What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စေ့စပ်ပွဲအတွက် ဝတ်စုံရွေးချယ်တဲ့အခါ

စေ့စပ်ပွဲအတွက် ဝတ်စုံရွေးချယ်တဲ့အခါ google

စေ့စပ်ပွဲအတွက် ဝတ်စုံကို ဘာဝတ်ရရင် ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့ သတို့သမီးလောင်းကလေးတွေကို စေ့စပ်ပွဲမှာ ဘယ်လို ဖက်ရှင်မျိုးကို ရွေးချယ်သင့်တယ်၊

ဘာဝတ်သင့်တယ်ဆိုတာ ပြောပြပေးပါမယ်နော်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ စေ့စပ်ပွဲလေးမှာ လှပတဲ့ သတို့သမီးလောင်းလေး အဖြစ် ဖြတ်သန်းနိုင်ဖို့ အတွက် အကြံကောင်း ဉာဏ်ကောင်းတွေ လိုမှာပါ။

မင်္ဂလာ ဝတ်စုံကို အဖြူရောင်လေး ရွေးချယ်ထားတယ်ဆိုရင်တော့ စေ့စပ်ပွဲအတွက် အဖြူကို မရွေးချယ်သင့်ပါဘူးနော်။ စေ့စပ်ပွဲ ဝတ်စုံနဲ့ မင်္ဂလာပွဲ ဝတ်စုံ အရောင်မတူစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ပွဲနှစ်ပွဲကို အလှတရား ရသနှစ်မျိုး ပေးစွမ်းနိုင်စေချင်လို့ ဖြစ်ပြီး ဓာတ်ပုံတွေထဲမှာလည်း ဝတ်စုံမတူရင် ပိုလှနေမှာမို့ပါ။

စေ့စပ်ပွဲအတွက် မြန်မာဝတ်စုံပဲ ဝတ်ဝတ်၊ ပွဲတက် ဂါဝန်ပဲ ဝတ်ဝတ် လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်းမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။ မင်္ဂလာပွဲဝတ်စုံလို အလှဆင်ပစ္စည်းတွေ၊ ကျောက်တွေ ပြိုးပြိုးပျက်ပျက်နဲ့ အလှဆင်စရာ မလိုဘဲ ဖန်စီပစ္စည်းလေးတွေ၊ ဇာလေး၊ ပန်းလေးတွေကို တွဲဖက်ပြီး ဆင်ယင်ထားရင်ပဲ အဆင်ပြေပါပြီ။

စေ့စပ်ပွဲ ဝတ်စုံဟာ နေ့စဉ်ဝတ်နေကျထက် ပိုလှနေဖို့ပဲ လိုတာပါ။ မင်္ဂလာဝတ်စုံလိုမျိုး အထူးတလည် စီစဉ်ပြီး ချုပ်စရာ မလိုပါဘူးနော်။ စေ့စပ်ပွဲအတွက် ဝတ်စုံဖိုးထပ်မကုန်စေဖို့ ကိုယ့်မှာရှိပြီးသား ဝတ်စုံအသစ်လေးတွေကိုပဲ ပြန်ဝတ်လို့ရသလို ပြန်ပြီးအလှဆင်ယင်ပြီးတော့လည်း ဝတ်ဆင်လို့ရပါတယ်။

Read 2673 times
Rate this item
(0 votes)