What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပါတီပွဲသွားတဲ့အခါမှာ ရှောင်ရှားသင့်တဲ့ အချက်များ

ပါတီပွဲသွားတဲ့အခါမှာ ရှောင်ရှားသင့်တဲ့ အချက်များ google

အခုပြောပြမှာကတော့ ပါတီပွဲသွားတဲ့အခါ ရှောင်ရှားသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သင့်ကို စတိုင်မကျဖြစ်စေမယ့် ဒီလိုအချက်တွေကိုတော့ ရှောင်ကိုရှောင်သင့်ပါတယ်နော်။

(1) ခပ်နွမ်းနွမ်းအဝတ်အထည်

အဟောင်းအနွမ်းတွေရဲ့ခေတ်က ကုန်သွားပါပြီ။ ပါတီနဲ့လိုက်တဲ့ဝတ်စုံကိုဖြစ်ဖြစ် ဖက်ရှင်ကျမယ့်ဝတ်စုံကိုဖြစ်ဖြစ် တစ်ခုခုရွေးလိုက်ပါ။ ဒီအချက်က အရမ်း အရေးကြီးပါတယ်

(2) သက်တောင့်သက်သာမဖြစ်တဲ့ဖိနပ်

အမြင်လှရုံနဲ့ရွေးချယ်ပြီးစီးလာကာမှ မခံမရပ်နိုင်လောက်အောင် ခြေထောက်နာလာရင်၊ သက်တောင့်သက်သာမရှိဘဲ စိတ်ရှုပ်နေရရင် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ သွားရလာရလည်း အဆင်မပြေဘူးဆိုမှတော့ ဖိနပ်လှလည်း အလကားပါပဲ။

(3) အလွန်အကျွံဖြစ်နေတဲ့မိတ်ကပ်

Eye Shadow တွေ၊ နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေ အရမ်းကြီးတောက်ပ ဖြူဖွေးနေအောင် မလိမ်းမိပါစေနဲ့။ အထူးသဖြင့် ဓာတ်ပုံရိုက်တဲ့အခါမှာ ကိုယ်တစ်ယောက်တည်း အရမ်းကြီးပြင်ဆင်ထားလွန်းမှန်း သိသာနေရင် ရှက်စရာကောင်းပါတယ်။ သာမန်ထက် နည်းနည်းလောက်လေးပဲ ပိုပြင်ပြီး ကြည့်ကောင်းမယ့်အနေအထားတစ်ခုရောက်ရင် တော်ပါပြီ။


(4) လက်ဝတ်လက်စားတွေ

ကိုယ်သွားမှာ ပါတီပွဲပါ။ အလှူ၊ မင်္ဂလာဆောင် မဟုတ်လို့ ရွှေတွေကို ချွတ်သွားတာ အကောင်းဆုံးပါပဲ။ လက်ဝတ်လက်စားတွေဟာ ပါတီတွေနဲ့လည်း မလိုက်ဖက်ဘူးလေ။

(5) ဖော်လွန်းချွတ်လွန်းတာရှောင်

အသားတွေပေါ်နေတိုင်းလှတာမဟုတ်ပါဘူး။ လှုပ်လို့ရှားလို့ကောင်းမယ့်ဝတ်စုံ၊ ကိုယ်နဲ့ကြည့်လို့လှမယ့်ဝတ်စုံကိုသာရွေးပါ။ အရမ်းကြီးဟိုက်လွန်း တိုလွန်းတာဝတ်လိုက်ကာမှ အရှက်ကွဲရတဲ့အဖြစ်မျိုးကြုံရင် ဘယ်သူမှမကယ်နိုင်ပါဘူး။

(6) အချိန်အရမ်းနီးမှ ဆံပင်ပုံသွင်းတာမျိုးကိုရှောင်

ဒါကတော့ရှင်းပါတယ်။ အချိန်နီးမှ ဆံပင်ပုံသွင်းဖြန်းဆေးတွေ၊ Gel တွေ၊ ခေါင်းလိမ်းဆီတွေနဲ့ ဆံပင်ကိုပုံသွင်းဖီးလိမ်းသွားရင် စစချင်းမှာ ပုံကျနေသလိုဖြစ်နေပေမဲ့ တကယ်တမ်းပါတီကိုရောက်တဲ့အချိန်မှာ ပုံပျက်သွားနိုင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ဆံပင်ပုံစံကို ကြိုပြီးပုံသွင်းထားနိုင်ဖို့ ကြိုးစားပါ။

Credit : Duwun

Myanmar Textile and Garment Directory

Read 1101 times
Rate this item
(1 Vote)
Tagged under