What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ထည်တင်ပို့မှုသည် ပြည်ပပို့ကုန်ပမာဏတွင် အတိုးတက်ဆုံးဟု ဆို

မြန်မာနိုင်ငံ၏နိုင်ငံခြား ပို့ကုန်ကဏ္ဍတွင် တိုးတက်မှုအ များဆုံးက အထည်ချုပ်ပို့ကုန်များ ဖြစ်ပြီး ၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ်ခြောက်လအတွင်း ကန်ဒေါ် လာ ၂ ဒသမ ၂ ဘီလီယံရရှိထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက် ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း ချုပ်ထည်ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့်သာရခဲ့ခြင်းကြောင့် တစ်ဘီလီယံကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။
ချုပ်ထည်တင်ပို့မှုတိုးလာ ခြင်းက အီးယူ(ဥရောပသမဂ္ဂအ ဖွဲ့ဝင်နိုင်ငံ)အမှာများတိုးလာခြင်း နှင့် တရုတ်နိုင်ငံမှ အထည်ချုပ် စက်ရုံများ မြန်မာနိုင်ငံတွင် ပြောင်းရွှေ့ပြီး ရင်းနှီးမြှုပ်နှံခြင်းတို့ကြောင့်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
ကြားကာလ ဘဏ္ဍာနှစ် ခြောက်လအတွင်း ပို့ကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ကျော်ရရှိကာ ပြီးခဲ့သည့် ဘဏ္ဍာ နှစ် ကာလတူထက် ၁ ဒသမ ၂ ဘီလီယံ ပိုမို တင်ပို့ထားသည်။ပို့ကုန်ပမာဏ တိုးမြင့်လာခြင်း ကြောင့် မြန်မာနိုင်ငံ၏ကုန်သွယ်မှု ပမာဏက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ ၂ ဘီ လီယံကျော်ပိုများသည်။ ၂၀၁၈ ကြားကာလ ဘဏ္ဍာနှစ်ခြောက် လအတွင်း မြန်မာနိုင်ငံ၏ကုန် သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရရှိထားသည်။
‘‘အထည်ချုပ်အပြင် ကျွဲ၊ နွားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ တိုး တက်တင်ပို့နိုင်တာကြောင့် ပို့ကုန် ပမာဏတိုးတက်လာတာပါ’’ဟု ဦးခင်မောင်လွင်က ပြောသည်။
ပြည်ပ ပို့ကုန်ပမာဏ တိုး လာခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးလိုငွေက ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လျော့နည်းပြီး ၁ ဒသမ ၃ ဘီလီယံခန့်ရှိသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း ကုန်သွယ်မှု လိုငွေက ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံရှိခဲ့သည်။

 

Source:seven day daily

Read 1299 times
Rate this item
(1 Vote)