုးမျိုးလုပ်ကြည့်ဖို့ကိုလဲ အကြံပေးချင်ပါတယ်။

Related Article : Plaid Suit ကို အထာကျကျ ဝတ်ရအောင်

(3) သွားလှလှလေးတွေနဲ့ ပြုံးပါ။
စကားပြောကောင်းပြီး အပြုံးချိုတဲ့သူက စွဲဆောင်နိုင်စွမ်း ရှိတတ်ကြပါတယ်။ အပြုံးလှလှလေး ဖြစ်ဖို့အတွက်ကတော့ သွားတွေကို ဂရုစိုက်ပြီးတော့ ဖြူဖွေးတောက်ပနေအောင် ဂရုစိုက်ပါ။ လျှာမှာ ဘက်တီးရီးယားတွေရှိရင် ခံတွင်းနံ့တွေ ဆိုးတတ်လို့ ဂရုစိုက်သင့်ပါတယ်။ ဒါဆိုရင် ကိုယ်နဲ့စကားပြောတဲ့သူတိုင်းက တစ်ကိုယ်ရေ သန့်ရှင်းရေးကို တော်တော် အလေးထားတာပဲလို့ တွေးမိမှာ သေချာပါတယ်။ စကားပြောတိုင်း ပြုံးဖို့ လုံးဝမမေ့ပါနဲ့

(4) အသားအရေ
အသားအရေ လှတဲ့သူကို ဘယ်သူမှ သတိမထားမိပဲ မနေပါဘူး။ အသားအရေ ထိန်းသိမ်းဖို့အတွက် Skin Care တွေကြီးပဲ အားကိုးမနေပဲ နေထိုင်စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ပေးရပါမယ်။ ရေများများသောက်ပြီး အသီးအရွက်များများစားပါ။ အိပ်ရေးပျက်မခံပဲ အိပ်ချိန်ပုံမှန်ထားပေးပါ။ ဆေးလိပ် ၊ အရက် ရှောင်ပါ။ သင့်တော်တဲ့ လေ့ကျင့်ခန်းလဲ လုပ်ပါ။ သင့်တော်တဲ့ Skin Care Routin တစ်ခုထားပြီးတော့ နေ့စဉ်အသုံးပြုမယ်ဆိုရင်အ ကျန်းမာလှပတဲ့ အသားအရေကို ရရှိပါလိမ့်မယ်။

(5) Self-confidence
Self-confident is super attractive ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေတဲ့ လူတစ်ယောက်က ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ကိုယ့်ရဲ့ သွားလာနေထိုင်မှုပုံစံတွေမှာ Confident ရှိနေအောင် လေ့ကျင့်ယူပါ။ လမ်းလျှောက်တဲ့အခါ ခေါင်းကို ငိုက်စိုက်ထားပြီး မြေကြီးကိုပဲ ကြည့်မလျှောက်ပါနဲ့။ ခေါင်းအတန်အသင့် မော့လျှောက်ပါ။ ထိုင်တဲု့အခါတိုင်း ခါးကို မတ်မတ်ထားပြီးထိုင်ပါ။ တခြားလူတွေနဲ့ စကားပြောတဲ့အခါ မျက်လုံးမကစားပဲ Eye Contact ရအောင် မျက်ဆုံးချင်းဆုံပြီး ပြောပါ။ စိတ်လိုလက်ရ ပြုံးဖို့ကိုလဲ မမေ့ပါနဲ့နော်။

ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် လူတွေကြားထဲမှာ ကြည့်ကောင်းပြီး ဆွဲဆောင်မှု ရှိလာမှာ အမှန်ပါပဲ။

Source: Padetha

Read 2779 times
Rate this item
(1 Vote)
Tagged under