What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငွေကြေးအများအပြား ပေးဝယ်ရတဲ့ တန်ဖိုးကြီးအသုံးအ ဆောင်တွေမပါဘဲ ဖက်ရှင်ကျကျနေနိုင်တဲ့လျှို့ဝှက်ချက်လေးတွေ

ငွေကြေးအများအပြား ပေးဝယ်ရတဲ့ တန်ဖိုးကြီးအသုံးအ ဆောင်တွေမပါဘဲ ဖက်ရှင်ကျကျနေနိုင်တဲ့လျှို့ဝှက်ချက်လေးတွေ Google

     မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ်ဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိနေစေဖို့တန်ဖိုးကြီးအ၀တ်အစားတွေမလိုပါဘူး။ အမြဲတမ်းဖက်ရှင်ကျကျ ဆွဲဆောင်မှုရှိနေဖို့  ငွေကြေးမတတ်နိုင်ဘူးလို့ပြောတဲ့သူတွေဟာဖက်ရှင်နဲ့ ပတ်သက်ပြီးမှားယွင်းတဲ့ အတွေးအခေါ်တွေရှိနေတယ်လို့ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့အဲဒီလို ငွေကြေးအများအပြား ရင်းနှီးမြှုပ်နှံပြီးတန်ဖိုးကြီးအသုံးအ ဆောင်တွေမပါဘဲ ဖက်ရှင်ကျကျနေနိုင်တဲ့လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။ အဲဒီလျှို့ဝှက်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။


 (၁)သွားကိုစင်ကြယ်စွာတိုက်ပါ
        ခံတွင်းနံ့ကောင်းမွန်ခြင်းကလည်း လူတစ်ယောက်ကို အမြဲတမ်းဖက်ရှင်ကျနေစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း  လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ကိုယ့်ရဲ့စကားလုံးတိုင်းက သင်းပျံ့တဲ့လေလှိုင်းကနေ တခြားသူဆီကို ရောက်သွားသလိုကိုယ့်ကိုယ်အမြဲယုံကြည်မှုရှိနေစေပါတယ်။ဒါကြောင့်အမြဲတမ်းဖက်ရှင်ကျချင်တယ်ဆိုရင်သွားကိုစင်ကြယ်အောင်တိုက်တဲ့အပြင် ကိုယ့်အိတ်ထဲမှာသွားပွတ်ကြိုးတို့၊ ခံတွင်းသန့်စင်ရည်တို့ ဆောင်ထားဖို့မမေ့နဲ့နော်။

teeth

 

(၂)ဆံကေသာကိုဂရုစိုက်ပါ
        အမြဲတမ်းဆံပင်ရှုပ်ရှုပ်ပွပွနဲ့လူတစ်ယောက်ဟာမြင်ရသူအဖို့စိတ်ညစ်ညူးသွားစေပါတယ်။ခေါင်းချွေးနံ့ထွက်တာ၊စေးကပ်ကပ်ဆံပင်ပုံစံကြောင့် သင့်ရဲ့တခြားသောအလှတရားတွေကိုတောင် ဖုံးလွှမ်းသွားနိုင်ပါတယ်။ဒါ့အပြင် ခေါင်းယားလို့လူကြား ထဲခဏခဏကုတ်တတ်တာကလည်း  မွေးမထားသင့်တဲ့အကျင့်ပါ။ဒါကြောင့်အဲဒီလိုမဖြစ်အောင်သုံးရက်တစ်ခါ ခေါင်းကိုပုံမှန်လျှော်ပါ။အနည်းဆုံး သုံးလတစ်ခါလောက်တော့ ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်ကိုပြုပြင်မွမ်းမံပါ။ဒီလိုလုပ်ခြင်းအားဖြင့်လူကိုဖက်ရှင်ကျစေရုံသာမက စိတ်ဖိစီးမှုကိုလည်းလျော့နည်းစေပါတယ်။

comb

 

(၃)ကိုယ်အလေးချိန်ထိန်းသိမ်းပါ
        လူတစ်ယောက်အတွက် ကျန်းမာတဲ့ခနာကိုယ်ရှိနေခြင်းကလည်း အဲဒီလူကိုဆွဲဆောင်မှုရှိစေပါတယ်။အသား၊ငါး၊အသီး အရွက်နဲ့ သဘာဝအဆီတို့ကို မျှမျှတတစားသုံးပါ။သင်က အမျိုးသမီးတစ်ယောက် ဖြစ်တယ်ဆိုရင်လည်း ကိုယ်အလေးချိန် တက်မှာကိုစိတ်ပူပြီး အစာလျှော့စားတာမျိုးမလုပ်သင့်ပါဘူး။ လိုအပ်တဲ့အာဟာရဓာတ်တွေလုံလောက်မျှတစွာ ရရှိမှ ကျန်းမာတဲ့ခန္တာကိုယ်ကို ပိုင်ဆိုင်ခွင့်ရမှာပါ။ သွေးလည်ပတ်မှုကောင်းမွန်တဲ့အတွက် အသားအရေလည်းစိုပြည် ၀င်းလက်လာပါလိမ့်မယ်။အသားအရေကောင်းတဲ့သူတစ်ယောက်အတွက် ဖက်ရှင်ကျကျလှနေဖို့ တန်ဖိုးကြီးအ၀တ် အစားတွေမလိုဘူးဆိုတာ ပြောစရာလိုမယ်မထင်တော့ပါဘူး။

eat

 

(၄)သင့်တင့်တဲ့ခြယ်သမှုပြုလုပ်ပါ
        တချို့မိတ်ကပ်မကြိုက်တဲ့မိန်းကလေးတွေရှိပါတယ်။ဒါပေမယ့်လုပ်ငန်းခွင်မှာဖြစ်စေ၊လူကြားထဲဖြစ်စေ ပြင်ဆင်ခြယ်သထားသူနဲ့မပြင်မဆင်ရှိတဲ့သူကိုဦးစားပေးပုံခြင်းမတူပါဘူး။အလွန်အကျွံပြင်ဆင်ခြယ်သဖို့မလိုပေမယ့် မိန်းကလေးတိုင်းမှာကိုယ်စီရှိတဲ့အလှတရားတွေကိုမွမ်းမံပေးဖို့တော့လိုပါတယ်။တချို့မျက်လုံးလှတယ်၊တချို့ နှုတ်ခမ်းကချစ်စရာကောင်းတယ်၊အဲဒီလိုပဲ အသားအရေလှတဲ့သူ မျက်ခုံးကောင်းတဲ့သူ စသဖြင့်အလှကိုယ်စီရှိကြပါတယ်။တကယ်တော့ အလှပြင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ ကိုယ့်မှာရှိပြီးသားအလှတရားလေးတွေအတွက် ဂုဏ်ယူခြင်းပဲဖြစ်ပါတယ်။

makeup

 

(၅)လိုက်ဖက်တဲ့အ၀တ်အစားကိုရွေးချယ်ပါ
        မိန်းကလေးတွေသတိထားရမယ့် နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဆွဲဆောင်မှုရှိတယ်၊ဖက်ရှင်ကျတယ်ဆိုတာ sexyဖြစ်နေတာကိုပြောတာမဟုတ်ပါဘူး။ကိုယ်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားဒီဇိုင်းကို ရွေးချယ်ဝတ်ဖို့ကိုဆိုလိုတာပါ။တခါတလေ အ၀တ်အစားနဲ့ လူနဲ့တခြားစီဖြစ်နေတာမျိုး တချို့မိန်းကလေးတွေ ကိုယ်တိုင်ခံစားဖူးမှာပါ။အဲဒီလိုဖြစ်နေရင် ဘယ်လိုမှ ဖက်ရှင်မကျနိုင်သလို ဆွဲဆောင်မှုလည်းရှိမှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ဖက်ရှင်ကိုဆန်းသစ်တီထွင်ချင်တယ်ဆိုရင် ကိုယ့်ခနာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့အ၀တ်အစားမျိုးကိုရွေးချယ် ၀တ်ဖို့ တိုက်တွန်းပါတယ်။

fit

 

Source: Aunty May

Read 1420 times
Rate this item
(0 votes)
Tagged under