What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အကွက်ဖော်နည်း

အကွက်ဖော်နည်း google

သဉ္ဇာဝင့်ကျော်ရဲ့ ခါးအောက်ပိုင်းမှာ အကွက်ဖော်ထားတဲ့ ပန်းရောင် ဂါဝန်လေးကို တွေ့ဖူးကြမှာပါ။ အဲ့လိုပဲ အကွက် ဖော်တတ်ပြီ ဆိုရင် ဒီဇိုင်းအမျိုးမျိုး ထွင်ချုပ်ဖို့ အဆင်ပြေ

နေစေမှာပါ။ ဒီနေ့မှာတော့ အင်္ကျီလည်ပင်းမှာ အကွက်ဖော်နည်းကို ပုံလေးတွေနဲ့တကွ ရှင်းပြပေးထားပါတယ်။ သေသေချာချာ ပြပေးထားတဲ့အတွက်ကြောင့် အလွယ်တကူလုပ်ကြည့်လို့ ရမယ်လို့ ထင်ပါတယ်နော်။

ပထမဆုံး စာရွက်ပေါ်တွင် အကွက်ဖော်ပါ။

3

 

အဝတ်စကို အရှည်လိုက်လေး ဖြစ်အောင် ချုပ်ထားလိုက်ပါ။

4

 

အဝတ်စအရှည်ကို စာရွက်နဲ့ ကပ်နေအောင် ပင်အပ်နဲ့ တွဲထားပါ။

5

 

အင်္ကျီလည်ပင်းကို ညှပ်ထားပါ။

6

 

ထောင့်နှစ်ခုကို ကပ်ကြေးနဲ့ ညှပ်ရာ ပေးလိုက်ပါ။

7

 

မီးပူနဲ့ ဖိလိုက်ပါ။

8

 

အကွက်ဖော်ထားတဲ့ အဝတ်စနဲ့ အင်္ကျီလည်ပင်းကို ပင်အပ်နဲ့ တွဲလိုက်ပါ။

9

 

ဒါဆိုရင်တော့ အင်္ကျီလည်ပင်းမှာ အကွက်ဖော်ထားတဲ့ ဒီဇိုင်းမျိုး ရပါပြီ။ အဆင်ပြေပါစေနော်။

Myanmar Textile and Garment Directory

Read 1821 times
Rate this item
(0 votes)