What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ပုံပန်းသဏ္ဍန် ပျက်စေနိုင်တဲ့ ဖက်ရှင်အမှားများ

အဝတ်အစားတွေဟာ သင့်ရဲ့အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်အချိုးအစားလှပအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

သို့သော်လည်း တချို့သော အဝတ်အစားတွေက သင့်ကို ပုံပန်းသဏ္ဍန်ပျက်နိုင်ပါတယ်။ မိန်းကလေးတွေအနေနဲ့ ဘယ်လိုအင်္ကျီမျိုးတွေကို ရှောင်ကြဉ်သင့်လဲဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

၁။ ဘောင်းဘီတိုအပွ

Shortened loose pants min
ဘောင်းဘီအပွအတိုတွေဟာ သင့်ရဲ့ခြေထောက်ကို တိုစေတယ်လို့ ထင်နိုင်ပြီး တြိဂံပုံစံကဲ့သို့ တူနေပါတယ်။ အဲ့ဒီအစား မော်ဒယ်လေးကဲ့သို့ လှပစေမယ့် ဘောင်းဘီကျပ်လေးတွေက သင့်ရဲ့ အဝတ်ဗီရိုထဲမှာ ရှိသင့်ပါတယ်။

၂။ ရှင်းလင်းပြတ်သားမှုမရှိတဲ့ dress ကို ဝတ်ဆင်ခြင်း

Dresses without a clear silhouette min
ခန္ဓာကိုယ် မပေါ်လွင်တဲ့ အဝတ်အစားကိုမရွေးချယ်ပါနဲ့။ သင့်ရဲ့ကိုယ်ခန္ဓာအလှကို ပုံဖော်ပေးပြီး ခါးလေးတွေပါ ပေါ်လွင်ထင်ရှားစေမယ့် dress မျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

သင့်ရဲ့သွင်ပြင်လက္ခဏာကြောင့် ဆွဲဆောင်မှု ကျဆင်းစေမယ့် အရာများ

၃။ Crop topအက်ႌမ်ား

Cropped clothes min
ယနေ့ခေတ်မှာ crop top ၊ စွပ်ကျယ်တို့ ၊ jacket တွေဟာ ဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားလျက်ရှိနေပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ သူတို့တွေဟာ များသောအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖွင့်ဟထားသလို ဖြစ်နေပါတယ်။ သင့် ဗိုက်သားကို ဖုံးကွယ်ပေးနိုင်မယ့် အင်္ကျီမျိုးကို ဝယ်ပါ။

၎။ အဝတ်စားတောက်တောက်များ

Shiny clothes min
သင့်ရဲ့ဘလောက်စ်အင်္ကျီ (သို့) ဆွယ်တာအင်္ကျီတွေပေါ်မှာ ပုတီးစေ့ ၊ ပုလဲလုံးသေးသေးလေးလေးတွေ ပါရှိတာဟာ မကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြောင်လက်လက်အဝတ်အစားတွေက မလိုက်ဖက်လွန်းပဲ ကြောင်ကြောင်ကျားကျား ဖြစ်တတ်ပါတယ်။ တကယ်လို့ လူအများကြားမှာ ထင်ပေါ်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ပုံစံနဲ့ လိုက်ဖက်ပြီး ကိုက်ညီမှုရှိမယ့် အင်္ကျီကို ရွေးချယ်ပါ။

၅။ အဆင်ဒီဇိုင်း ကြီးတဲ့ ဘောင်းဘီများ

Pants with large prints min
အဆင်ဒီဇိုင်းကြီးတဲ့ ဘောင်းဘီတွေက သစ်လွင်လှပပြီး အရောင်အသွေးစုံလင် လှပါတယ်။ သို့သော် ဒီလိုဒီဇိုင်းမျိုးဟာ သင့်ရဲ့ခြေထောက်တွေကို ပိုကြီးတယ်လို့ ထင်စေရတာကြောင့် ဒီလိုပုံစံမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကာလာတစ်ရောင်ထဲရှိတဲ့ ဘောင်းဘီမျိုးကိုသာ ရွေးချယ်ပါ။ ဘေးနှစ်ဖက်မှာ အနက်ရောင်အဆင်းပါတာက သင့်ရဲ့ ခြေတံတွေ သွယ်လျတယ်လို့ ထင်စေပါတယ်။

၆။ မတူညီတဲ့ အရောင်များ

Contrasting colors min
အရောင်ကွဲပြားတဲ့ အင်္ကျီတွေက ခန္ဓာကိုယ်ကို စတုဂံပုံစံမျိုး ပိုင်းခြားထားပြီး ခါးကနေ တင်ပါးအထိမချောမွေ့တာတွေကို ပေးနိုင်ပါတယ်။ အရောင်တွေကို အစီအစဉ်အတိုင်း ရွေးချယ်တဲ့အခါမှာ ကိုက်ညီမှုရှိမယ့် အရောင်ကို ရွေးချယ်ပါ။ သင့်ရဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးပြီး ပုံပန်းလက္ခဏာသွင်ပြင်ကို တိုးမြှင့်ပေးလိမ့်မယ်။

၇။ အိုဗာဆိုဒ် အင်္ကျီများ

Oversized clothes min
တီရှပ်အပွတွေ၊ ပုံစံမကျတဲ့ ဆွယ်တာတွေနှင့် oversized jacket တွေဟာ မော်ဒယ်တွေအတွက် runway လမ်းမထက်မှာ အလွန်ကြည့်ကောင်းစေပါတယ်။ အခြားသူတွေအတွက်တော့ မလိုက်ဖက်လှပါဘူး။ သင့်ခန္ဓာကိုယ် ကြီးစေမယ့် အရာတွေကို ပေါင်းမထည့်ပါနဲ့။ သင့်လျော်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ခြင်းက အကောင်းဆုံးပါပဲ။

၈။ အရောင်မှိန်တဲ့ ဂျင်းဘောင်းဘီ

Faded denim min
အရောင်မှိန်တဲ့ ဂျင်းတွေကို မရွေးချယ်သင့်ပါဘူး။ ဆန့်ကျင်ဘက် အရောင်တွေကို ပေါင်းစပ်ထားခြင်းဟာ သင့်တင်ပါးကို ကြီးမားစေပြီး လေးလံစေပါတယ်။ သွယ်လျတယ်လို့ ထင်စေနိုင်ဖို့ blue jean ကိုမှ အရောင်တစ်မျိုးတည်းကိုပဲ ဝတ်ဆင်ပါ။

၉။ စကပ်အရှည်

Maxi skirt min
စကပ်အရှည်ဟာ အရပ်ရှည်ပြီး ပိန်တဲ့ ကောင်မလေးတွေနဲ့ ကြည့်ကောင်းပါတယ်။ သို့သော် ဒီလို စကပ်တွေက ခန္ဓာပြည့်ဖြိုးပြီး ကြီးထွားတယ်လို့ ထင်စေနိုင်တယ်။ အကယ်၍ အပေါ်ပိုင်းက အပိတ် ဘလောက်စ်အင်္ကျီဆိုရင် အောက်ပိုင်းကို စကပ်ရှည်ထက် စကပ်တိုက ပိုပြီး ကောင်းမွန်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပိတ်လိုက်မယ်ဆိုရင် သင့်ရဲ့ကြော့ရှင်းလှပတဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးပါလိမ့်မယ်။
ဘယ်လို အဝတ်အစားတွေကို ရှောင်ရှားသင့်လဲဆိုတာ ပျိုမေတို့လဲ သိလောက်ပြီပေါ့နော်။

 

Author:TDA

Read 6473 times
Rate this item
(1 Vote)