What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိန်တဲ့ကောင်လေးတွေအတွက် Fashion Tips

ပိန်တဲ့ကောင်လေးတွေအတွက် Fashion Tips google

ယောက်ကျားလေးဆိုရင် ကြွက်သားအဖုအထစ်တွေနဲ့ Body လှမှ၊ 6 Packs ရှိမှ ကြည့်ကောင်းတယ်ဆိုတာမျိုး မဟုတ်ပါဘူးနော်။

ပိန်တဲ့ကောင်လေးတွေဟာလည်း ၀တ်တတ်စားတတ်ရင် စမတ်ကျပြီးကြည့်ကောင်းတဲ့ကောင်လေးတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ပိန်တဲ့ဘဲလေးတွေနဲ့ ဘယ်လိုဖက်ရှင်တွေသင့်တော်လဲဆိုတာတစ်ချက် လေ့လာကြည့်ပါဦး။

 

urban outfitters red salt valley buffalo plaid flannel button down shirt product 1 16287288 3 042288896 normal

(၁) ကွက်တိကျကျရွေးတတ်မှ

အ၀တ်အစားရွေးချယ်ရာမှာ ကိုယ်နဲ့ကွက်တိကျတာ၊ Fit Size ဖြစ်တာကို ရွေးတတ်ဖို့လိုပါတယ်။

နည်းနည်းလေးပွတာတို့၊ ပခုံးကွက်တိမကျတာတို့ဆိုရင် ခန္ဓာကိုယ်သေးမှန်း သိသာစေပါတယ်။

ကော်လံပါတဲ့ ရှပ်အကျီပဲဖြစ်ဖြစ် တီရှပ်ပဲဖြစ်ဖြစ် ပခုံးကွက်တိ၊ ခါးအရှည်ကွက်တိကျတာမျိုး ရွေးချယ်မှသာ အဆင်ပြေပါလိမ့်မယ်၊

(၂) V လည်ပင်းက အခရာ

ကိုယ်ကသန်မာထွားကျိုင်းတဲ့ပုံပေါက်အောင် ကုတ်အကျီဝတ်တဲ့အခါ ပခုံးတင်တဲ့ပုံစံမျိုးနဲ့ ပခုံးနေရာလျှောမနေတဲ့ ပခုံးအထောင်ကိုရွေးသင့်ပါတယ်။

လည်ပင်းပုံစံကိုလည်း V Shape ရွေးသင့်ပါတယ်။ V Shape က သန်မာတဲ့ယောက်ကျားတစ်ယောက်ကို ကိုယ်စားပြုပါတယ်တဲ့။

ဒါကြောင့်  V Shape လည်ပင်းပုံဝတ်ဆင်တဲ့အခါ ပခုံးကြီးလာပြီး ခန္ဓာကိုယ်ထွားသယောင်ဖြစ်လာစေပါတယ်။

ပိန်တဲ့ကောင်လေးတွေ သတိထားသင့်တဲ့အရာပါ။

beauty1 768x343

(၃) အထပ်ထပ်ဝတ်ဆင်ပါ

ပိန်တဲ့သူတွေရဲ့အားသာချက်က ကာလာအတွဲအစပ်လေးတွေနဲ့ အထပ်ထပ်ဝတ်ဆင်နိုင်တာပါ။

စွပ်ကျယ်တစ်ထည် တီရှပ်တစ်ထည်တည်းဝတ်တာထက် တီရှပ်ပေါ်မှာ ကော်လံပါတဲ့ ရှပ်အကျီထပ်ဝတ်တာမျိုး၊ ဆွယ်တာတွေ ကုတ်တွေနဲ့တွဲဖက်ဝတ်ဆင်တာမျိုး လုပ်နိုင်ပါတယ်။

 ကိုယ်ဝတ်ဆင်လိုတဲ့အရောင် အနုအရင့်ကို တွဲစပ်ဝတ်ဆင်တဲ့အခါ ဖက်ရှင်လည်းကျသလို ကိုယ်လုံးသေးတာကိုလည်းဖုံးကွယ်နိုင်ပါတယ်။

(၄)အဆင်အသွေးအလေးပေး

ဝတဲ့သူတွေ ပိန်ဖို့ဆိုရင် အနက်ရောင်နဲ့အခြားအရောင်ရင့်ရင့်တွေကို ၀တ်ဆင်ကြရပါတယ်။ ပိန်တဲ့သူတွေကတော့ပြောင်းပြန်ပါ။

 ပိန်တဲ့သူတွေဟာအရောင်နုနုအကျီနဲ့ အဖြူရောင်ရှပ်အကျီတွေ ၀တ်သင့်ပါတယ်။

ရှပ်အင်္ကျီကို အကွက်စိပ်စိပ်လေးတွေ ၀တ်ဆင်တာက ပိုလိုက်ဖက်ပါတယ်။

beauty2

(၅)လည်ပင်းပုံစံ အရွေးမှန်

ပိန်တဲ့သူတွေအနေနဲ့ အကျီလည်ပင်းပုံစံရွေးချယ်တတ်ဖို့လည်းလိုပါတယ်။

ဇစ်ဆွဲရတဲ့လည်ပင်းအထောင် ၊ ၊ကြယ်သီးတွေနဲ့ လည်ပင်းအထောင်မျိုးရွေးသင့်သလို ကော်လံကြီးကြီးရွေးချယ်တာက ပိုအဆင်ပြေပါတယ်။

 လိုက်ဖက်တဲ့ ပုံစံလေးတွေကို ရှာဖွေကြည့်ချင်ရင် Zip Necks Stand-up Collors ၊ Shawl Collors ၊ Funnel Necks စတဲ့လည်ပင်းဒီဇိုင်းလေးတွေ ရှာဖွေကြည့်ပါနော်။

source sunday journal

Read 1900 times
Rate this item
(1 Vote)