What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တရုတ်ပြည်မှာတွင်တွင်ကျယ်ကျယ်ရောင်းချနေသောကြောင်မွေးအင်္ကျီများ

ကြောင်မွေး အင်္ကျီများကို တရုတ်ရှိလမ်းဘေးဈေးများတွင် ၃၅ ဒေါ်လာဖြင့်ရောင်းချနေသည်။

ကျားလက်သည်းများနှင့် အခြားသော မျိုးသုဉ်းလုနီးပါးတိရစ္ဆာန်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း တရုတ်ရှိ မွန်ဂိုးလီးယားဒေသ ဟိုဟော့တ်ဒေသတွင် တွင်တွင်ကျယ်ကျယ်ရောင်းချနေခြင်းဖြစ်သည်။

ပေကျင်းမြို့မှ ကားဖြင့် ငါးနာရီမျှသာ သွားရသည့် ထိုနေရာသည် မြို့ကြီးပြကြီးများနှင့် ကမ္ဘာခြားနေသကဲ့သို့ဖြစ်နေသည်။

ထိုနေရာတွင် ကြောင်လည်းအလွန်ရှားသည်။ထို့ကြောင့် ယင်းတွင် ကြောင်မွေးအင်္ကျီများလူကြိုက်များခြင်း ဖြစ်ပေလိမ့်မည်။

ထိုနေရာတွင် ကြောင်မွေးအင်္ကျီရောင်စုံကို တွေ့မြင်ရမည်ဖြစ်သည်။ ကြောင်မွေး စစ်စစ်များဖြစ်သည်။

မဝယ်လျှင်မထိရဟူသောသတိပေးစာသားများကိုလည်းထိုအင်္ကျီများအနီးတွင် တွေ့ရမည်ဖြစ်သည်။

နှစ်စဉ် တရုတ်တွင် မရေတွက်နိုင်သည့်ကြောင်များ ပျောက်ဆုံးနေကြောင်း၊ အဆိုပါကြောင်များ၏ အမွေးများသည် အင်္ကျီများ ဖြစ်ကုန်ခြင်းဖြစ်ကြောင်း၊ အချို့ကြောင်မွေးများမှာလည်း နိုင်ငံရပ်ခြားသို့ ရောက်ကုန်ကြောင်း တိရစ္ဆာန်များကိုကောင်းမွန်စွာ ပြုမူဆက်ဆံရေးအဖွဲ့မှညွှန်ကြားရေးမှူး အီလီဆာအယ်လန်ကဆိုသည်။

 

Source:Pyi Myanmar

Read 927 times
Rate this item
(1 Vote)