What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ပတ်သက်ပြီးဒီကားလေးတွေလက်လွတ်မခံဘဲ ကြည့်ထားသင့်တယ်နော်

ဖက်ရှင်နဲ့ပတ်သက်ပြီးဒီကားလေးတွေလက်လွတ်မခံဘဲ ကြည့်ထားသင့်တယ်နော် google

        ဖက်ရှင်ဆိုတာ ပျိုပျို၊ အိုအို ၊ ယောကျာ်း၊ မိန်းမ အရွယ်(၃)ပါးမရွေး စိတ်ဝင်စားတတ်ကြတဲ့ အရာတစ်ခုပါ။ သူများနဲ့ မတူဘဲ ကိုယ်ပိုင်ဟန်တစ်ခုရှိချင်တဲ့ သူတွေ၊ စမတ်ကျကျ ၀တ်စားဆင်ယင်ပြီး လူကြားထဲ ထင်းခနဲ ဖြစ်စေချင်တဲ့ သူတွေက ဖက်ရှင်ကို ပိုလို့တောင် စိတ်ဝင်စားပါတယ်။

        ဖက်ရှင်အကြောင်းကို လေ့လာဖို့၊ သိဖို့ အတွက်ကတော့ တန်ဖိုးကြီး အ၀တ်အထည်တွေဝတ်မှ၊ ဖက်ရှင် ဒီဇိုင်နာဖြစ်မှ မဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် ဖက်ရှင်အမြင် ရှိကြပါတယ်။ ဒါ့အပြင် ဖက်ရှင်ကို စိတ်ဝင်စားသူတွေ အနေနဲ့လည်း ဗဟုသုတအဖြစ် လေ့လာနိုင်ဖို့ ဖက်ရှင်နဲ့ပတ်သတ်ပြီး လက်လွတ်မခံပဲ သေချာပေါက်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

Coco Before Channel

        Channel ဖက်ရှင်ကုမ္ပဏီကို တည်ထောင်သူ ဂန္တ၀င်ဖက်ရှင်ဒီဇိုင်နာ ကိုကိုး ရှန်နယ် (Coco Channel)ရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သာမာန်အနေအထားကနေ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်အောင် ရုန်းကန်လှုပ်ရှားခဲ့တဲ့ ကိုကိုးရဲ့ ငယ်ဘ၀ အကြောင်းကို နောက်ခံထားပြီး ဇာတ်လမ်းဖွဲ့ထားတာ ဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်တုန်းက ထွက်ရှိခဲ့တာပါ။

 

coco

 

Fresh Dresse

        (၂၀၁၅)ခုနှစ်က ထွက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ပါ။ လူငယ်ကြားမှာ အရမ်းရေပန်းစားတဲ့ HipHop ဖက်ရှင် အကြောင်းကို ဖော်ပြထားတာဖြစ်ပါတယ်။  Nas, Pharrell, Kanye West နဲ့ Puff Daddy တို့ အပါအ၀င် ဖက်ရှင် အမိုက်အစား ရက်ပါ အများအပြား ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။

 

fresh dress

 

Valentino : The Last Emperor

        Valentino ဖက်ရှင်ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာကျော် အီတလီဖက်ရှင် ဒီဇိုင်နာ ဗလင်တီနို ဂါရာဗာနီ (Valentino Garavani) ရဲ့ ဘ၀ဇာတ်ကြောင်းကို (၂၀၀၈)ခုနှစ်က ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ပထမဆုံး ဖက်ရှင်ဆိုင် စဖွင့်ခဲ့တဲ့ (၁၉၅၉)ခုနှစ်ကနေ (၂၀၀၈)ခုနှစ်အထိ ဗလင်တီနိုရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ၊ ဖြတ်သန်းလာပုံတွေ အကြောင်းကို ဖော်ပြထားပါတယ်။

 

the last

 

The Devil Wears Prada

        နာမည်ကြီး အမျိုးသမီး သရုပ်ဆောင်တွေဖြစ်တဲ့ Meryl Streep နဲ့ Anna Hathaway တို့ပါဝင် သရုပ်ဆောင်ထားပြီး (၂၀၀၆)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။ ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ အလုပ်သင်ဝင်လုပ်တဲ့ အခါမှာ ရင်ဆိုင်ဖြတ်သန်းရ တဲ့ ဒုက္ခတွေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အနောက်တိုင်း ဖက်ရှင်လောကရဲ့ အယူအဆတွေ၊ ခံယူချက် တွေကို သိရှိလိုသူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ ညွှန်းကြပါတယ်။

 

the devil

 

Dior and I

        ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီး Dior ရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေ အကြောင်းကို မှတ်တမ်းရုပ်ရှင်ပုံစံ ရိုက်ကူးထားတာဖြစ်ပြီး (၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဖက်ရှင်ရှိုးပွဲတစ်ခု လုပ်ဖို့အတွက် ဘယ်လို ပြင်ဆင်ရလဲ၊ အကျီင်္အ၀တ်အစားတွေ ဘယ်လိုချုပ်လုပ်ပြီး စီစဉ်ရလဲဆိုတာ ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီး လေ့လာနိုင်ပါတယ်။

 

dior and i

 

 

Saint Laurent

        အယ်လ်ဂျီးရီးယား-ပြင်သစ်ကပြား Yves Saint Laurent တစ်ယောက် နယ်မြို့လေးကနေ ပဲရစ်မြို့ကြီးကို ပြောင်းရွှေ့ပြီး အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်လာခဲ့တဲ့ အကြောင်း ရိုက်ကူးထားတဲ့ (၂၀၁၄)ခုနှစ်က ရုပ်ရှင်ပါ။ ကုန် ပစ္စည်းတွေရဲ့ လိုဂိုကို YSL လို့ အတိုကောက်ရေးထားတဲ့ Saint Laurent ကုမ္ပဏီအကြောင်း သိချင်သူတွေ ကြည့်သင့် တဲ့ ရုပ်ရှင်ဇာတ်ကားပါ။

 

saint

Source : Standard.Co

Read 1227 times
Rate this item
(0 votes)