What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထီးနဲ့မိုးကာ ဘယ်ဟာ ပိုရောင်းကောင်းသလဲ

နိင်ငံခြားဖြစ် အ၀တ်အထည်(ဘေထုပ်)ရောင်းတာ အနှစ်နှစ်ဆယ် အစိတ်ရှိပြီဖြစ်ပြီး ကျွန်တော်နဲ့လည်းရင်းနှီးတဲ့ ကိုမြအောင်ကို မေးကြည့်ဖြစ်ပါတယ်။


အခုဒီမိုးရာသီမှာ ဘယ်လိုအထည်တွေအရောင်းသွက်လည်းပေါ့။
ကိုမြအောင်က
“အခုက မိုးတွင်းဆိုတော့ အရောင်းထိုင်းတယ်။ ဘာမှမယ်မယ်ရရ မရောင်းရဘူး။ အခုရက်ပိုင်း … မိုးကာလား. . သူလည်း သိပ်မရောင်းရပါဘူးကွာ။ ထီးကတော့ တော်တော်အ၀ယ်လိုက်တယ်” လို့ပြန်ဖြေပါတယ်။
ကျွန်တော်က
“ဒီဘေထုပ်တွေထဲ အ၀တ်အထည်တွေပဲ ပါတယ် ထင်တာ”
ကိုမြအောင် ပြောလက်စ စကားကို ဖြတ်ပြီး ကျွန်တော်က ပြောလိုက်တယ်။
သူက စကားဆက်တယ်။
“ထီးကတော့ကွာ ။ ရာသီစာအနေနဲ့ပဲ ရောင်းဖို့ဆောင်ထားကြတာ ။ ထီးသီးသန့်ရယ်လို့တော့ မလုပ်ကြပါဘူး”
ကျွန်တော်က
“ဟာ အစ်ကိုအဆန်းပါလား။ ဘေထုပ်ထီးရယ်လို့ ခုမှကြားဘူးတာပဲ။ ဒါဆိုလုပ်ပါဦးဗျ။ သူ့ဈေးကွက်ကရော ဘယ်လိုရှိလည်း” လို့ မေးမိတယ်။
ကိုမြအောင်က
“သူကကွာ နှစ်မျိုးလာတယ်။ တစ်သိန်းခွဲဝန်းကျင်တန် အထုပ်နဲ့ နှစ်သိန်းခွဲဝန်းကျင်တန်အထုပ် ဆိုပြီး။ အ၀တ်အစားကီလိုလုံးတွေလိုပါပဲ။ သူကျတော့ အချောင်းအရေအတွက်နဲ့ပေါ့။ တစ်ထုပ်ကိုအချောင်း ၈၀၊ ၉၀ အများဆုံး ၁၀၀ ပေါ့ကွာ။ ဒါပေမဲ့ သူ့ဟာတွေမှာ အပျက်အစီး ၊ အကျိုးအကျေတွေက ရှိသေးတာကိုးကွ။ တစ်ထုပ်တစ်ထုပ်ကို ရောင်းတန်းဝင်အချောင်း ၆၀ အများဆုံးပါပဲ” လို့ ပြောပြတယ်။

 

pi shin

ကျွန်တော်က ဆက်လက်ပြီး
“တစ်သိန်းခွဲဝန်းကျင်အထုပ်နဲ့ နှစ်သိန်းခွဲဝန်းကျင်တန်အထုပ် ဘယ်လိုကွာခြားသလဲ” လို့ မေးမြန်းခဲ့ရာ ကိုမြအောင်က
“ဟ ၊ ကွာတာပေါ့ကွ။ တစ်သိန်းခွဲအထုပ်က China Made တွေ။ တော်တော်စုတ်တယ်။ နှစ်သိန်းခွဲဝန်းကျင်အထုပ်ကတော့ အစုံပါပဲကွာ။ Japan Made အကောင်းစားတွေတောင် ပါလာတတ်တယ်” လို့ ပြောကြားခဲ့တယ်။
ထို့နောက် ကျွန်တော်က ရောင်းဈေးကိုပါ ဆက်လက်စပ်စုခဲ့ရာ သူက
“China Made တွေကတော့ ငါတို့ရောင်းတာ ၁၅၀၀ ၊ ၂၀၀၀ ၊ အများဆုံး ၃၀၀၀ ပေါ့ကွာ။ အဲ့ထက်တော့ မပိုပါဘူး။ နှစ်သိန်းခွဲတန်အထုပ်ကဟာတွေကတော့ အမျိုးမျိုးအစားစားရှိတယ်။ ၄၀၀၀ ၊ ၅၀၀၀ ၊ ၆၀၀၀ ၊ ၁ သောင်းပေါ့ကွာ၊ တစ်သောင်းလောက်ဆို ဂျပန်ထီးကောင်းကောင်းရပါပြီ” လို့ ဖြေကြားပေးခဲ့ပါတယ်။
ကျွန်တော်က
“ဒါဆို ၁ သောင်းတန်ကဈေးအကြီးဆုံးပေါ့။ ဟုတ်လား”
လို့ ထပ်မေးလိုက်ရာ ကိုမြအောင်က
“ဟာ သူ့ဟာနဲ့သူ အစားအစားရှိတာပေါ့ကွ။ ဒါပေမဲ့ အများဆုံးရောင်းရတာကတော့ ၁ သောင်းတန်လောက် အထိပါပဲ”
လို့ ပြောပြပါတယ်။ ။

Read 1206 times
Rate this item
(1 Vote)