What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ရည်ရွယ်ချက်များ

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ရည်ရွယ်ချက်များ google

ဒီနေ့မှာတော့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ ရည်ရွယ်ချက်များကို ပြောပြပေးမှာ ဖြစ်ပါတယ်။

- မြန်မာနိုင်ငံအတွင်းရှိ အဝတ်အထည်ထုတ်လုပ်သူများအချင်းချင်း ရင်းနှီးခိုင်မြဲစွာ ပေါင်းသင်းဆက်ဆံနိုင်ရေး အတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ပြည့်စုံစွာရရှိပြီး အဓိက အဝတ်အထည် ထုတ်လုပ်သော တစ်ဦး၊ အစုစပ်လုပ်ငန်းဖြစ်စေ (သို့မဟုတ်) ပုဂ္ဂလိကနှင့် အများပိုင် ကုမ္ပဏီလီမိတက် ဖြစ်သည့် (နိုင်ငံသား/နိုင်ငံခြားသား) များဖြစ်စေ မည်သူမဆို အသင်းသားအဖြစ် ဝင်ခွင့်ပြုရန်၊

Read: အင်္ကျီမှာ ထိုးရတဲ့ ပန်း လုပ်နည်း

- မြန်မာနိုင်ငံအတွင်းရှိ အဝတ်အထည်ထုတ်လုပ်သည့် စက်ရုံပိုင်ရှင်များနှင့်ပတ်သက်သော အချက်အလက် များကို နိုင်ငံခြားမှ အဝတ်အထည်ဝယ်လိုသူများအား လိုအပ်ချက်များကို အသိပေးဖြန့်ဖြူးပေးရန်။ အဝတ် အထည်ထုတ်လုပ်သူ အသင်းဝင်များအား အပြည်ပြည်ဆိုင်ရာ ဈေးကွက်၏ သတင်းအချက်အလက်များ ဖြန့်ဖြူးပေးရန်။

- ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အဝတ်အထည်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မြင့်မားလာစေရန်။ ပြည်တွင်းရှိ အဝတ်အထည်ထုတ်လုပ်သည့် စက်ရုံများ၏ ကျွမ်းကျင်မှု အရည်အသွေး တိုးတက်မြင့်မားလာစေရန်။ အသင်း၏ရည်ရွယ်ချက်များ၊ အခွင့်အရေးများနှင့်အောင်မြင်တိုးတက်မှုများဖြစ်ပေါ်ရရှိစေရေးအတွက် အစိုးရ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

- ကုန်သွယ်ရေးနှင့် ဖြစ်နိုင်ဖွယ် အလားအလာရှိသော ဈေးကွက်၏ သတင်းအချက်အလက်များကို ရယူပြီး နိုင်ငံအတွင်း၌ စီးပွားရေးနှင့် စက်မှုကျွမ်းကျင်မှု အတတ်ပညာများကို မြှင့်တင်လုပ်ဆောင်ပေးရန်။

- အဝတ်အထည်လုပ်ငန်းနှင့် ပတ်သက်သည့် အသင်းများနှင့် ပူးပေါင်း၍ဆွေးနွေးပွဲများ၊ အများပြည်သူများ ကြည့်ရှု နိုင်သည့် ပြပွဲများ ၊ ပြခန်းများ ဖွင့်လှစ်ပြသခြင်း၊ အမြတ်အစွန်းများရရှိရန် မဟုတ်သော နိုင်ငံရေးနှင့်ပတ်သက်မှု မရှိသော ပြည်တွင်းပြည်ပလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြရန်။

- အထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအသင်း၏ အကျိုးရှိရာရှိကြောင်း လှုပ်ရှားဆောင်ရွက်ရမည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားရန်။

- အသင်း၏လုပ်ငန်းများ ချောမွေ့စွာ လှုပ်ရှားနိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်စွက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရန်။

- အသင်း၏သဘောတူခွင့်ပြုချက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများတွင် ခွင့်ပြုထားချက်များအရ အမြတ်အစွန်းရရှိရန် မဟုတ်သော လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အစရှိသည်တို့ ဖြစ်ပါသည်။

Myanmar Textile and Garment Directory

Additional Info

  • Top Banner: myanmar-manufacturers-association
  • Bottom Banner: myanmar-manufacturers-association
  • Sidebar Banner: myanmar-manufacturers-association
Read 2534 times
Rate this item
(1 Vote)