What's new

×

Warning

JUser: :_load: Unable to load user with ID: 845


3rd Indonesia Fashion Week 2019 ပြပွဲတွင် သွားရောက် ယှဉ်ပြိုင် ခဲ့တဲ့ မြန်မာ ဒီဇိုင်နာ မေမြတ်ဝါဆို

3rd Indonesia Fashion Week 2019 ပြပွဲတွင် သွားရောက် ယှဉ်ပြိုင် ခဲ့တဲ့ မြန်မာ ဒီဇိုင်နာ မေမြတ်ဝါဆို google

ဒီဇိုင်နာ မေမြတ်ဝါဆို ကိုယ်တိုင် ဖန်တီးထားသော မြန်မာ ပန်းချီလက်ရာ ချည်ထည်များ နှင့် ချုပ်လုပ်ထားသော ဖက်ရှင်အထည်များကို နှစ်စဉ် အင်ဒိုနီးရှား

နိုင်ငံတွင် ပြုလုပ်သော Indonesia Fashion Week ၌ ပြသခဲ့ရာ ယခု ၂၀၁၉ ခုနှစ် တတိယအကြိမ်တွင်လည်း သွားရောက် ပြသခဲ့ကြောင်း သိရသည်။

1

Read:မြန်မာဝတ်စုံလေးတွေကို နှစ်ခြိုက်စွာ ဝတ်ဆင်တတ်တဲ့ မအေးသောင်း

"Indonesia Fashion Week 2019 ပွဲကြီးကို Jakarta Convention Centre မှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အင်ဒိုနီးရှားနိုင်ငံမှ ဒီဇိုင်နာများအပြင် အီတလီ၊ သြစတြေးလျ၊ ပြင်သစ်၊ မလေးရှား၊ မြန်မာနဲ့ တူရကီ စတဲ့ နိုင်ငံတွေက ဒီဇိုင်နာတွေလည်း လာရောက် ပြသခဲ့ကြပါတယ်။ ပြပွဲက မတ် ၂၇ ကနေ ၃၁ ရက်အထိ ကျင်းပတာပါ။

2

သွားရောက်ပြသတာက ဖွင့်ပွဲနေ့မှာ ပြသခဲ့တာပါ။ ဝတ်စုံပေါင်း ၁၂ စုံ ပြသခဲ့ပြီး အင်းဝခေတ်ကို အခြေခံထားတဲ့ ဝတ်စုံတွေကို မြန်မာမှု လက်မှုပညာများနဲ့ ဖန်တီးထားတဲ့ ရွှေချည်ထိုးနဲ့ ပန်းချီလက်ရာတွေနဲ့ ပေါင်းစပ်ပြသခဲ့ပါတယ်။

3

ဒီပြပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ပြသတာ အခုအကြိမ်နဲ့ဆို သုံးကြိမ်မြောက် သွားရောက် ပြသခြင်း ဖြစ်ပါတယ်" လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ပြောခဲ့ပါတယ်။

Source: Myanmar Light

Myanmar Textile and Garment Directory

Read 1621 times
Rate this item
(1 Vote)