What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိုက်ဆံအများကြီးကုန်စရာမလိုဘဲ စတိုင်ကျစေဖို့ ဘာတွေသိထားသင့်သလဲ?

ပိုက်ဆံအများကြီးကုန်စရာမလိုဘဲ စတိုင်ကျစေဖို့ ဘာတွေသိထားသင့်သလဲ? google

        စတိုင်ကျသူလေးတစ်ယောက်ဖြစ်ဖို့ ဒါလေးတွေသိထားသင့်ပါတယ်နော်။

        အကောင်းစား အဝတ်အစားတွေဝတ်မှ၊ Branded ဖိနပ်တွေစီးမှ၊ ဈေးကြီးတဲ့အိတ်တွေ ကိုင်မှ စတိုင်ကျလှပတာ မဟုတ်ပါဘူး။ စတိုင်ကျတဲ့ မိန်းကလေးဖြစ်ဖို့ဆိုတာ ဖက်ရှင်ကျကျဝတ်စားတတ်တဲ့ ဖက်ရှင်အမြင်ပဲလိုပါတယ်။ နောက်တခုကတော့ confidence ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါပဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ မိန်းကလေးဆိုတာ ဘယ်ချိန်ကြည့်ကြည့် မိတ်ကပ်မပါတာတောင် လှနေမှာအမှန်ပါပဲရှင်။

        စတိုင်ကျလှပသူတယောက်ဖြစ်ဖို့ ဈေးကြီးပေးပြီး Branded တွေ ဝယ်သုံးစရာ မလိုပါဘူးနော်။ ဒီအချက်ကလေးတွေ သိထားရင် ပျိုမေလေးတွေ စတိုင်ကျပြီး ယုံကြည်မှု အပြည့်ရှိတဲ့ သူတစ်ယောက် ဖြစ်ပြီပေါ့။

(၁) ကိုယ်နဲ့ လိုက်ဖက်တဲ့အဝတ်အစားကို ဝတ်ပါ။
        စတိုင်ကျတဲ့ဖက်ရှင်ဖြစ်ဖို့ အရင်ဆုံးလိုအပ်တာကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ဖြစ်ရပါမယ်။ ပြောချင်တာက… ပေါ်သမျှ ခေတ်စားသမျှ Trend ဖြစ်တိုင်း မဝတ်သင့်ပါဘူး။ လတ်တလောခေတ်စားနေတဲ့ဖက်ရှင်က သူများနဲ့ ကြည့်ကောင်းချင်ကောင်းနေမှာဖြစ်ပေမယ့် ကိုယ်နဲ့ကျတော့ လိုက်ဖက်ချင်မှ လိုက်ဖက်တာမို့ပါ။

(၂) သက်တောင့်သက်သာ ဖြစ်နေပါစေ။
        ကိုယ်နဲ့သက်တောင့်သက်သာဖြစ်တဲ့ဖက်ရှင်ကို ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ပွဲတက်တာပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့လျှောက်လည်တာ မုန့်စားတာတွေပဲဖြစ်ဖြစ်လုပ်တဲ့အခါ အဝတ်အစားကြောင့်စိတ်အနှောင့်ယှက်ဖြစ်ရတာမျိုး၊ စိတ်ကကိုယ့်အဝတ်အစားပေါ်ပဲ ရောက်နေရတာမျိုးဖြစ်နေရရင် ဘယ်လိုလုပ်စတိုင်ကျနိုင်တော့မလဲနော်။

(၃) ကိုယ်ဝတ်ထားတဲ့အဝတ်အစားအပေါ် စိတ်ကျေနပ်မှု ရှိနေပါစေ။
        တခါတလေကိုယ်အရမ်းကြိုက်တဲ့ဖက်ရှင်ဆိုပြီး ဝတ်လိုက်ပေမယ့်  တနေကုန်စိတ်က မကြည်မလင်နဲ့ အလိုမကျဖြစ်ရတာမျိုး၊ ကြိုက်လို့ဝတ်ပေမယ့် ဒီဖက်ရှင်က ကိုယ့်ကို စိတ်သက်သာမှုမရှိစေဘူး။ ပြောရမယ်ဆိုရင် စိတ်ကျေနပ်မှုမဖြစ်တဲ့ အဝတ်အစားတွေပေါ့။ အဲ့လိုမျိုး ကိုယ့်အဝတ်အစားကြောင့် ကိုယ်ရဲ့ စိတ်က နေလို့အဆင်မပြေဘူးဆိုရင်တော့ စတိုင်ကျကျ လန်းနေနိုင်တော့မှာ မဟုတ်ဘူးလေနော်။

        တကယ်တမ်းက စတိုင်ကျဖို့ဆိုတာ ပိုက်ဆံတွေများကြီး အကုန်ခံ shoppingတွေထွက်ပြီး ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ဝတ်စရာမလိုပါဘူးနော်။ ဒီအချက်ကလေးတွေ ကို သိထားပြီဆိုရင် ကိုယ့်မှာရှိတာလေးတွေနဲ့ စတိုင်ကျကျနဲ့ လှပအောင် ဘယ်လိုဝတ်ကြည့်မလဲဆိုတာ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ ပျိုမေလေးတို့ စတိုင်ကျကျနဲ့ အမြဲလှပနိုင်ကြပါစေနော်။

Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1377 times
Rate this item
(1 Vote)
Tagged under