What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားတွေအတွက် ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး ယုံကြည်မှုကို တိုးမြင့်စေနိုင်မည့် နည်းလမ်း (၉)မျိုး

အမျိုးသားတွေအတွက် ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး ယုံကြည်မှုကို တိုးမြင့်စေနိုင်မည့် နည်းလမ်း (၉)မျိုး Google

          အမျိုးသားတွေအတွက် ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး ယုံကြည်မှုကို တိုးမြင့်စေနိုင်မည့် နည်းလမ်းတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁။ ဆံပင်ပုံကောင်းကောင်းညှပ်ပါ။
          သင့်ရဲ့ ဆံပင်ပုံစံက အ၀တ်အစားထက် ပိုပြီးသက်ရောက်မှုရှိပါတယ်။ ဆံပင်ဟာ သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဆံပင်ပုံစံက သင့်ရဲ့မျက်နှာသွင်ပြင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဆံပင်ပုံစံမကျခြင်း၊ မသပ်ရပ်ခြင်းဟာ မိမိကိုယ်ကို တန်ဖိုးထားမှု ကျဆင်းစေပြီး၊ လူမှူရေးအရ စိတ်မလုံခြုံမှုကို ဖြစ်စေပါတယ်။

၂။ ခြေအိတ်ကောင်းကောင်းဝတ်ပါ။
          လျော့တိလျော့ရဲဖြစ်နေတဲ့ ခြေအိတ်ချောင်ချောင်တွေ လုံးဝမ၀တ်သင့်ပါဘူး။ ဒီလို ခြေအိတ်တွေကို ၀တ်တာဟာ အကောင်းဆုံးစွမ်းဆောင်ရည်မရှိခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ခြေထောက်အနေအထားနဲ့ အဆင်ပြေကိုက်ညီတဲ့ ခြေအိတ်တွေကိုပဲ ၀တ်ဆင်ပါ။

၃။ အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပါ။
          ရှပ်အင်္ကျီကို ဘောင်းဘီအပြင်ထုတ်ဝတ်တာဟာ ပရော်ဖက်ရှင်နယ်မပီသတဲ့ လက္ခဏာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးပုံစံဝတ်သွားရမယ့်နေရာမဟုတ်ရင် အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ပါ။

၎။ ဖိနပ်ကို ပြောင်အောင်တိုက်ပါ။
          သင့်ရဲ့ ဖိနပ်ကို ပြောင်အောင်တိုက်ထားတာကလည်း ရုပ်ရည်သွင်ပြင်နဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိစေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဘယ်သူမဆို သင်တစ်ကိုယ်လုံးကို ကြည့်ကြပေမယ့် ခြေထောက်ကို ကြည့်ပြီး စိတ်ပျက်မသွားရအောင် ရှုးဖိနပ်ပဲစီးစီး ဘာဖိနပ်ပဲစီးစီး သန့်ရှင်းတောက်ပြောင်နေအောင် ဂရုစိုက်ပါ။ ညှပ်ဖိနပ်တွေစီးရင်လည်း ခြေထောက်နဲ့ ခြေသည်းတွေကို သန့်ရှင်းအောင် ဂရုစိုက်ပြုပြင်ပါ။

၅။ အမွှေးအမျှင်တွေကို သေချာရိတ်ပါ။
          မျက်နှာပေါ်က အမွှေးအမျှင်တွေကို သေချာပြောင်စင်အောင် ရိတ်တတ်ဖို့လည်း လိုပါတယ်။ ဒါမှမဟုတ် အမွှေးအမျှင်တွေကို သပ်သပ်ရပ်ရပ် ထားပါ။ အမွှေးအမျှင်တွေနဲ့ ပတ်သက်ပြီး သပ်သပ်ရပ်ရပ်ထားတာ၊ ပြောင်စင်အောင် ရိတ်သိမ်းထားတာဟာ စတိုင်ကျပြီး ယောင်္ကျားပီသမှုကို ဖော်ဆောင်ပေးနိုင်ပါတယ်။

၆။ ကိုယ်သင်းရနံ့ကောင်းပါစေ။
          ခန္ဓာကိုယ်ရဲ့ ရနံ့ကောင်းခြင်းက လူအများကြားမှာ ယုံကြည်မှုရှိရှိ သွားလာရဲစေပါတယ်။ အနည်းဆုံး ချွေးနံ့ပျောက်ဆေးလောက်တော့ သုံးစွဲသင့်ပါတယ်။ အကောင်းစားချွေးနံ့ပျောက်ဆေးနဲ့ ရေမွှေးတွေဟာ သင့်ကို ယုံကြည်မှုရှိရှိနဲ့ ဆွဲဆောင်မှုပိုစေပါတယ်။

၇။ လက်သည်းခြေသည်းတွေ သပ်ရပ်စွာ ထားပါ။
          သင့်ရဲ့ လက်နဲ့ လက်သည်းတွေက အရေးကြီးပါတယ်။ လက်သည်းတွေ ညစ်ပတ်ပြီး သေချာညှပ်မထားဘူးဆိုရင် ဘယ်လိုမှ ကြည့်ကောင်းမှာမဟုတ်ပါဘူး။ အများအမြင်မှာလည်း ရွံ့စရာကောင်းပြီး စိတ်ပျက်စရာဖြစ်နေပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း ကိုယ့်လက်ကိုယ်ကြည့်ပြီး စိတ်ညစ်နေတာနဲ့ ယုံကြည်မှုရှိနိုင်မှာ မဟုတ်ပါဘူး။

၈။ နာရီကောင်းကောင်းဝတ်ပါ။
          ယောင်္ကျားလေးတွေအတွက် လက်ပတ်နာရီဟာ အချိန်သိရဖို့ထက် ပိုတဲ့ Accessories တစ်ခုဖြစ်ပါတယ်။ လက်ပတ်နာရီပတ်ထားခြင်းဟာ အချိန်ကို လေးစားသူ၊ အမြဲတမ်းသတိရှိသူတစ်ယောက်အဖြစ် အများက မြင်စေနိုင်ပါတယ်။ ပြောင်နေအောင်တိုက်ထားတဲ့ ဖိနပ်တွေလိုပဲ သင့်ရဲ့ အဆင့်အတန်းကို လက်ပတ်နာရီက ပြောပြပေးနိုင်ပါတယ်။ သင့်ကို ခွန်အားရှိပြီး ယောင်္ကျားဆန်စေမယ့် လက်ပတ်နာရီမျိုးကို ရွေးချယ်ပါ။ ကလေးကလားဆန်တဲ့ ကြောင်တောင်တောင် ဒီဇိုင်းတွေ မ၀တ်ပါနဲ့။

၉။ ကိုယ်ဟန်အနေအထား ကောင်းပါစေ။
          သင့်ခန္ဓာကိုယ်အနေအထားနဲ့ လှုပ်ရှားမှုဟန်ပန်တွေကလည်း အရေးကြီးပါတယ်။ တဖက်သူတွေက သင့်ရဲ့ကိုယ်ဟန်အနေအထားကို ကြည့်ပြီး သင်ဘယ်လို လူမျိုးလဲဆိုတာ ခန့်မှန်းလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့အတွက် ကိုယ်ဟန်အနေအထားမှန်ဖို့ လိုပါတယ်။ မတ်တပ်ရပ်တဲ့အခါ မတ်မတ်ရပ်တာ၊ ထိုင်တဲ့အခါ ခါးကုန်းမနေအောင် ဂရုစိုက်တာ၊ စကားပြောနေချိန် လက်အနေအထားတွေ မှန်ကန်တာ စသဖြင့် ကိုယ်ဟန်အနေအထားကောင်းနေဖို့ ဂရုစိုက်နေထိုင်သင့်ပါတယ်။

Source: Gentleman Magazine

Read 1402 times
Rate this item
(1 Vote)
Tagged under