What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီလိုတွေ ဝတ်ရင် ရုပ်ဆိုးစေတယ်နော်

ဒီလိုတွေ ဝတ်ရင် ရုပ်ဆိုးစေတယ်နော် google

        ဖက်ရှင် နဲ့ပတ်သက်ရင် ပြောခဲ့ဖူးသလိုပဲ ဘောင်မရှိပါဘူး။ မိမိစိတ်ကူးအတိုင်း လွတ်လပ်စွာ ကွဲထွက်ဝတ်ဆင်ခွင့်ရှိပါတယ်။

ဒါပေမယ့် ဒီလိုအတွဲအစပ်တွေကြား အလန်းဆုံးဖက်ရှင်ဆိုတဲ့ ဦးတည်ချက်မရောက်ပဲ ဂွမ်းမသွားဖို့ အနည်းငယ်သတိထားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ။

(1) Excessive Glitter

        တဖိတ်ဖိတ်တလက်လက်နဲ့အတုဒီဇိုင်းတွေဟာ သိပ်အပေါစားဆန်တာကြောင့် ပုံမှန်ထက်ပိုပြီးလွန်ကျူးးစွာ ရွေးချယ်အသုံးပြု၊ဝယ်ယူခြင်းကို ရှောင်သင့်ပါတယ်။

(2) knockoff brand

        ကိုယ့်စိတ်ကြိုက်ဝယ်သုံးချင်လို့ replicaဆိုတဲ့ အစားထိုးbrandတွေကို ဝယ်သုံးတယ်ဆိုပေမယ့် အစစ်မသုံးနိုင်ခင် သိသာလွန်းနေတဲ့brandအတုတွေဝယ်သုံးမယ့်အစား brandမဟုတ်တဲ့ ခပ်ကောင်းကောင်းအမျိုးအစားပဲ ဝယ်သုံးလိုက်ပါ။

(3) Clashing Prints

        ဒီလိုပုံရိုက်သားတွေဝတ်ဆင်တဲ့အခါမျိုးမှာလည်း ဝတ်ထားတဲ့အောက်ကဘောင်းဘီဒီဇိုင်းနဲ့အစင်းကြားအကျီင်္က ဘလိုမှအဆက်အစပ်မရှိမအပ်စပ်နေတာကြောင့် ဂွမ်းနေတဲ့ဘက်ကိုပဲ ဦးတည်သွားပါတယ်။ဒါကြောင့် သေချာစွာ တွဲစပ်ဝတ်ဆင်ပါ။

(4) wearing fine jewelry

        တန်ဖိုးကြီးတဲ့ရတနာထည်တွေကို အပြုံလိုက်ဝတ်ဆင်ထားခြင်းကလည်း ဖက်ရှင်ကိုဂွမ်းစေပါတယ်။ပေါ့ပေါ့ပါးပါးရိုးရိုးရှင်းရှင်း တစ်မျိုးတည်း၊တစ်ခုတည်းနဲ့တင် သင့်သွင်ပြင်ကို ခန့်ထည်စတိုင်ကျစေသော ရတနာထည်များကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

(5) Uncomfortable Shoes

        ဒေါက်မြင့်ဖိနပ်တွေဟာ သင့်ခြေလှမ်းတွေကိုပိုဝံ့ကြွားစေ၊ပိုမိန်းမဆန်စေတယ်ဆိုပေမယ့် နေရာဒေသတိုင်းနဲ့တော့ ကိုက်ညီမှုမရှိပါဘူး။ သင်ဝတ်ဆင်ထားတဲ့ဖိနပ်ဟာ သင့်ယုံကြည်ချက်ပဲဖြစ်တာကြောင့် နေရာဒေသပေါ်မူတည်ပြီး လိုက်ဖက်အောင်၊သက်တောင့်သက်သာရှိအောင် ရွေးချယ်ဝတ်ဆင်ဖို့တော့လိုပါလိမ့်မယ်။

(6) Ignoring ur size

sizeအရွယ်အစားအမျိုးမျိုးရှိပြီး သင်ဝတ်နေကျsizeတစ်ခုက တံဆိပ်တိုင်း ထိုsizeအတိုင်းကိုက်နေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ဒါပေမယ့် ကိုယ်နဲ့လျော်ညီကိုက်ညီတဲ့ အဝတ်အစားမျိုးကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။အဆန်းထွင်လွန်းအားကြီးပြီး ရှိရင်းစွဲမိမိခန္ဓာကိုယ်အလှအပပါ ဂွမ်းသွားတာမျိုးတော့ အဖြစ်မခံပါနဲ့။

Credit: Cantwait2say


Myanmar Textile and Garment Directory

Read 3548 times
Rate this item
(3 votes)
Tagged under