What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အထည်​အလိပ်​ ၁၀ မျိုးရဲ့ အားသာချက် နဲ့ အားနည်းချက်များ

အထည်​အလိပ်​ ၁၀ မျိုးရဲ့ အားသာချက် နဲ့ အားနည်းချက်များ google

ဒီနေ့မှာတော့ အထည်​အလိပ်​ ၁၀ မျိုးရဲ့ အားသာချက် နဲ့ အားနည်းချက် ​တွေကို အနည်းငယ်​ မျှ​ဝေ​ပေးလိုက်​ပါတယ်​။

(1) ချည်​ထည်​ (Cotton)

- ကောင်းတဲ့အချက်​အ​နေနဲ့ အထည်​အလိပ်​​တွေ အားလုံးထဲမှာ နာမည်​အကြီးဆုံး၊ အသုံးအများဆုံးနဲ့ သက်​​တောင့်​သက်​သာ အရှိဆုံး​သော အထည်​တစ်​မျိုးဖြစ်​ပါတယ်​။ ချည်​ထည်​​တွေက စိုထိုင်းမှုကို ထိန်းညှိ​ပေးနိုင်​တယ်​၊ ​ပျော့​ပျောင်းတယ်​၊ ​လေဝင်​​လေထွက်​​ကောင်းတယ်​။ ​နောက်​ပြီး​တော့ ချည်​ထည်​​တွေ​က အသားအရည်​နဲ့ ဓာတ်​ မတဲ့မှုကို အများအားဖြင့်​မဖြစ်​​စေပါဘူး။

- မ​ကောင်းတဲ့အချက်​က​တော့ ချည်​ထည်​​တွေက ​ကျေလွယ်​ပါတယ်​။

1

 Read : ဒီဇိုင်နာဦး၏ စက်ချုပ်သင်တန်းများ Aprilလ တွင် စတင်ပါပြီ

(2) လီနင်​အထည်​ (Linen)

- ​ကောင်းတဲ့အချက်​အ​နေနဲ့ လီနင်​အထည်​​တွေက အရမ်းကို​ပေါ့ပါးပါတယ်​။ ​နောက်​ပြီး​တော့ ဝတ်​ဆင်​တဲ့အခါမှာလည်း စတိုင်​ကျတယ်​၊ ရှုပ်​​ထွေးမ​နေဘူး၊ ထသွားထလာပုံစံမျိုးရှိတယ်​ ဒါ​ပေမယ့်​ လှပ​စွာဝတ်​ဆင်​နိုင်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​​က​တော့ ချည်​ထည်​​တွေလိုဘဲ လီနင်​အထည်​များကလည်း ​ကျေလွယ်​ပါတယ်​။နောက်​တစ်​ချက်​က​တော့ လီနင်​အထည်​​တွေက မီးပူကို အပူချိန်​မြင့်​မားစွာတိုက်​လို့မရပါဘူး။

2

 

(3) ပိုးထည်​ (Silk)

- ​ကောင်းတဲ့အချက်​​အ​နေနဲ့ ပိုးထည်​​တွေက ဆွဲ​ဆောင်​မှုရှိတယ်​၊ ​ပျော့​ပျောင်းတယ်​၊ တန်​ဖိုးရှိတယ်​။ ​ပိုးထည်​​တွေရဲ့ ​ရောင်​ပြန်​ဟပ်​မှု​က ​နွေရာသီရဲ့​နေအလင်း​ရောင်​​အောက်​မှာ ပိုပြီး​တော့​တောက်​ပလှပ​နေတတ်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ ပိုးထည်​​တွေက ပိုး​ကောင်​​လေး​တွေက​နေ ထုတ်​လုပ်​တာဖြစ်​လို့ ရှားပါးပြီး အခြား​သော အထည်​​တွေထက်​ ​ဈေးကြီးပါတယ်​။ ​နောက်​တစ်​ချက်​က​တော့ ပိုးထည်​​တွေက အလွန်​နူးညံ့တဲ့အတွက်​ ထိန်းသိမ်းရခက်​ပါတယ်​။

3

 

(4) ပိုလီအက်​စတာ (Polyester)

- ဓာတု​ဗေဒနည်းနဲ့ ထုတ်​လုပ်​တဲ့အမျှင်​​တွေက​နေ ရက်​လုပ်​ထားတဲ့ အထည်​တစ်​မျိုးဖြစ်​ပြီးတော့ ​ကောင်းတဲ့အချက်​အ​နေနဲ့ Polyester အထည်​​တွေက အချိန်​အ​တော်​ကြာ​အောင်​ ပုံစံနဲ့ ​ချော​မွတ်​မှု​ပြောင်းလဲခြင်းမရှိဘဲ ဝတ်​ဆင်​နိုင်​ပါတယ်​။ အထည်​ရဲ့ ကြာရှည်​ခံမှု​နဲ့ ချည်​ထည်​​တွေထက်​ ​ဈေးသက်​သာမှု​ကြောင့်​ အသုံးများပါတယ်​။ ​နောက်​တစ်​ချက်​က​တော့ ချည်​ထည်​လိုဘဲ တစ်​ခြားအထည်​​တွေနဲ့ အတူ​ရော​နှောရက်​လုပ်​နိုင်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ Polyester အထည်​​တွေက အကယ်​၍​ချွေးထွက်​​နေမယ်​ဆိုရင်​ ​ချွေးကို​ခြောက်​သွား​အောင်​မစွမ်း​ဆောင်​နိုင်​ပါဘူး၊ စိုစွတ်​​နေမှာဖြစ်​ပါတယ်​။ ​နောက်​တစ်​ချက်​က​တော့ အစွန်းအထင်း​တွေကိုလည်း ထင်​ရှားစွာမြင်​​နေရမှာဖြစ်​ပါတယ်​။

4

 

(5) Wool (သိုး​မွှေးအထည်​)

- ကောင်းတဲ့အချက်​အ​နေနဲ့ သိုး​မွှေးအထည်​​တွေက သက်​တမ်းရှည်​ကြာပြီဖြစ်​တဲ့ အထည်​ဖြစ်​ပါတယ်​။ ဓာတ်​မတည့်​မှု​တွေ အများအားဖြင့်​မဖြစ်​​စေနိုင်​ဘဲ ​နွေး​ထွေးမှုကို​ပေးပါတယ်​။ ထူးခြားချက်​တခုက လျှပ်​စစ်​စီးဝင်​မှုကိုခံနိုင်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ အပူချိန်​မြင့်​တဲ့​ရေနဲ့ ​လျှော်​မိတဲ့အခါ ကျုံ့သွားတတ်​ပါတယ်​။ ​နောက်​တစ်​ချက်​က တိရိစ္ဆာန်​ကာကွယ်​မှုအခွင့်​အ​ရေးနဲ့ မကိုက်​ညီခြင်းဖြစ်​ပါတယ်​။

5

 

(6) နိုင်​လွန်​ (Nylon)

- ​ကောင်းတဲ့အချက်​အ​နေနဲ့ နိုင်​လွန်​အထည်​​တွေက ​ဈေးနှုန်းချိုသာပြီး ပိုးထည်​များအစားထိုး အသုံးပြုနိုင်​ပါတယ်​။ ခိုင်​ခံ့မှုနဲ့ ကျုံ့နိုင်​ဆန့်​နိုင်​မှု မြင့်​တဲ့ အထည်​တစ်​မျိုးဖြစ်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ အခြားဖန်​တီးယူတဲ့အထည်​​တွေလိုပါဘဲ ပါတ်​ဝန်းကျင်​ကိုထိခိုက်​မှုရှိပါတယ်​။ ​နောက်​ပြီး​တော့ မြင့်​မားလှတဲ့အပူချိန်​မှာ အရည်​​ပျော်​နိုင်​ပါတယ်​။

6

 

(7) ​ရေယွန်​ပိုးတုအထည်​ (Rayon)

- ​ကောင်းတဲ့အချက်​အ​နေနဲ့ Rayon အထည်​​တွေက လီနင်​၊ ပိုးထည်​နဲ့ သိုး​မွေးထည်​​တွေ အစားထိုးအသုံးပြုနိုင်​ပါတယ်​။ Rayon အထည်​​တွေက ​ပျော့​ပျောင်းပြီး​တော့ အခြား​သောသဘာဝအထည်​​တွေနဲ့ အလွယ်​တကူ​ပေါင်းစပ်​ရက်​လုပ်​နိုင်​ပါတယ်​။ ​ဈေးနှုန်းချိုသာပြီး​တော့ ​ရေဓာတ်​စုပ်​ယူမှုအား​ကောင်းလို့ ပူတဲ့ရာသီဥတု​တွေအတွက်​အသုံးဝင်​ပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ Rayon ဟာ ပလပ်​စတစ်​ကိုအ​ခြေခံပြီး ပြုလုပ်​တာဖြစ်​တဲ့အတွက်​ ပါတ်​ဝန်းကျင်​ ညစ်​ညမ်းမှုနဲ့ တာရှည်​အသုံးခံခြင်းမရှိပါဘူး။

7

 

(8) အသားကပ်​အထည်​ (Lycra)

- ဓာတု​ဗေဒနည်းနဲ့ပြုလုပ်​တဲ့ အသားကပ်​အထည်​ ဖြစ်ပြီးတော့ ကောင်းတဲ့အချက်​အ​နေနဲ့ Lycra အထည်​​တွေက ကျုံ့နိုင်​ဆန့်​နိုင်​မှုအလွန်​​ကောင်းတဲ့အတွက်​ အားကစားဝတ်​စုံများမှာ အသုံးများပါတယ်​။ လှုပ်​ရှားမှုများအတွက်​ သက်​​တောင့်​သက်​သာရှိ​စေပါတယ်​။

- မ​ကောင်းတဲ့အချက်​​တွေက​တော့ Lycra အထည်​​တွေက ကိုယ်​ကပ်​အထည်​​တွေဖြစ်​တာ​ကြောင့်​ ခန္ဓာကိုယ်​ရဲ့ မလှပမှု၊ အပြစ်​အနာအဆာ ကို အများအားဖြင့်​ မဖုံးကွယ်​နိုင်​ပါဘူး။

8

 

(9) အက်​ခရီလစ်​ အထည်​ (Acrylic)

- ဓာတု​ဗေဒနည်းဖြင့်​ပြုလုပ်​ထားတဲ့ ချည်​နဲ့ရက်​လုပ်​ထားတဲ့အထည်​တစ်​မျိုး ဖြစ်ပြီး ​ကောင်းတဲ့အချက်​အ​နေနဲ့ သိုး​မွှေးနဲ့ဆင်​တူပါတယ်​။ နူးညံ့​ပျော့​ပျောင်းပြီး သက်​​တော့သက်​သာရှိ​စေပါတယ်​။

- မ​ကောင်းတဲ့အချက်​က​တော့ ​နွေး​ထွေးမှုမ​ပေးနိုင်​ခြင်းနဲ့ အပူကိုမခံနိုင်​ခြင်းဖြစ်​ပါတယ်​။

9

 

(10) အက်​ဆီတိတ်​အထည်​ (Acetate)

- ဓာတု​ဗေဒနည်းဖြင့်​ပြုလုပ်​ထားတဲ့ ချည်​နဲ့ရက်​လုပ်​ထားတဲ့ အထည်​တစ်​မျိုး ဖြစ်ပါတယ်။ ​ကောင်းတဲ့အချက်​က ပိုးထည်​နဲ့ဆင်​တူတယ်​။ ​မ​ကျောလွယ်​ဘူး။ ​ပျော့​ပျောင်းပြီး​တော့ သပ်​ရပ်​တယ်​။

- မ​ကောင်းတဲ့ အချက်​က အရက်​နဲ့လက်​သည်းဖျက်​​ဆေး စတာ​တွေနဲ့ထိလို့မရပါဘူး။

10

 

Source: ELEGANCE
Myanmar Textile and Garment Directory

Read 5781 times
Rate this item
(0 votes)