ဖက်ရှင်ဒီဇိုင်နာ ဖြိုးကိုဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Kalawin International Fashion School မှာ 2015 မတိုင်ခင်အစောပိုင်းကတက်ရောက်ခဲ့ပါတယ်။
ယခင်က ဖြိုးသူရစံနာမည်ဖြင့်လူသိများခဲ့ပြီး 2011 ခုနှစ်မှာ ဖြိုးကိုနာမည်ဖြင့် ဖက်ရှင်ဒီဇိုင်နာအဖြစ်စတင်ဝင်ရောက်ခဲ့ပါတယ်။
သူဟာပထမဆုံး Phyo Ko Extraordinary fashion ဆိုင်လေးကိုဖွင့်တဲ့ချိန်မှာ သူ့မှာဖောက်သည်တွေကို အစတည်းကပိုင်ဆိုင်ထားပြီးတာပဲဖြစ်ပါတယ်။
သူဟာ စတိုင်ကျပြီး ခေတ်မီတဲ့ ဒီဇိုင်းမျိုးကိုနှစ်သက်ပါတယ်။ သူဟာ မြန်မာရိုးရာဝတ်စုံတွေကို အနောက်တိုင်းစတိုင်လ်နဲ့ပေါင်းစပ်ချုပ်လုပ်နိုင်တယ်လို့ သူကပြောပြခဲ့ပါတယ်။
သူထပ်ပြောပြခဲ့တာကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အတွက် အထည်အလိပ်ရွေးချယ်မှုက ပိုပြီးအရေးကြီးတယ်လို့ ဆိုထားပါတယ်။ သူကသူရဲ့ ဖန်တီးမှုတိုင်းကို အသေးစိတ်ဂရုစိုက်တယ်။ အချို့ customer တွေကတော့ အခြေခံဒီဇိုင်းမှာအထည်အလိပ်ရွေးချယ်မှုကအရေးကြီးတယ်ဆိုတာကို နားမလည်ခဲ့ပါဘူး။ သူကတော့အဓိကအားဖြင့် ပိုးထည်ကိုသာ ရွေးချယ်အသုံးပြုလေ့ရှိပါတယ်။ မြန်မာအမျိုးသမီးအချို့က ရိုးရာဝတ်စုံချုပ်တဲ့ခါမှာ ပိုးထည်နဲ့ ချုပ်လုပ်တာကို ပိုပြီးလိုချင်ကြပါတယ်လို့ သူကပြောပြခဲ့ပါတယ်။
အခု Textile ပရိသတ်ကြီးအတွက် ဖက်ရှင်ဒီဇိုင်နာ Phyo Ko ရဲ့ဒီဇိုင်းလေးတွေကို မျှဝေပေးမှာပဲဖြစ်ပါတယ်
မိုးဟေကိုရဲ့ပွဲတက်ဖက်ရှင်လေးပဲဖြစ်ပါတယ်။
Model Nang Kae Mar ရဲ့ဖက်ရှင်လေးပဲဖြစ်ပါတယ်။
Model Patrica (စူးရှနိုင်) နှင့် Model Awn Seng တို့ရဲ့ဖက်ရှင်လေးပဲဖြစ်ပါတယ်။