ဝဝကစ်ကစ် ပျိုမေလေးတွေအတွက် ဘယ်လို အဝတ်အစားတွေ ဝတ်ရင် ပိုဝစေသလဲဆိုတဲ့ အချက် (၅) ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) အရောင်ဖျော့တဲ့ အဝတ်အစား
ဝတဲ့သူတွေအတွက် အလုပ်ခွင်မှာလည်း အရောင်စိုစိုလေးတွေကို ရွေးဝတ်သင့်ပါတယ်။ အရောင်ဖျော့ဖျော့တွေက အရောင်အရင့်တွေထက်စာရင် လူကို ပိုဝသလို ထင်ရစေလို့ပါ။
(၂) ကန့်လန့်စင်းအဝတ်အစား
ပိန်ပိန်ရှည်ရှည် ကောင်မလေးတွေနဲ့ လိုက်တဲ့ ကန့်လန့်စင်း အဝတ်အစားတွေက ဝတဲ့ကောင်မလေးတွေ ပိန်တဲ့ကောင်မလေးတွေနဲ့တော့ လုံးဝ မလိုက်ဖက်တာပါ။ ပိုဝပြီး ပိုပုသွားသလို ဖြစ်သွားစေမယ့် အဝတ်အစားတွေပါပဲ။ အဲ့လို ကောင်မလေးတွေအတွက်ဆို ဒေါင်လိုက်စင်း အဝတ်အစားလေးတွေကိုပဲ ဝတ်ဖို့ အကြံပေးချင်ပါတယ်။
Read:ရေမွှေးအကောင်းစားတွေ အနံ့ပြောင်းသွားတာ ဘာကြောင့်လဲ?
(၃) အုံအထူကြီးနဲ့ Bra
အမြဲတမ်း စမတ်ကျနေချင်တယ်ဆိုရင်တော့ အောက်ခံအင်္ကျီတွေကို သေသေချာချာဝတ်ပါ။ ရင်သားကြီးသူတွေက ဝိုင်ယာပါတဲ့အောက်ခံအင်္ကျီ ဝတ်သင့်ပါတယ်။
(၄) အင်္ကျီအရှည်ကြီးတွေ အပြင်ထုတ်ဝတ်တာမျိုး
အင်္ကျီကို အထဲထည့်ဝတ်ပါ။ အင်္ကျီအရှည်ကြီးတွေက ကိတ်တဲ့သူကို ပိုဝစေပါတယ်။ အင်္ကျီအရှည်တွေဝတ်တဲ့အခါမှာ အင်္ကျီစကို ဘောင်းဘီထဲထည့်ဝတ်ပေးပါ။
(၅) လက်ပြတ်အင်္ကျီ
သင့်ရဲ့ လက်မောင်းလေးတွေတုတ်နေလို့ သွယ်သယောင်ထင်ချင်တယ်ဆိုရင်တော့ လက်ပြတ်အင်္ကျီမျိုး၊ လက်တိုအင်္ကျီမျိုး မဝတ်တာက အကောင်းဆုံးပါပဲ။
Author : SYH
Myanmar Textile and Garment Directory