What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မကွေးတိုင်းအတွင်း ချည်မျှင်ရှည်ဝါမျိုးစေ့ ပိဿာ ၅၀၀၀ အခမဲ့ ဖြန့်ဝေမည်

မကွေးတိုင်းအတွင်း ချည်မျှင်ရှည်ဝါမျိုးစေ့ ပိဿာ ၅၀၀၀ အခမဲ့ ဖြန့်ဝေမည် Google

          မကွေးတိုင်းဒေသကြီးအတွင်းရှိ ၂၅ မြို့နယ်မှ ဝါစိုက်တောင်သူများအား ချည်မျှင်ရှည်ဝါ မျိုးစေ့ပိဿာ ၅,၀၀၀ ခန့်ကို ၂၀၁၉ ခုနှစ်အစတွင်​ အခမဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်​​ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်​။

          ၎င်း ဝါမျိုးစေ့ရယူလိုသည့် တောင်သူများအနေဖြင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနများသို့ ဆက်သွယ်ရယူနိုင်ကြောင်း သိရသည်။

          " မ​ကွေးတိုင်းအတွင်းက ဝါစိုက်​ပျိုး​ရေး​ တောင်​သူ​တွေ အဆင်​​ပြေ​စေဖို့အတွက်​ အခုလို စီစဉ်​ရခြင်း ဖြစ်​ပါတယ်​ " ဟု မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

          မကွေးတိုင်းဒေသကြီးအတွင်း ယခင်​အချိန်​များက ဝါစိုက်​ပျိုးမှု နည်းပါး​သော်​လည်း၊ ယခုအခါတွင်​ ဝါစိုက်ပျိုး လာကြသည့်​တွက်​ ဝါမျိုးစေ့များနှင့် နည်းပညာများ ဖြန့်​ဖြူးရန်​စီစဉ်​ရခြင်းဖြစ်​​ကြောင်း သိရသည်​။

          လက်တ​လောတွင်​ မကွေးတိုင်းဒေသကြီး၌ ဝါစိုက်ဧက ၁၈၇,၄၁၉ ဧကရှိနေ​သော်​လည်း၊ ၂၀၁၉ ခုနှစ်​အ​တွင်း ၌ မိုးကြို၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးရာသီများတွင် ဧက(၃)သိန်းထိ တိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

          " ဝါ ပြန်​စိုက်​ရတာက ပဲစင်းငုံ​ဈေးက အရမ်းနည်းသွားကြလို့ ဖြစ်​တယ်​။ အရင်​ကဆိုရင်​ ပဲစင်းငုံက ​ဈေးကွက်​ရှိ တယ်​။ အခုပဲစင်းငုံ ​ဈေးကွက်​က ​ပျောက်​​နေတယ်​။ ဒါ​ကြောင့်​ ​တောင်​သူ​တွေ ဝါ ပြန်​စိုက်​ကြရတာ " ဟု ​ချောက်​မြို့နယ်​၊ မန်​ကျီးကန်​​ကျေးရွာမှတောင်​သူ ဦးကြည်​ဝင်းက ​ပြောသည်​။

Source: ရှယ်မြေ

Read 1994 times
Rate this item
(0 votes)
Tagged under