What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရပ်ပုတဲ့သူကို ဖက်ရှင်ကျအောင်ကူညီပေးမယ့်အချက် ၇ ချက်

အရပ်ပုတဲ့သူကို ဖက်ရှင်ကျအောင်ကူညီပေးမယ့်အချက် ၇ ချက် google

        လူတိုင်းက ပြည့်စုံကြည့်ကောင်းနေ ကြတာ မဟုတ်ပါဘူး။  မျက်နှာပြင်ပေါ်က လိုအပ်ချက် လေးတွေကို မိတ်ကပ်၊ ဆံပင် အပြင်အ ဆင်လေးတွေနဲ့ ကြည့်ကောင်းသွား အောင် ဖြည့်စွက်လို့ ရနေပြီ။

အဲဒီလိုပဲ ခန္ဓာကိုယ်က မလှတဲ့ နေရာလေးတွေကို ကွယ်ဝှက်၊ အားသာချက်လေးတွေကို ဖော်ထုတ်ပြီး ဝတ်စားဆင်ယင်တတ်ရင် လည်း ဖက်ရှင်ကျဖို့ ဘယ်လို ခန္ဓာကိုယ် အချိုးအစားနဲ့မဆို တတ်နိုင်ပါပြီ။

ယခုတော့ ခြေ တံတိုတဲ့သူ၊ အရပ်မရှည်တဲ့သူတွေကို ခြေတံသွယ်သွယ်ရှည်ရှည်လေးနဲ့ ဘာ ဝတ်ဝတ် ဖက်ရှင်ကျနေသူတစ်ယောက် ဖြစ်ဖို့ ကူညီပေးမယ့် အချက် ၇ချက်ကိုဖော်ပြပေးလိုက်ပါတယ်နော်။

ထိပ်ချွန်ဖိနပ်တွေ ရှိပါစေ

        ထိပ်ဦးချွန် ဖိနပ်လေးတွေကြောင့် အရှေ့ဘက်ကပဲကြည့်ကြည့်၊ ဘေးကပဲ ကြည့်ကြည့် ကိုယ့်ရဲ့ ကိုယ်နေဟန်ထား လေးက မတ်ပြီး ခြေရှေ့ဦးက ရှည်လျား သွယ်တန်းသွားတာက ခြေထောက် အတွက် တော်တော် အထောက်အကူ ပေးပါတယ်။

 အသားရောင်ဖိနပ်

        ကိုယ့်ခြေဖမိုးအရောင်နဲ့ ဆင်တူ ဖိနပ်လေးကို စီးထားတဲ့အခါ တစ်သား တည်းဖြစ်ပြီး ခြေထောက်တွေကို ပိုပြီး ရှည်တယ်လို့ အထင်ရောက်စေပါတယ်။ Heels ဖြစ်မယ်ဆိုရင် ပိုအဆင်ပြေတာ ပေါ့။

ခါးပတ်ကို ခါးနေရာမှာပဲ ရှိပါစေ

        ဘောင်းဘီ၊ စကတ် ဘာပဲဝတ်ဝတ် ပါ။ အဲဒါတွေရဲ့ ခါးသိမ်နေရာကို နဂိုမှာ ကိုယ်က ချက်လျှောဝတ်နေကျဆိုရင် လည်း ခါးနားထိ တက်ဝတ်ဖို့ အကြံပေး ပါရစေ။ အဲဒါက သင့်ခြေထောက်တွေ အဲဒီနေရာက စလာသလို ထင်ရစေတယ် မဟုတ်လား။ ဂါဝန်ဆိုရင်လည်း ခါးလယ် နေရာမှာ ကျပ်ကျပ်စည်းစည်းလေး လုပ် ထားတာမျိုး ပါပါစေ။

တစ်ရောင်တည်း သွားပါ

ခေါင်းစခြေဆုံး တစ်ရောင်တည်း ဖက်ရှင်ကို ဝတ်ထားတဲ့အခါမှာတော့သင့်ခြေထောက်တွေ မဆုံးတော့ဘူးလို့ အထင်ရောက်စေမှာပါ။

အစင်းကျားတွေက ဘာတွေ ပေးမလဲ

        ဒေါင်လိုက် အစင်းကျားတွေက ရှည်ရှည်သွယ်သွယ် အမြင်ကို ရစေပါ တယ်။ အပေါ်ဘက်ကို ဗြောင်နဲ့ အောက် ဘက်ကို အစင်းကျားလေး တွဲထားလိုက် ရင်တော့ ခြေတံတွေ နဂိုနေထက် ရှည် လာတာကို လက်ငင်း ခံစားရပါလိမ့်မယ်။

အနားကွပ်က ရှည်ထွက်နေတဲ့အခါ

        ဘောင်းဘီရှည်ရဲ့အနားကွပ်က ကိုယ့်ခြေထောက်ထက် ပိုရှည်ပြီး ခြေဖမိုးပေါ် ဖုံးနေတာကလည်း ခြေတံ လေး ပိုရှည်လာဖို့ အထောက်အကူ ပေးပါတယ်။ ဖိနပ်မြင့်တော့ စီးထားပေး ဖို့ လိုပါတယ်။

သိပ်မပွပါစေနဲ့

        ခြေတံတိုတဲ့သူတွေက အရမ်းကျပ် တဲ့ ဘောင်းဘီတွေနဲ့တော့ မလိုက်ပါဘူး။ အသားကပ် ဘောင်းဘီမျိုးကို ရှောင်ပါ။ ဒါပေမယ့် အိုးပွပွ ဘောင်းဘီတွေကို လည်း ရှောင်ရမှာပါ။ စကတ်တို့၊ ဂါဝန် တို့ဆိုရင်လည်း ပေါင်လည်လောက် အတိုမျိုးကိုပဲ ရွေးပါ။ ခြေသလုံး တစ် ဝက်တို့၊ ဒူးဖုံးတို့ ဆိုတာက နဂိုနေထက် ပိုပုသွားစေပြီး ခြေတံတိုစေတာမို့ လုံးဝ ကို မဝတ်သင့်ပါဘူး။

Source:အလှအပနှင့် ကျန်းမာရေး

Read 3052 times
Rate this item
(1 Vote)