What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အချိန်တိုင်းမှာဖက်ရှင်ကျနေဖို့အတွက် အဝတ်အစားထက်အရေးပါတဲ့အရာ(၆)မျိုး

အချိန်တိုင်းမှာဖက်ရှင်ကျနေဖို့အတွက် အဝတ်အစားထက်အရေးပါတဲ့အရာ(၆)မျိုး google

        ပျိုမေတို့ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေရွေးချယ်ဝတ်ဆင်တတ်ဖို့လိုသလို ဖက်ရှင်နဲ့ပတ်သက်လို့ လိုက်နာရမယ့် စည်းမျဉ်းလေးတွေကလည်း အများကြီးရှိပါတယ်။

ဒါပေမယ့် တခါတလေမှာတော့ ဖက်ရှင်စည်းမျဉ်းတွေကို ချိုးဖောက်လိုက်မှ ပိုတောင် မိုက်သွားတတ်ပါသေးတယ်။ ဒီတစ်ခေါက်ကတော့ ပျိုမေတို့ ဖက်ရှင်အကျဆုံး၊ အလန်းဆုံး မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အ၀တ်အစားထက် အရေးကြီးတဲ့ အချက်လေးတွေကို ပြောပြချင်တာပါ။

(၁) ကိုယ်နေဟန်ထား

        သင်ဟာ ဘယ်လိုခန္ဓာကိုယ် အချိုးအစားမျိုးပဲရှိရှိ၊ အရပ်ဘယ်လောက်ပဲရှိရှိ၊ ဘယ်လိုရုပ်ရည်မျိုးပဲဖြစ်နေပါစေ ၊ သင့်ကိုဖက်ရှင်ကျတဲ့သူ တစ်ယောက်ဖြစ်စေနိုင်မယ့်အရာက သင့်ရဲ့ ကိုယ်ဟန်အနေအထားပါ။ သင်က ဘယ်လောက်ဈေးကြီးတဲ့အ၀တ်အစားတွေကို ၀တ်ထားပေမယ့် ကိုယ်နေဟန်ထားက အထာမကျရင် လုံးဝဂွမ်းနေမှာပါ။ ဒါကြောင့် ဘာဝတ်ဝတ်လှဖို့ ကျောပြင်နဲ့ လည်ပင်းကို ခပ်မတ်မတ် အနေအထားပဲ နေပါ။

(၂) ဆံပင်ပုံစံ

        လူတစ်ယောက်အတွက် ဆံပင်ပုံစံကဘယ်လောက်အရေးပါလဲ ဆိုတာ ပြောစရာကိုမလိုတော့တာပါ။ ဆံပင်ပုံစံပြောင်းလိုက်တာနဲ့ လူကလည်း တခြားတစ်ယောက်လိုကိုပြောင်းသွားတာပါ။ အဲ့ဒီတော့ ဖက်ရှင်အလန်းတွေဝတ်ချင်တဲ့ အမြဲတမ်းဖက်ရှင်ကျချင်တဲ့သူဆိုရင်တော့ ဆံပင်ပုံစံကိုလည်း လှလှလေးထားပါနော်။

(၃) အသားအရေ

        အသားအရေကောင်းအောင် ဂရုစိုက်ပါ။ အသားအရေကောင်းခြင်းက သင့်အတွက် အံ့သြလောက်စရာဆွဲဆောင်မှုကိုဖြစ်စေနိုင်မှာမို့ပါ။ ပြီးတော့ သင့်အသားအရေ ၊ အသားအရောင်နဲ့လိုက်ဖက်တဲ့ အရောင်လေးတွေကို ၀တ်မယ်ဆိုရင်တော့ အလန်းဆုံးသူလေးတွေဖြစ်သွားမှာပါလို့။

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှု
    
        ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့ အ၀တ်အစားရွေးချယ်မှုမှန်ဖို့၊ ကိုယ်နေဟန်ထားမှန်ဖို့လိုသလို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ် တစ်ခါမှ မ၀တ်ဖူးတဲ့ ပုံစံဖြစ်နေရင်တောင် ကိုယ်နဲ့လိုက်ပါ့မလားဆိုတာမျိုးတွေ မတွေးဘဲ အမြဲတမ်းဝတ်နေကျပုံစံလိုမျိုးပဲ တွေးလိုက်ပါ။

(၅) အပြုံး

        အပြုံးတစ်ပွင့်မပါသေးသရွေ့ သင့်ရဲ့ဖက်ရှင်ဟာ ပြီးပြည့်စုံမှုမရှိသေးပါဘူးတဲ့။  ပြုံးတာက သင့်ကို နဂိုရှိတာထက်ပိုလှပစေရုံမက သင့်အတွက် အရာရာအဆင်ပြေမှုကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမှန်တကယ် ဖက်ရှင်ကျသူ၊ အထာကျသူဖြစ်ဖို့  ပြုံးပါ။

(၆) လန်းဆန်းမှု

        အဘက်ဘက်က လှပကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ တက်ကြွလန်းဆန်းနေဖို့လိုပါတယ်။ သင့်ရဲ့မျက်လုံးတွေက ညှိုးနွမ်းနေမယ်ဆိုရင်၊ သင့်ပုံစံက ညှိုးငယ်တဲ့ပုံစံမျိုးဖြစ်နေမယ်ဆိုရင် ဘယ်လိုမှကြည့်ကောင်းတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အချိန်တိုင်းလန်းဆန်းတက်ကြွနေနိုင်ဖို့ အိပ်ရေးဝဝအိပ်ဖို့၊ ရေများများသောက်ဖို့ လိုအပ်ပါတယ်။

Source:Aunty May

Read 1140 times
Rate this item
(1 Vote)