What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲ နုပျိုလှပ နေအောင် လိုက်နာ သင့်တဲ့ အချက် ၆ ချက်

အမြဲ နုပျိုလှပ နေအောင် လိုက်နာ သင့်တဲ့ အချက် ၆ ချက် Google

          အမျိုးသမီးတိုင်းဟာ အသက်အရွယ် ပြောင်းလာပေမယ့်လည်း ကိုယ့်ကိုယ်ကို အမြဲတမ်း အသက် 18 နှစ်လို့ ခံစားရပေမယ့် သူမရဲ့ လူမှုရေး နှင့် ဘဝရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ အလုပ်တာဝန်တွေ ၊ အိမ်မှုတာဝန်တွေ ထမ်းဆောင်ရတာကြောင့် ၂ခုလုံး ပြောင်းလဲလာရတာတွေ ရှိပါတယ်။ တကယ်လို့ ဆယ်ကျော်သက် အဝတ်အစားတွေကို ဆင်မြန်းမယ်ဆိုရင် မသင့်လျော်ဘဲ ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါကြောင့် သင့်ကို ငယ်ရွယ်တဲ့ ပုံပေါက်စေပြီး ပေါ်လွင်စေဖို့ စတိုင်ကျစေမယ့် အဝတ်အစားတွေပေါ်မှာ ရင်းနှီးမြှုပ်နှံရန် အရေးကြီးပါတယ်။ စူပါမော်ဒယ်လေးတစ်ယောက်လို တူစေဖို့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။

(၁) အခြေခံတီရှပ်
           အနက် ၊ အဖြူ ၊ မီးခိုး ၊ အရောင်လင်းတဲ့ တီရှပ်တွေကိုမှ sticker စာတန်းတွေမပါတဲ့ တီရှပ်မျိုးကို ဝတ်ဆင်နိုင်ပါတယ်။ ပြီးတော့ လည်ပင်းပေါက် ပတ်ပတ်လည်မှာ သေးငယ်တဲ့ accessory တွေကို ဆင်မြန်းလို့ ရသေးတယ်။ သင့်ပုံပန်းကို ပေါ်လွင်စေဖို့ ဂျင်းဘောင်းဘီ (သို့) စကပ်ကို အတွင်းထဲသို့ ထည့်ပြီးဝတ်ဆင်ပါ။

(၂) Oversized အနက်ရောင်ဆွယ်တာ
           ဆိုဒ်ကြီးတဲ့ ဆွယ်တာတွေကို ရွေးချယ်တဲ့အခါမှာ အနက်ရောင်ဟာ အထူးခြားဆုံးနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဒီလို ဆွယိတာတွေကို စကပ်ကျပ်ကျပ်တွေနဲ့ ပေါင်းစပ်ပြီး သင့်ဖက်ရှင်ကို ပုံဖော်ဖန်တီးလိုက်ပါ။

(၃) အရည်အသွေးကောင်းမွန်တဲ့ ဂျင်းများ
           ဂျင်းဘောင်းဘီဟာ အလွန်ရေပန်းစားတဲ့အရာဖြစ်ပြီး မိန်းကလေးတွေရဲ့ဗီရိုထဲမှာ မရှိမဖြစ်နေရာယူထားလျက်ရှိပါတယ်။ ဂျင်းဘောင်းဘီကို ရွေးချယ်တဲ့အခါ trend တွေနောက်ကို မလိုက်ပဲ ကိုယ်ရဲ့ခန္ဓာကိုယ်အရွယ်အစားနဲ့ လိုက်ဖက်မယ့် ဂျင်းဘောင်းဘီမျိုးကို ရွေးချယ်ဖို့ အရေးကြီးတယ်။ ခါးမြင့်ဘောင်းဘီတွေက သင့်ခါးကိုပေါ်လွင်လှပစေပြီး ဆွဲဆောင်မှုရှိစေတာကြောင့် တစ်ကမ္ဘာလုံးလိုလို ရွေးချယ်ကြပါတယ်။ ခြေတံလှလှလေးတွေ ပိုင်ဆိုင်ထားတဲ့သူတွေအနေနဲ့ ဂျင်းဆွဲသားတွေက အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုပါပဲ။

(၄) ဂျာကင်
          ကြော့ရှင်းလှပပြီး ပြည့်စုံစေဖို့ အပေါ်ကုတ်အကျီလည်း အဓိကလိုအပ်ပါတယ်။ ဂျာကင်ကို ကြယ်သီးဖွင့်ပြီးဘဲဝတ်ဝတ် ၊ လက်ဒီဇိုင်းနှင့် ကော်လံဒီဇိုင်းအမျိုးမျိုးတွေ ရွေးချယ်ဖို့အများကြီးရှိပါတယ်။ ရိုးရှင်းပြီး အရောင်ရင့်တဲ့ အရောင်မျိုးကို ရွေးချယ်ဖို့ အကြံပေးချင်တယ်။ အပြာရင့်ရောင် ကုတ်ကို အဖြူရောင်တီရှပ်နဲ့တွဲဖက်ပြီး လှပတဲ့ဘယ်လို ဂျင်းဘောင်းဘီအရောင်နဲ့မဆို တွဲဖက်လိုက်ရင် ပိုပြီး ပြည့်စုံသွားပါပြီ။

(၅) Accessories
          ပေါ့ပါးပြီး လေးလံမှုမရှိတဲ့ jewelry တွေက သင့်ကို ပေါ်လွင်လှပစေပြီး သင့်ပုံရိပ်ကို ဖျက်ဆီးလို့မရပါဘူး။ မှန်ကန်တဲ့ accessory တွေကို ရွေးချယ်မယ်ဆိုရင် ငယ်ရွယ်နုပျိုစေတယ်လို့ ထင်ရပြီး သင့်ရဲ့စတိုင်ကို သရုပ်ပြနိုင်ပါလိမ့်မယ်။

(၆) ဒေါက်မြင့်ဖိနပ်
           အမျိုးသမီးတိုင်း လှပတဲ့ ဒေါက်မြင့်ဖိနပ်တွေကို ဘယ်လိုရာသီမျိုးမဆို ဝတ်ဆင်ဖို့ ထိုက်တန်ပါတယ်။ တစ်ခြားဖိနပ်ပုံစံတွေနဲ့ မတူပဲ ခြေချောင်းလေးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။ အရည်အသွေးကောင်းမွန်ပြီး အရောင်ရင့်တာတွေကို ရွေးချယ်သင့်ပါတယ်။ ပွဲတတ်ဝတ်စုံတွေနဲ့လည်း လိုက်ဖက်ပြည့်စုံပြီး ဂျင်းတွေနဲ့လည်း ကြော့ရှင်းလှပစေပါတယ်။

Author:TDA

Read 1320 times
Rate this item
(1 Vote)
Tagged under