What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက် (၂၁) ကျော်ရင် မဝတ်သင့်တော့တဲ့ဖက်ရှင်တွေ

အသက် (၂၁) ကျော်ရင် မဝတ်သင့်တော့တဲ့ဖက်ရှင်တွေ google

ပျိုမေတို့အသက် (၂၁) နှစ်ပြည့်ပြီးတဲ့နောက်မှာ မဝတ်သင့်တော့တဲ့ဖက်ရှင်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အရင်နှစ်တွေတုန်းက အကြိုက်ဆုံးဖြစ်ခဲ့တဲ့ အဝတ်အထည်တွေ

        အသက်(၂၁)နှစ်ပြည့်သွားတဲ့အခါ ဆယ်ကျော်သက်တုန်းကအကြိုက်ဆုံးဖြစ်ခဲ့တဲ့အဝတ်အထည်တွေနဲ့ မလိုက်ဖက်တော့တာအမှန်ပါ။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာနှစ်နှစ်ခြိုက်ခြိုက်ဝတ်ခဲ့တဲ့ဖက်ရှင်တွေကို ထားခဲ့လိုက်ပြီး ရွယ်တူတွေနဲ့ Fashion icon တွေဘာတွေဝတ်သလဲဆိုတာကြည့်ပြီး ကိုယ်ကြိုက်တဲ့ပုံစံမျိုးပြောင်းဝတ်လိုက်ပါ။

(၂) သက်တောင့်သက်သာမဖြစ်တဲ့အတွင်းခံများ

        နှစ်ဆယ်ကျော်လာတဲ့အခါ မိန်းကလေးငယ်မဟုတ်တော့ပါဘူး။ အမျိုးသမီးလေးဖြစ်လာပါပြီ။ ဒီတော့ ကိုယ်နဲ့မကိုက်တဲ့၊သက်တောင့်သက်သာမဖြစ်တဲ့ အတွင်းခံတွေကိုလုံးဝမ၀တ်ပါနဲ့တော့။ တခြားအ၀တ်အထည်တွေကိုဈေးကြီးပေးဝယ်သလိုပဲ အတွင်းခံတွေကိုလည်း အရည်အသွေးကောင်းတာလေးတွေဝယ်သင့်ပါတယ်။

(၃) ဆွဲသားပါပြီးကျပ်လွန်းတဲ့ဂျင်းဘောင်းဘီ

        နောက်တစ်ခုကတော့ ဆွဲသားပါတဲ့ဂျင်းဘောင်းဘီတွေပါ။ ကျပ်လွန်းတဲ့ဆွဲသားဂျင်းဘောင်းဘီတွေဝတ်တာက ပျိုမေတို့ကို အပေါစားဆန်တဲ့ သွင်ပြင်မျိုးဖြစ်စေတာကြောင့် ဒီဘောင်းဘီတွေကို မ၀တ်တော့ဖို့ပြောချင်ပါတယ်။

(၄) ဖန်စီရတနာပစ္စည်းတွေ

        ဖန်စီ ရတနာပစ္စည်းတွေက အရမ်းကလေးဆန်ပြီး အထာလည်းမကျပါဘူး။ ဖန်စီကိုမှ ရှုပ်ထွေးလွန်းတဲ့ပုံစံနဲ့ အရောင်တောက်လွန်းတာတွေကလည်း ပျိုမေတို့ရဲ့ ရှိရင်းစွဲအလှကိုတောင် လျော့သွားစေနိုင်ပါတယ်။

(၅) ကလေးဆန်လွန်းတဲ့စကတ်ဂါဝန်တွေ

        စကတ်၊ဂါဝန်တွေဝတ်မယ်ဆိုရင်လည်း ဆယ်ကျော်သက်တုန်းက၀တ်ခဲ့တဲ့ပုံစံမျိုးတွေ မ၀တ်ပါနဲ့တော့။ ကလေးလည်းမဆန်၊ လူကြီးလည်းမဆန်ဘဲ နည်းနည်းတည်ငြိမ်တဲ့ပုံစံလေးတွေကို ရွေးဝတ်ပါ။

(၆) တွေ့ကရာဖိနပ်စီးတဲ့အကျင့်

        အ၀တ်အစားနဲ့မလိုက်ဖက်တဲ့ဖိနပ်တွေစီးတာမျိုး၊ ဘာပဲဝတ်ဝတ် ဖိနပ်တစ်မျိုးတည်းစီးတာမျိုးတွေ မလုပ်ပါနဲ့တော့။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားအမျိုးအစားကိုလိုက်ပြီး ဖိနပ်ကိုလည်း နှစ်မျိုး၊သုံးမျိုးလောက် ၀ယ်ထားသင့်ပါတယ်။

Source:Aunty May

Read 3097 times
Rate this item
(1 Vote)