What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစား အသုံးအဆောင်တွေကို အလွယ်တကူ ထုတ်ပိုး နိုင်မယ့် နည်းလမ်းကောင်းများ

အဝတ်အစား အသုံးအဆောင်တွေကို အလွယ်တကူ ထုတ်ပိုး နိုင်မယ့် နည်းလမ်းကောင်းများ Google

        ခရီးသွားရာသီဖြစ်လို့ ခရီးဆောင်အိတ်ထဲမှာ အဝတ်အစား အသုံးအဆောင်တွေကို အလွယ်တကူ ထုတ်ပိုး နိုင်မယ့် နည်းလမ်းကောင်းလေးတွေ အကြံပြုပါရစေ။

        ခရီးထွက်ဖို့ ပြင်ဆင်တဲ့အခါ အဝတ်အစားအသုံးအဆောင်တွေကို ဘယ်လို စနစ်တကျ ထုတ်ပိုးရမလဲဆိုတာဟာ တကယ့်ကို ခေါင်းရှုပ်စရာတစ်ခုပါပဲ။

        အရေးကြီးဆုံးကတော့ ခရီးဆောင်လက်ဆွဲသေတ္တာထဲမှာ အရာအားလုံးကွက်တိဖြစ်နေဖို့ လိုအပ်ပါတယ်။ ခရီးသွားတဲ့အခါ ဒီလိုပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ နည်းလမ်းကောင်းတွေရှိပါတယ်။ အဲ့ဒါတွေက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်။

(၁) အဝတ်အစားများ

         ဘရာကို အတွင်းဘက်သို့ လှည့်လိုက်ပြီး ခွက်အတွင်းထဲမှာ ခြေအိတ်ကို ထည့်ထားနိုင်ပါတယ်။ ဒီလို ထိန်းသိမ်းခြင်းအားဖြင့် ပုံပန်းသဏ္ဍန်ကိုလည်း မပျက်စေနိုင်ဘူး။

        ခါးပတ်ကိုခေါက်ပြီး အင်္ကျီကော်လံအတွင်းမှာ ထားပါ။ ဒါဟာ ကော်လံခေါက်ရိုးလည်း တွန့်ကြေသွားခြင်းမဖြစ်တော့ပါဘူး။

        တစ်ရှုးလိပ်တွေသုံးပြီးသွားတဲ့အခါ ကျန်ရှိခဲ့တဲ့ ပိုက်လုံးပုံစံ ကတ်ထူစက္ကူပေါ်မှာ လည်စည်းကို အလိပ်လိုက် ပတ်လိုက်ခြင်းအားဖြင့် တွန့်ကြေသွားခြင်းမရှိပါဘူး။ ပလတ်စတစ်အိတ်ထဲမှာလည်း ထည့်ထားနိုင်ပါတယ်။

        ပလက်စတစ်အိတ်ထဲမှာ အဝတ်အစားတွေကို ထုပ်ပိုးခြင်းက ကြည့်ကောင်းပါတယ်။ ဘာကို ဝတ်ဆင်ရမလဲဆိုတာ မသိတဲ့အခါမှာ အချိန်ကုန်သက်သာပါလိမ့်မယ်။

(၂) Jewellery

        လက်ဝတ်ရတနာတွေကို ပလတ်စတစ်အိတ်ထဲမှာ ထည့်ပြီး ထုတ်ပိုးပေးပါ။ စိုစွတ်တာတွေ၊ ရှုပ်ထွေးငြိတာတွေလည်း မဖြစ်တော့ဘူးပေါ့။


        လက်ဝတ်ရတနာအသေးလေးတွေကို ဆေးလုံးထည့်တဲ့ဘူး ထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ လက်စွပ်နှင့် နားကပ်တို့အတွက် အကောင်းဆုံး ထုတ်ပိုးနိုင်မယ့် နေရာဖြစ်တယ်။


        လည်ဆွဲ ပျက်စီးတာ (သို့) ပျောက်ဆုံးတာ မဖြစ်ရအောင် ပိုက်ချောင်းထဲထည့်ပြီး သယ်ဆောင်သွားနိုင်တယ်။

(၃) ကိရိယာ တန်ဆာပလာများ

        မျက်မှန်ဘူးထဲမှာ phone charger နှင့် နားကြပ်တို့ကို အလွယ်တကူ သိမ်းဆည်းနိုင်ပါတယ်။ ကျိုးကြေပြီး ပုံပျက်တာတွေ မဖြစ်နိုင်တော့ဘူး။


        အကယ်၍ tablet ထည့်တဲ့ အိတ်မရှိဘူး ဆိုရင်တော့ ဆွယ်တာထဲမှာ ထည့်၍ ခေါက်ပြီး သယ်ဆောင်သွားပါ။ ကွဲကြေမှုတွေလည်း မဖြစ်ဘဲ ကာကွယ်ပေးမှာပါ။


        ဆပ်ပြာ ထည့်တဲ့ ဘူးလေးကလည်း တကယ့်ကို အသုံးဝင်လှပါတယ်။ ကင်မရာ (သို့) ဖုန်းတို့ကို ဒီထဲထည့်ပြီး ယူဆောင်သွားလို့ရတယ်နော်။ လုံခြုံပြီး ပြီးပြည့်စုံတဲ့ နေရာလေးပါပဲ။


        နားကြပ်တွေ ရှုပ်ထွေးရစ်ပတ်ပြီး ယူရခက်နေလျှင် ကြိုးစကို အဝတ်ချိတ်နဲ့ ညပ်ပြီး ထည့်သွားနိုင်တယ်နော်။ ဒါဟာ အမြဲဖြစ်နေကျပြဿနာ ဖြစ်တာကြောင့် ဒီနည်းလေးက အဆင်ပြေမယ်လို့ ထင်ပါတယ်။

(၄) Makeup

        ပေါင်ဒါမှုန့်ကို cotton pad နဲ့ ဖုံးအုပ်ပြီး ယူဆောင်သွားပါ။ အက်ကွဲတဲ့ ဒဏ်တွေကနေ ကာကွယ်ပေးပါလိမ့်မယ်။

        လိုးရှင်းအနည်းငယ်ကို မျက်ကပ်မှန်ထည့်တဲ့ ဘူးထဲသို့ ထည့်ပြီး ယူဆောင်သွားပါ။ ခရီးတိုသွားတဲ့အခါ လုံလောက်မှုရှိစေမှာပါ။

        tupe ပုံစံ cream များကို သယ်ဆောင်သွားတဲ့အခါ အဖုံးနားမှာ ပလတ်စတစ်ပတ်ပေးပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် cream တွေစီးကျတာလည်း မဖြစ်တော့ဘူးပေါ့။

        မုတ်ဆိတ်ရိတ်ဓားက ချွန်ထက်တာကြောင့် စာရွက် ၊ ဖိုင်တွေမှာ ညပ်တဲ့ ကလစ်နဲ့ ညပ်ပြီး ထည့်သွားပေးပါ။ တခြားအရာတွေကို မငြိနိုင်တော့လို့ လုံခြုံစွာ သယ်သွားနိုင်မှာ ဖြစ်ပါတယ်။

        brush များကို မျက်မှန် ထည့်တဲ့ ဘူးထဲမှာ ထည့်ပြီး သယ်ဆောင်သွားနိုင်တယ်နော်။ စွန်းထင်းတာတွေ ၊ ပျောက်ရှတာတွေလည်း မဖြစ်တော့ဘူးပေါ့။
        
        ခုပြောပြပေးလိုက်တဲ့ နည်းလမ်းတွေက ခရီးသွားရာမှာ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။
တဆင့်ပြန်လည်မျှဝေပါသည်။

Author:TDA

Read 1057 times
Rate this item
(0 votes)
Tagged under