What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂ဝ၁၉ ခုနှစ်တွင်ခေတ်စားလာမည့်အရောင်များ

၂ဝ၁၉ ခုနှစ်တွင်ခေတ်စားလာမည့်အရောင်များ google

၂၀၁၈ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်ရောက်လာပြီဆိုတော့  ဆန်းပြားတဲ့အရောင်ရွေးချယ်မှုတွေကို တချို့ collectionတွေမှာမြင်နေရပါပြီ။


အဲ့ဒီအရောင်တွေကတော့၂၀၁၉ရဲ့ဖက်ရှင်တွေမှာလွှမ်းမိုးဖို့အလားအလာများနေတာပါ။ ၂၀၁၈ကတော့ ခန့်မှန်းထားတဲ့အတိုင်း အနီရဲရဲတွေပန်းနုရောင်တွေနဲ့ အဝါရောင်တွေကို မြင်တွေ့ခဲ့ရပါတယ်။အခုလည်း ၂ဝ၁၉ကို အရောင်ရင့်နဲ့ အရောင်နုတွေကခေတ်ကလွှမ်းမိုးဦးပါမယ်တဲ့။ဘယ်လိုအရောင်တွေများဖြစ်မလဲဆိုတာကြည့်လိုက်ရအောင်ပါ။ ဒါတွေကတော့ Australia Fashion Week တွေနဲ့ ဥရောပရဲ့၂၀၁၉ collectionတွေထဲကပါနော်။

 သနပ်ခါးရောင်

         အဝါရောင်လည်းမကျအဖြူဆွတ်ဆွတ်လည်းမဟုတ်တဲ့ ခပ်ဆန်းဆန်းအရောင်ကိုသုံးထားတာပါ။ Lee Mathewရဲ့ လက်ရာဖြစ်ပါတယ်။အနီးစပ်ဆုံးပြောရရင်တော့ သနပ်ခါးရောင်လို့ပြောရမှာပါပဲ။ဒီရောင်ကို ၂၀၁၉ မှာမြင်ရမယ်ဆိုရင်လည်း ဖက်ရှင်ကျနေမှာသေချာပါတယ်။

မိုးပြာရောင်ဖျော့

        မိုးပြာရောင်တွေကို အကြိမ်ပေါင်းများစွာမြင်ပြီးတဲ့နောက် အခုတစ်ခါတော့ မိုးပြာရောင်ထက်ပိုဖျော့တဲ့ အပြာဖျော့လေးကိုတွေ့ရမှာပါ။ဒါကတော့. Karla Špeti ရဲ့လက်ရာပါ။မိန်းမသားဆန်မှုနဲ့လန်းဆန်းမှုကို ပေးစွမ်းစေမဲ့အရောင်လည်းဖြစ်ပါတယ်။

အစိမ်းပုတ်ရောင်အဖျော့

        Louis Vuitton ရဲ့ ၂၀၁၉ collectionမှာ ပရိတ်သတ်တွေမျက်စိအကျဆုံးအရောင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီအရောင်ဟာ အစိမ်းဘက်နွယ်တဲ့အရောင်ဖျော့တစ်ခုဖြစ်ပါတယ်။အတွန့်တွေနဲ့ချုပ်တဲ့အခါမှာလည်းလှသလို pant suitချုပ်တဲ့အခါမှာလည်း အရမ်းမိုက်တာကိုတွေ့ရမှာပါ။

ငွေရောင်အဖျော့

        မနုလွန်းမရင့်လွန်းတဲ့ အရောင်သစ်တစ်ခုဖြစ်ပါတယ်။၂၀၁၉ အတွက်ကတော့ ဒီအရောင်ဟာလုံးဝရေပန်းစားမှာသေချာနေပါပြီ။အဖြူရောင်၊အနက်ရောင်နဲ့ နီညိုရောင်တွေနဲ့ တွဲစပ်ချုပ်လို့လည်း ဖက်ရှင်ကျမှာပါ။မိန်းမသားဆန်ဆန်ဘဲချုပ်ချုပ် ခပ်မိုက်မိုက်စတိုင်ဘဲဖြစ်ဖြစ် အဆင်ပြေတဲ့အရောင်တစ်ခုပါပဲ။

သံလွင်သီးရောင်

        သံလွင်သီးရောင်ကိုတွေ့နေကျဆိုပေမဲ့ ဒီတစ်ခါတော့ အသွင်သစ်နဲ့ခံစားမှုအသစ်တွေကို ပေးစွမ်းနေမှာပါ။ဘာလို့လဲဆိုတော့အနုဘက်ကောအရင့်ဘက်ပါသုံးထားတဲ့သြစတေးလျဒီဇိုင်နာ Camilla and Marc နဲ့  Albus Lumenတို့ရဲ့လက်ရာတွေကိုမြင်တွေ့လိုက်ရတာကြောင့်ပါ။နောက်ထပ်လည်းနှစ်သစ်မှာ ဘယ်လို ဖက်ရှင်အသစ်တွေနဲ့ပေါင်းစပ်ဦးမလဲနော်။

နီညိုရောင်

နောက်ထပ် သြစတေးလျဒီဇိုင်နာ ၂ယောက် Christopher Esber နဲ့Thomas Puttick တို့ ချပြလိုက်ပြန်တဲ့ အရောင်ဆန်းတစ်ခုပါပဲနော်။နီညိုရောင်ဟာမြင်တွေ့နေကျဆိုပေမဲ့ နီညိုရောင်အနုအရင့်တွေကို အသစ်အဆန်းအနေနဲ့ ဒီထက်ပိုမြင်တွေ့လာရဦးမှာပါ။

အပြာရောင်

        ဒီတစ်ခါလည်းတွေ့နေကျဖြစ်တဲ့ အရောင်ရင့်ရင့်တစ်ခုပါပဲ။Pradaအပြင် သြစတေးလျက နာမည်ကြီး တံဆိပ်၂ ခုဖြစ်တဲ့ Hansen & Gretel နဲ့ Pereira Fitzgerald တို့ကလည်းသုံးထားတာပါ။ဒီအရောင်ကို မီနီစကပ်တွေ ဦးထုပ်တွေနဲ့ ဘလေဇာတွေမှာလည်း တွဲဖက်အသုံးပြုထားတာတွေ့ရပါတယ်။

ချောကလက်ရောင်

        I.AM.GIA ကတော့ ဒီအရောင်ကိုသုံးထားပြန်ပါတယ်။Christopher Esber ရဲ့ ရှိုးမှာလည်းဒီအရောင်ကိုမြင်တွေ့ရမှာပါ။၂၀၁၉ မှာလည်းဒီချောကလက်ရောင်ကတော့ ခံစားမှုအသစ်တွေကိုပေးဦးမယ်ထင်ပါရဲ့။

Source:We

Read 2541 times
Rate this item
(1 Vote)