What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဥရောပသို့ တင်ပို့နေသော မြန်မာ အထည်ချုပ်လုပ်ငန်းများတွင် ကိုရီးယားနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ

မြန်မာနိုင်ငံ၏ ဥရောပအဆင့်မီ တင်ပို့နေသော အထည်ချုပ်လုပ်ငန်းအများစုတွင် ကိုရီးယားနိုင်ငံက အဓိကလာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း Lotte Hotel တွင် ပြုလုပ်သည့် Myanmar-Korea Investment Seminar အခမ်းအနားမှ သိရသည်။


မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ် တော်တော်များများမှာ ကိုရီးယားက ရင်းနှီးမြှုပ်နှံထားတွေ ရှိကြောင်းသိရသည်။ အဓိကတော့ ဥရောပဈေးကွက်ကို သွားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများကို ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံသားပိုင်စက်ရုံများနှင့် နိုင်ငံခြားကုမ္ပဏီများနှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်သည့် ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီများအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
ဖက်စပ်လုပ်ကိုင်သည့် ပြည်ပနိုင်ငံများတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အများဆုံးလာရောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍ၌ စက်ရုံပေါင်း ၄ဝဝ ကျော်အထိ တိုးတက်လာပြီး ၂ဝ၁၆ ခုနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ လုပ်သားအင်အား သုံးသိန်းငါးသောင်းကို ခန့်ထားပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်သားအင်အား၏ ရာခိုင်နှုန်း ၉ဝ သည် အမျိုးသမီးလုပ်သားများဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး ပို့ကုန်အမျိုးစားဖြစ်သော CMP အထည်ချုပ်လုပ်ငန်းသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုရာ၌ သိသာထင်ရှားသော အခန်းကဏ္ဍက ပါဝင်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် မြန်မာ့အထည်အလိပ်ကဏ္ဍမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာနေကြောင်းနှင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အဝတ်အထည်များကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများမှ သုံးစွဲမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားထားသည်။
အထည်ချုပ်ပို့ကုန် ဈေးကွက်တွင်လည်း အီးယူဈေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂ဝ၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈ဝ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
၂ဝ၁၈ ခုနှစ် ဧပြီနှင့် မေလကုန်အထိ ရရှိသောစာရင်းများအရ ပြည်ပပို့ကုန်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ဘီလျံတွင် CMP စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှာ ဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးတင်ပို့ထားပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ဒေါ်လာ ၄၃၃ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၁၈ ခုနှစ် ဧပြီနှင့် မေ နှစ်လအတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်းအုပ်စုမှ CMP စနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုတန်ဖိုးဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးဖြစ်ပြီး ယခင်ကာလတူထက် တန်ဖိုးဒေါ်လာ ၂၆၁ သန်း ပိုမိုတင်ပို့ခဲ့ပြီး ပြည်ပပို့ကုန်ပစ္စည်းတွင် ပထမနေရာတွင် ရှိနေကြောင်း စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂ဝ၁၈ ခုနှစ် ဧပြီ ၁ရက်မှ ဇွန် ၈ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ၂၇၁၁ ဒသမ ၅၄၅ သန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရ သိရသည်။

 

Source:daily eleven

Read 1073 times
Rate this item
(0 votes)