What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Longyi Brothers

အယူဝါဒတွေကို သရုပ်ဖော်တဲ့ ဇာတ်ကား PK မှ ဇာတ်လိုက် Vijay Deverakonda က လုံချည်ဝတ်တာနဲ့ ပတ်သက်လို့ Instagram မှာ သူ့အမြင်ကို ပြောပြတယ်။

 

လုံချည်ကို စကပ်အဖြစ် ကမ္ဘာ့ထိပ်တန်း အဝတ်အစားလုပ်ငန်း Zara က ထုတ်လုပ် ရောင်းချခဲ့စဉ်က အကြီးအကျယ် ဝေဖန်ခံရတယ်။ သူများနိုင်ငံရဲ့ ယဉ်ကျေးမှု အဝတ်အစားကို အခုလို ဖက်ရှင်လုပ်တာ မလျော်ကန်ဘူးလို့ ပြောဆိုသံတွေ ပွဲဆူခဲ့တယ်။

လုံချည်ကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချတာမှာ ယဉ်ကျေးမှုအရ လက်သင့်ခံနိုင်စရာ ဖြစ်တဲ့အပြင် တန်ဖိုးထားပြီး လျော်ကန်သင့်မြတ်တယ်လို့ ယူဆအောင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခုကတော့ Longyi Brothers ဖြစ်ပါတယ်။

ကြော်ငြာကို ဗဟုသုတ သိကောင်းစရာ အဆာသွပ်ပြီး ရိုက်ကူးထားတဲ့ လုံချည် ဗီဒီယိုက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ Longyi Brothers ရဲ့ ကြော်ငြာဗီဒီယိုဖြစ်ပြီး လုံချည်ဝတ်ဆင်ကြတဲ့ မြန်မာ၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားတို့မှာလည်း ပေါက် သွားခဲ့ပါတယ်။ ဗီဒီယိုမှာ လုံချည်တစ်ထည်ကို အမျိုးမျိုး သုံးလို့ရပုံတွေကို တင်ဆက်ပေးထားတယ်။

မြန်မာမှာ လုံချည် longyi လို့ ခေါ်ပြီး တချို့နိုင်ငံတွေမှာတော့ lungi လို့ ခေါ်ကြတယ်။ အင်ဒိုနီးရှားမှာတော့ sarung လို့ ခေါ်တယ်။ အခု ကုမ္ပဏီက ဗမာအသံထွက်ကို အတည်ယူပြီး ကုမ္ပဏီအမည်ကို Longyi Brothers လို့ အမည်ပေးထားတယ်။ သူ့ရဲ့ လုံချည်တွေကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်တယ်။ တစ်ထည်ကို ကန်ဒေါ်လာ ၅၀ နီးပါးဖြင့် ရောင်းချတယ်။ လုပ်ကိုင်နေတဲ့ ပိုင်ရှင်က ဂျာမန်-ကနေဒါ လူမျိုးဖြစ်သူ Phil Koo ဖြစ်ပါတယ်။


Longyi Brothers ကတော့ လုံချည်ကို အထက်ဆင်တပ်ပြီး လုံချည်အဖြစ်ဖြင့်သာ ထုတ်လုပ်ရောင်းချနေပြီး အောင်မြင်မှု ရရှိနေတယ်။ လျော်ကန်သင့်မြတ်ခြင်းအပြင် တန်ဖိုးထားခြင်းကိုပါ ရရှိနေတယ်။

Phil Koo က ကုမ္ပဏီအမည်ကို လုံချည်လို့ ဗမာအမည်ကို သုံးတာနဲ့ ပတ်သက်လို့ Coconuts နဲ့ အင်တာဗျူးမှာ ပြောပြခဲ့တယ်။ ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်အဖြစ် သူရောက်တဲ့အခါ လုံချည်ကို သူ သိခဲ့တယ်။ လူတိုင်းနီးပါး လုံချည် ဝတ်ထားကြတယ်။ သူ့ကိုလည်း လုံချည်တစ်ထည် ပေးလို့ သူ စဝတ်ဖြစ်တယ်။ သူ အရမ်းကြိုက်သွားတယ်။ အဲဒီမှာ လုံချည်ဆိုတဲ့ ဝေါဟာရကို သူူ ရင်းနှီးသွားခဲ့တယ်။ အဲဒါ မန္တလေးမှာပါ။


ကုမ္ပဏီအမည် မှာ Brothers လို့ ထည့်သုံးတာနဲ့ ပတ်သက်လို့လည်း သူက ပြောပြခဲ့ပါတယ်။ သူက လုံချည် ဘရားသားစ်လို့ မှည့်ခေါ်တာ ဘာလို့လဲဆိုတော့ ဂျာမနီမှ သူ့မိတ်ဆွေက သူနဲ့ အခန်းဖော်။ ခင်ဗျား ဘာဝတ်ထားတာလဲလို့ သူ့မိတ်ဆွေက မေးတော့ သူ့ကို အစမ်းဝတ်ကြည့်ခိုင်းလိုက်တယ်။ တကယ်ကြိုက်သွားတယ်။
ဒီတော့ မြန်မာပြည်က ပြန်လာတိုင်း သူ့မိတ်ဆွေအတွက် လုံချည်နောက်တစ်ထည် ဝယ်လာဖြစ်ပြီး လက်ဆောင်ပေးဖြစ်တယ်။ အဲဒါ ဝေမျှတာ။
ညီရင်းအစ်ကိုသဖွယ် ဆိုတဲ့ စိတ်ကူးကို ရတယ်။ သူက စစ္စတာ ညီအစ်မလို့ မသုံးဘဲ ဘရားသားစ် ညီအစ်ကိုတော်များလို့ သုံးရတာက ယောက်ျားဆန်စေချင်လို့ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အနောက်တိုင်းမှ လူတွေက လုံချည်ကို အလွန်မိန်းမဆန်တဲ့အရာတစ်ခုလို့ မြင်ကြတယ်။ ဒါပေမဲ့ လုံချည်ဟာ အမျိုးသားတွေအတွက်လည်း ဖြစ်တယ်ဆိုတာ သူ ပြသချင်တယ်။
အဲဒီအကြောင်းတွေကြောင့် သူက Longyi Brothers ဆိုတဲ့ အမည်ကို သုံးစွဲတာ ဖြစ်ပါတယ်တဲ့။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အယူ၀ါဒေတြကုိ သ႐ုပ္ေဖာ္တဲ့ ဇာတ္ကား PK မွ ဇာတ္လုိက္ Vijay Deverakonda က လုံခ်ည္၀တ္တာနဲ႔ ပတ္သက္လုိ႔ Instagram မွာ သူ႔အျမင္ကုိ ေျပာျပတယ္။

ကၽြန္ေတာ့မွာ စိတ္၀င္စားစရာ ေမးခြန္းတစ္ခု ရွိတယ္။ လူျဖဴေတြ အိႏိၵယ အ၀တ္အစား ၀တ္ဆင္တဲ့အခါ အ၀တ္အစား အရမ္း လွပတာကုိ ေတြ႕တယ္။ အိႏိၵယရဲ႕အႏုပညာနဲ႔ ယဥ္ေက်းမႈတုိ႔ အရမ္းလွပတာကုိ ေတြ႕တယ္။ ၿပီးေတာ့ ႏွစ္လုိဖြယ္လည္း အလြန္ေကာင္းတယ္။ အထူးသျဖင့္ လုံခ်ည္ဟာ ေဘာင္းဘီထက္ အေတာ္ကေလး သက္ေသာင့္သက္သာ ပုိရွိတယ္လုိ႔ ကၽြန္ေတာ့အသိ အသားျဖဴမ်ဳိးႏြယ္ေတြက ေျပာၾကတယ္။ ပူအုိက္တဲ့ ရာသီဥတုမွာ လုံခ်ည္၀တ္တာေၾကာင့္ အားသာခ်က္ေတြ အမ်ားအျပား ရွိေနတယ္။
ကၽြန္ေတာ္ ကုိယ့္ကုိယ္ကုိယ္ ျပန္ေမးၾကည့္တဲ့ ေမးခြန္းတစ္ခု ရွိတယ္။ အိႏိၵယသား အမ်ားအျပားတုိ႔ဟာ ဘာလုိ႔ အေနာက္တုိင္း အ၀တ္အစားေတြကုိ ၀တ္ဆင္ၾကတာလဲ။
ဘာလုိ႔ အေနာက္တုိင္းမွ ဥေရာပ အ၀တ္အစားဟာ ကမၻာ့ေနရာ အမ်ားအျပားမွာ ပုံမွန္ ျဖစ္ၿပီး လက္ခံႏုိင္စရာလုိ႔ ျဖစ္လာရတာလဲ။ အႏိၵယသားေတြ အာရွသားေတြ အာဖရိကသားေတြက ဘာလုိ႔ အေနာက္တုိင္း အ၀တ္အစားကုိ မ်က္ႏွာသာေပးဖုိ႔ သူတုိ႔ရဲ႕ အ၀တ္အစားေတြကုိ စြန္႔လႊတ္ရတာလဲ။

လုံခ်ည္ကုိ စကပ္အျဖစ္ ကမၻာ့ထိပ္တန္း အ၀တ္အစားလုပ္ငန္း Zara က ထုတ္လုပ္ ေရာင္းခ်ခဲ့စဥ္က အႀကီးအက်ယ္ ေ၀ဖန္ခံရတယ္။ သူမ်ားႏုိင္ငံရဲ႕ ယဥ္ေက်းမႈ အ၀တ္အစားကုိ အခုလုိ ဖက္ရွင္လုပ္တာ မေလ်ာ္ကန္ဘူးလုိ႔ ေျပာဆုိသံေတြ ပြဲဆူခဲ့တယ္။

လုံခ်ည္ကုိ စီးပြားျဖစ္ ထုတ္လုပ္ေရာင္းခ်တာမွာ ယဥ္ေက်းမႈအရ လက္သင့္ခံႏုိင္စရာ ျဖစ္တဲ့အျပင္ တန္ဖုိးထားၿပီး ေလ်ာ္ကန္သင့္ျမတ္တယ္လုိ႔ ယူဆေအာင္ လုပ္ကုိင္ေနတဲ့ လုပ္ငန္းတစ္ခုကေတာ့ Longyi Brothers ျဖစ္ပါတယ္။

ေၾကာ္ျငာကုိ ဗဟုသုတ သိေကာင္းစရာ အဆာသြပ္ၿပီး ရုိက္ကူးထားတဲ့ လုံခ်ည္ ဗီဒီယုိက ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕မွ Longyi Brothers ရဲ႕ ေၾကာ္ျငာဗီဒီယုိျဖစ္ၿပီး လုံခ်ည္၀တ္ဆင္ၾကတဲ့ ျမန္မာ၊ ပါကစၥတန္၊ အိႏိၵယ၊ ဘဂၤလားေဒ့ရွ္နဲ႔ မေလးရွားတုိ႔မွာလည္း ေပါက္ သြားခဲ့ပါတယ္။ ဗီဒီယုိမွာ လုံခ်ည္တစ္ထည္ကုိ အမ်ဳိးမ်ဳိး သုံးလုိ႔ရပုံေတြကုိ တင္ဆက္ေပးထားတယ္။

ျမန္မာမွာ လုံခ်ည္ longyi လုိ႔ ေခၚၿပီး တခ်ဳိ႕ႏုိင္ငံေတြမွာေတာ့ lungi လုိ႔ ေခၚၾကတယ္။ အင္ဒုိနီးရွားမွာေတာ့ sarung လုိ႔ ေခၚတယ္။ အခု ကုမၸဏီက ဗမာအသံထြက္ကုိ အတည္ယူၿပီး ကုမၸဏီအမည္ကုိ Longyi Brothers လုိ႔ အမည္ေပးထားတယ္။ သူ႔ရဲ႕ လုံခ်ည္ေတြကုိ ထုိင္းႏုိင္ငံမွာ ထုတ္လုပ္တယ္။ တစ္ထည္ကုိ ကန္ေဒၚလာ ၅၀ နီးပါးျဖင့္ ေရာင္းခ်တယ္။ လုပ္ကုိင္ေနတဲ့ ပုိင္ရွင္က ဂ်ာမန္-ကေနဒါ လူမ်ဳိးျဖစ္သူ Phil Koo ျဖစ္ပါတယ္။


Longyi Brothers ကေတာ့ လုံခ်ည္ကုိ အထက္ဆင္တပ္ၿပီး လုံခ်ည္အျဖစ္ျဖင့္သာ ထုတ္လုပ္ေရာင္းခ်ေနၿပီး ေအာင္ျမင္မႈ ရရွိေနတယ္။ ေလ်ာ္ကန္သင့္ျမတ္ျခင္းအျပင္ တန္ဖုိးထားျခင္းကုိပါ ရရွိေနတယ္။

Phil Koo က ကုမၸဏီအမည္ကုိ လုံခ်ည္လုိ႔ ဗမာအမည္ကုိ သုံးတာနဲ႔ ပတ္သက္လုိ႔ Coconuts နဲ႔ အင္တာဗ်ဴးမွာ ေျပာျပခဲ့တယ္။ ၂၀၀၉ ခုႏွစ္မွာ ျမန္မာႏုိင္ငံကုိ ပထမဆုံး အႀကိမ္အျဖစ္ သူေရာက္တဲ့အခါ လုံခ်ည္ကုိ သူ သိခဲ့တယ္။ လူတုိင္းနီးပါး လုံခ်ည္ ၀တ္ထားၾကတယ္။ သူ႔ကုိလည္း လုံခ်ည္တစ္ထည္ ေပးလုိ႔ သူ စ၀တ္ျဖစ္တယ္။ သူ အရမ္းႀကိဳက္သြားတယ္။ အဲဒီမွာ လုံခ်ည္ဆုိတဲ့ ေ၀ါဟာရကုိ သူူ ရင္းႏွီးသြားခဲ့တယ္။ အဲဒါ မႏၱေလးမွာပါ။


ကုမၸဏီအမည္ မွာ Brothers လုိ႔ ထည့္သုံးတာနဲ႔ ပတ္သက္လုိ႔လည္း သူက ေျပာျပခဲ့ပါတယ္။ သူက လုံခ်ည္ ဘရားသားစ္လုိ႔ မွည့္ေခၚတာ ဘာလုိ႔လဲဆုိေတာ့ ဂ်ာမနီမွ သူ႔မိတ္ေဆြက သူနဲ႔ အခန္းေဖာ္။ ခင္ဗ်ား ဘာ၀တ္ထားတာလဲလုိ႔ သူ႔မိတ္ေဆြက ေမးေတာ့ သူ႔ကုိ အစမ္း၀တ္ၾကည့္ခုိင္းလုိက္တယ္။ တကယ္ႀကိဳက္သြားတယ္။ 
ဒီေတာ့ ျမန္မာျပည္က ျပန္လာတုိင္း သူ႔မိတ္ေဆြအတြက္ လုံခ်ည္ေနာက္တစ္ထည္ ၀ယ္လာျဖစ္ၿပီး လက္ေဆာင္ေပးျဖစ္တယ္။ အဲဒါ ေ၀မွ်တာ။
ညီရင္းအစ္ကုိသဖြယ္ ဆုိတဲ့ စိတ္ကူးကုိ ရတယ္။ သူက စစၥတာ ညီအစ္မလုိ႔ မသုံးဘဲ ဘရားသားစ္ ညီအစ္ကုိေတာ္မ်ားလုိ႔ သုံးရတာက ေယာက္်ားဆန္ေစခ်င္လုိ႔ ျဖစ္တယ္။ ဘာလုိ႔လဲဆုိေတာ့ အေနာက္တုိင္းမွ လူေတြက လုံခ်ည္ကုိ အလြန္မိန္းမဆန္တ့ဲအရာတစ္ခုလုိ႔ ျမင္ၾကတယ္။ ဒါေပမဲ့ လုံခ်ည္ဟာ အမ်ဳိးသားေတြအတြက္လည္း ျဖစ္တယ္ဆုိတာ သူ ျပသခ်င္တယ္။
အဲဒီအေၾကာင္းေတြေၾကာင့္ သူက Longyi Brothers ဆုိတဲ့ အမည္ကုိ သုံးစြဲတာ ျဖစ္ပါတယ္တဲ့။

Read 2655 times
Rate this item
(0 votes)
Tagged under