What's new

×

Warning

JUser: :_load: Unable to load user with ID: 845


“ 2nd Global Textile Technology & Engineering Show 2019 ” ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်

“ 2nd Global Textile Technology & Engineering Show 2019 ”  ပြပွဲသို့  မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင် Google

          “ 2nd Global Textile Technology & Engineering Show 2019 ”  ပြပွဲကို ၁၈-၁-၂၀၁၉ ရက်နေ့ ကနေ ၂၀ - ၁ - ၂၀၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့၊ Goregaon(East)၊ Bombay Exhibition and Convention Centre မှာ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

          အဆိုပါပြပွဲမှာ နိုင်ငံပေါင်း (၂၃) နိုင်ငံ နှင့် ပြသသူ(၄၀၀)မှ ပါဝင်ပြသသွားမယ်လို့ ခန့်မှန်းထားပြီး အထည်အလိပ်လုပ်ငန်း လုပ်ကိုင်နေသောလုပ်ငန်းရှင်များ နှင့်တွေ့ဆုံနိုင်ကာ စီးပွားရေး လုပ်ငန်း အသစ်များအတွက် ချိတ်ဆက် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။

         အနည်းဆုံး အသင်းဝင် ကိုယ်စားလှယ်(၁၅)ဦး ပါဝင်တက်ရောက်ပါက လေယာဉ်လက်မှတ်အသွား/အပြန်(၂)စောင်နှင့် မွန်ဘိုင်းမြို့ရှိ ကြယ် ၄/၅ပွင့် ဟိုတယ်မှာ (၃) ညတာ တည်းခိုခွင့် ၊ လေဆိပ် အကြို/အပို့ နှင့် ပြပွဲခန်းမသို့ ဝင်ရောက်ခွင့်တိုအပြင် Visiting delegations များအတွက် ITME အဖွဲ့မှ (၁)ရက်တာ မြို့တွင်း သွားလာလည်ပတ်ခွင့် ၊ညစာစားပွဲ နှင့် cultural program များကို စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

          အသေးစိတ်အချက်အလက်တွေကို ထပ်မံ သိရှိလိုပါက အသင်းသားရေးရာဌာန/ပြပွဲဌာနစိတ် ဖုန်း ၀၁ - ၂၃၁၄၃၄၄ (Ext - ၃၀၁) သို့မဟုတ် အီးမေးလ် itpc. This email address is being protected from spambots. You need JavaScript enabled to view it. ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source: UMFCCI

Read 1057 times
Rate this item
(0 votes)
Tagged under