What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ဆိုင်တဲ့ အကြံပြုချက် (၅) ချက်

ဖက်ရှင်နဲ့ ဆိုင်တဲ့ အကြံပြုချက် (၅) ချက် google

ပျိုမေလေးတို့ အမြဲ လှပပြီး ကြည့်ကောင်း နေစေဖို့ အတွက် ဒီနေ့မှာတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

(၁) အဖြူရောင်ကော်လံပါတဲ့ အင်္ကျီတွေကို ရွေးချယ်ပါ။

မျက်နှာအရောင် တောက်ပနေလေ နုပျိုပုံပေါ်လေပါပဲ။ မျက်နှာလေး ဝင်းပနေစေအောင် ကောင်းတဲ့နည်းတစ်ခုကတော့အဖြူရောင်ကော်လံပါတဲ့အင်္ကျီတွေ ဝတ်ဆင်ပါ။

(၂) ဂါဝန်အဟောင်းတွေကို အင်္ကျီအသစ်အဖြစ် ပြောင်းလဲပစ်လိုက်ပါ။

ဗီရို အနောက်ထဲ ရောက်နေတဲ့ ဂါဝန်အဟောင်းတွေကို ဆွဲထုတ်ပြီး ၁လက်မ၊ ဒါမှမဟုတ် ၅ လက်မထိလောက် တိုပစ်လိုက်။ အင်္ကျီအသစ် ချက်ချင်းရပြီပေါ့။

Related Article: ခေတ်စားလာတဲ့ လေးထောင့်ကျကျ လည်ပင်းပုံစံနဲ့ အင်္ကျီဒီဇိုင်းများ

(၃) ဖက်ရှင်နဲ့ ပတ်သက်ရင် ဆရာကျတဲ့ သူငယ်ချင်းကို ဈေးဝယ်ထွက်ရင် ခေါ်ပါ။

ဖက်ရှင်အကြောင်း သိပ်မသိရင် အမြဲစတိုင်လ်ကျနေတဲ့ သူငယ်ချင်းကို ဆရာတင်ပြီး ဈေးဝယ်ထွက်ပါ။ ကိုယ်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တာလေးတွေ သူ့ကို ရွေးခိုင်းလိုက်ပါ။

(၄)  ပိုးခေါင်းအုန်းစွပ်လေးတွေ ဝယ်ထားပါ။

ပိုးခေါင်းအုန်းစွပ်တွေ ရဲ့ အစွမ်းကပုံပြင်မဟုတ်ပါဘူး။မျက်နှာအရေးအကြောင်းထင်ခြင်းကို တားဆီးပေးရုံမကဘဲအရေပြားနဲ့ဆံပင်အပေါ် နူးညံ့တဲ့အထိအတွေ့ကိုပေးပါတယ်။

(၅) မှန်မှာ ကိုယ့်ပုံကိုယ် ရိုက်ကြည့်ပါ။

ဓာတ်ပုံအရိုက်ခံရမယ့် ပွဲလမ်းသဘင်မျိုးကို သွားတော့မယ်ဆိုရင် မှန်မှာ ကိုယ့်ပုံကိုယ် ရိုက်ကြည့်ပါ။ တခါတလေ ဝတ်စုံက ဓာတ်ပုံထဲမှာ တမျိုး ထွက်နေတတ်ပါတယ်။

Lifestyle Mirror

Myanmar Textile and Garment Directory

Read 1125 times
Rate this item
(0 votes)
Tagged under