What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့ကို ၀၀ပုပုပုံစံမျိုး ဖြစ်သွားစေတဲ့ ဖက်ရှင်ရွေးချယ်မှုအမှားများ

ပျိုမေတို့ကို ၀၀ပုပုပုံစံမျိုး ဖြစ်သွားစေတဲ့ ဖက်ရှင်ရွေးချယ်မှုအမှားများ Google

          ပိန်တဲ့သူတွေက သူတို့ကိုယ်သူတို့ ဘာဝတ်ဝတ်လှတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူးနော်။ ဖက်ရှင်နဲ့ပတ်သက်လို့ ရွေးချယ်မှုမှားသွားရင် ပိန်တဲ့သူကလည်း ၀တယ်လို့ထင်ရပြီး ပုံမကျပန်းမကျဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ ပိန်နေရင်တောင် မရွေးချယ်သင့်တဲ့၊ ပျိုမေတို့ကိုဝတဲ့ပုံပေါက်စေတဲ့ ဖက်ရှင်(၅)မျိုးနဲ့အဲ့ဒီအစားဝတ်သင့်တဲ့ဖက်ရှင်တွေကိုဖော်ပြလိုက်ပါတယ်။

တဆက်တည်းတည့်ပွဂါဝန်

          ပခုံးကနေအောက်အထိတစ်ဆက်တည်းတည့်ပွဂါဝန်ပုံစံက ဗိုက်နေရာမှာဖောင်းနေပြီး မိန်းမ၀၀ကြီးပုံစံမျိုးဖြစ်စေပါတယ်။ ဒါကြောင့် ပိန်နေရင်တောင် ဒီလိုဂါဝန်မျိုးမရွေးသင့်ပါဘူး။ အဲ့ဒီလိုဝတ်စုံတွေအစား ခန္ဓာကိုယ်နဲ့ကွက်တိဖြစ်တဲ့ဝတ်စုံတွေကိုပဲရွေးသင့်ပါတယ်။ အဲ့ဒါကိုမှမဖြစ်မနေ၀တ်ရမယ်ဆိုရင်တော့ ခါးနေရာမှာခါးပတ်လေးပတ်ပြီးဝတ်ပေးလိုက်ပါ။

fas

 

ရှေ့နောက်မညီတဲ့ဂါဝန်အတို

          ရှေ့နောက်မညီတဲ့ဂါဝန်အတိုတွေက ခြေထောက်တွေကို တိုတိုလေးလို့ထင်ရစေပြီး ခန္ဓာကိုယ်လည်းအနည်းငယ်ကြီးနေသယောင်ထင်ရပါတယ်။ ဒါကြောင့် ပွဲတွေဘာတွေအတွက်အဲ့ဒီလိုဝတ်စုံမျိုးကိုလုံးဝမရွေးလိုက်ပါနဲ့။အဲ့ဒီအစား ဂါဝန်အရှည်၊ရှေ့နောက်ညီတဲ့ဂါဝန်အတိုတို့ကိုရွေးဝတ်နိုင်ပါတယ်။

set

 

အရုပ်မဂါဝန်

          အရုပ်မဂါဝန်လေးတွေက ချစ်စရာကောင်းပြီး ၀တ်တဲ့သူကိုနဂိုရှိရင်းစွဲအရွယ်ထက်ပိုနုသွားစေတာတော့အမှန်ပါပဲ။။ ဒါပေမယ့် တင်ပါးတွေအရမ်းကြီးတဲ့ပုံစံဖြစ်စေပြီး ခြေထောက်တွေကိုလည်း တိုတဲ့ပုံစံပေါက်စေပါတယ်။ အဲ့ဒီအစား ကောက်ကြောင်းအလှကိုပေါ်လွင်စေတဲ့ ကိုယ်ကပ်အင်္ကျီလေးတွေကိုဝတ်သင့်ပါတယ်။

dd

 

ကန့်လန့်စင်းဝတ်စုံ

          ကန့်လန့်စင်းဝတ်စုံတွေကတော့ ဘယ်တော့မှမရွေးသင့်တဲ့ဖက်ရှင်ပါ။ ခန္ဓာကိုယ်ကိုဘေးဘက်ကားသွားတဲ့အမြင်မျိုးဖြစ်စေပြီး အရပ်လည်းပုသွားသလိုထင်ရပါတယ်။ အထူးသဖြင့် ကန့်လန့်စင်းဝတ်စုံရှည်တွေကို မရွေးသင့်တာပါ။ အဲ့ဒီအစား ပွင့်ရိုက်ဂါဝန်လေးတွေကိုရွေးပါ။

hd

 

Boyfriend Jeans

          Boyfriend Jeans တွေက ပေါ့ပေါ့ပါးပါးပုံစံမျိုးဝတ်ဖို့အတွက်ကောင်းပေမယ့် ပွဲတက်ဖို့ဆိုရင်တော့ မရွေးသင့်ပါဘူး။ တင်ပါးနဲ့ပေါင်တွေကိုကြီးတဲ့ပုံစံဖြစ်စေပြီး အရပ်ပုသလိုထင်ရစေပါတယ်။ ဒါကြောင့် ပွဲလမ်းသွားဖို့ဆိုရင်တော့ style pant လေးတွေပိုရွေးသင့်ပါတယ်။

bf

 

Source: Aunty May

Read 1455 times
Rate this item
(0 votes)
Tagged under