What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တော်ဝင်မိသားစုများလိုက်နာရမည့် ဖက်ရှင်နှင့်ပတ်သက်သည့် အချက် (၇) ချက်

တော်ဝင်မိသားစုများလိုက်နာရမည့် ဖက်ရှင်နှင့်ပတ်သက်သည့် အချက် (၇) ချက် google

ဗြိတိန်မှ တော်ဝင်မိသားစုတွေ လိုက်နာကြရတဲ့ စည်းကမ်းတွေ အတော်များများရှိနေတာမှာ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်တဲ့ စည်းကမ်း

 

(၇) ချက်ကို စုစည်းတင်ပြပေးထားပါတယ်။

(၁) တော်ဝင်မိသားစုမှ အမျိုးသမီးတွေဟာ လက်ကိုင်အိတ်ကို အမြဲတစေဘက်ဘယ်လက်မှာကိုင်ခြင်း

တော်ဝင်အသိုင်းအ၀ိုင်းတွေ့ဆုံပွဲများမှာ နှုတ်ဆက်စကားဆိုခြင်းများပြုလုပ်ရာတွင် လက်ကိုင်အိတ်ကို ဘယ်ဘက်လက်မှာ ကိုင်ခြင်းအားဖြင့် ယာလက်ဖြင့်လက်ဆွဲနှုတ်ဆက်ခြင်း၊ လက်ဝှေ့ယမ်းပြခြင်းများနှင့် လက်ပြနှုတ်ဆက်ခြင်းများကို လွယ်ကူစွာပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

 textile8

 

(၂) ဘုရင်မ၏ သဘောတူညီမှုရရှိပြီးမှ မင်္ဂလာဝတ်စုံကို ၀တ်ခွင့်ရှိခြင်း

တော်ဝင်မင်္ဂလာပွဲအတွက်သတို့သမီးရဲ့မင်္ဂလာဆောင်ဝတ်စုံရွေးချယ်ပြီဆိုလျှင် နောက်ဆုံးရွေးချယ်ပြီးသား မင်္ဂလာဝတ်စုံကို ဘုရင်မကြီးရှေ့တွင် ၀တ်ဆင်ပြသပြီး အတည်ပြုချက်ရရှိမှသာလျှင် ထိုမင်္ဂလာဝတ်စုံကို ၀တ်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။

textile3

 

 

(၃) လက်သည်းကို အရောင်စုံဆိုးခွင့်မရှိခြင်း

တော်ဝင်အမျိုးသမီးများလက်သည်းအရောင်စုံများဆိုးခွင့်မရှိပါဘူး။

အရောင်ဆိုးချင်တယ်ဆိုပါက ပန်းရောင်ဖျော့ဖျော့လေးကိုသာ ဆိုးခွင့်ရှိပါတယ်။

 

(၄) တော်ဝင်မကိုဋ်ဆောင်းခွင့်မရှိခြင်း

တော်ဝင်နန်းတော်မှာရှိတဲ့ အိမ်ထောင်ရှင်အမျိုးသမီးများသာ တော်ဝင်မကိုဋ်ကို ဆောင်းခွင့်ရှိပါတယ်။ ကလေးငယ်များနဲ့ အပျိုများလုံးဝဆောင်းခွင့်မရှိပါ။ 

 textile 6

 

(၅)ဘုရင်မကြီးက လက်ကိုင်အိတ်ကိုအသုံးပြုပြီး လျှို့ဝှက်အချက်ပေးခြင်း

ဘုရင်မကြီးဟာ ပုံမှန်ဆိုရင် လက်ကိုင်အိတ်ကိုဘယ်ဘက်မှာသာ ကိုင်ပါတယ်။

ဒါပေမဲ့ သူမရဲ့သက်တော်စောင့်တွေကို လျှို့ဝှက်အချက်ပေးမှုတွေကို ပြုလုပ်ချင်တဲ့အခါမှာ လက်ကိုင်အိတ်ကို လက်ပြောင်းကိုင်ခြင်းကို ပြုလုပ်ပါတယ်။

သူမစကားပြောနေရင်းမှာ ထွက်ခွာချင်တာ၊ ညစာစားရန် ထွက်ခွာချင်တာ တခုခုရှိတဲ့ခါမှာ လျှို့ဝှက်အချက်ပေးမှုပြုလုပ်ပေးခြင်းဖြင့် ဘုရင်မကြီးရဲ့ ဆန္ဒကို သက်တော်စောင့်များကသိရှိပြီး တနည်းနည်းဖြင့် ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

(၆) တော်ဝင်အမျိုးသမီးတွေက ပိုက်ဆံအိတ်ကို အခြားရည်ရွယ်အနေနဲ့လဲအသုံးပြုပါသေးတယ်

Princess Diana ဟာဆိုရင်လက်ကိုင်ပိုက်ဆံအိတ်ကို ကားပေါ်ကဆင်းသည့်အခါမျိုးမှာ ဓာတ်ပုံရိုက်ကြတဲ့အတွက် သူမရဲ့ ရင်သားအရှက်ကို ကာကွယ်ဖို့အတွက် အမြဲအသုံးပြုလေ့ရှိပါတယ်။

diana

(၇) ပိုက်ဆံအိတ်ကို လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ချင်တဲ့ခါမှာလည်း အသုံးပြုပါသေးတယ်

လက်ဆွဲနှုတ်ဆက်လိုခြင်းမရှိတဲ့သူနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာ ပိုက်ဆံအိတ်ကိုလက်နှစ်ဖက်နဲ့ ရှေ့မှာကိုင်ထားတဲ့ ရာဇပရိယာယ်ကို သုံးစွဲပါတယ်။ လက်မအားတဲ့အတွက် လက်ဆွဲနှုတ်ဆက်ခြင်းကို မပြုလုပ်နိုင်သလိုမျိုး ဖြစ်နေစေပါတယ်။

textile4

 Myanmar Textile & Garment Directory

Read 1365 times
Rate this item
(1 Vote)