What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထိပ်တန်း ဒီဇိုင်နာတွေရဲ့ သတို့သမီး ဝတ်စုံများ

မြန်မာပြည်ရဲ့ ၂၀၁၈ ခုနှစ်ဟာ Wedding Fair တွေ၊ Bridal Show တွေနဲ့ ပြည့်နှက်နေတဲ့ နှစ်လို့ဆိုရမှာပဲ။ Social Media ခေတ်ကြီးဟာ လူ့အဖွဲ့စည်းတစ်ခုလုံးကို ပြောင်းလဲလိုက်ပြီး လူတိုင်းရဲ့ အမှတ်တရတွေနေ့ရက်တွေက အွန်လိုင်း ပြခန်းတွေထဲမှာ ပြန့်ကြဲနေခဲ့တာ အားလုံးအတွေ့ပဲလေ။ အဲဒီလို အမှတ်တရနေ့ရက်တွေထဲမှာမှ ချစ်ခြင်းမေတ္တာတွေပေါင်းစည်းတဲ့ မင်္ဂလာအချိန်ခါကို မှတ်တမ်းတင် မျှဝေရခြင်းကလည်း ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။

မင်္ဂလာပွဲတွေကို ပုံစံမျိုးစုံနဲ့ ဇာချဲ့ပြီး စေ့စပ်ပွဲ၊ လက်မှတ်ထိုးတဲ့နေ့၊ မင်္ဂလာဦးဆွမ်းကျွေး၊ မင်္ဂလာဆောင်တဲ့နေ့၊ ညစာစားပွဲ စသဖြင့် ပွဲအရေအတွက်တွေ ထပ်တိုးကျင်းပလာသလို နဂိုကတည်းက မြန်မာရိုးရာ ထိမ်းမြားမင်္ဂလာပွဲတွေကို ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ခုလည်းရှိတော့ ဒီနေ့ခေတ်ရဲ့ မင်္ဂလာဆောင်တွေဟာ အလုပ်သိပ်ရှုပ်ပြီး စီစဉ်ရတာ ပင်ပန်းလှပါတယ်။ အဲဒါကြောင့် မင်္ဂလာပွဲနဲ့ပတ်သက်ပြီး များမြောင်လှသော ဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်ပေါက်လှပြီး မင်္ဂလာဆောင်တဲ့ ရာသီမရောက်ခင် ရန်ကုန်မြို့ရဲ့ ဟိုတယ်တိုင်းမှာ Wedding Fair တွေကို ကျင်းပလာခဲ့ကြပါတယ်။
Pan Pacific Yangon မှာ ကျင်းပခဲ့တဲ့ A moment of Love ဆိုတဲ့ Wedding Fair ကလည်း မျိုးစားစုံလင်လှသော ဝန်ဆောင်မှုများကို ပြသ ရောင်းချလျက် မြန်မာထိပ်တန်း ဒီဇိုင်နာများရဲ့ မင်္ဂလာဝတ်စုံများကို ပြသခဲ့ပါတယ်။ အဲဒီပွဲရဲ့ Gala Show Time မှာပြသသွားခဲ့တဲ့ သတို့သမီးဝတ်စုံတွေကတော့ ဒီနှစ်ရဲ့ သတို့သမီးလေးတွေကို အလှဆုံးဖြစ်စေမှာ အသေချာပဲလေ။ အဲဒီပွဲ ဘယ်ဒီဇိုင်နာက ဘယ်လိုဝတ်စုံတွေကို ဖန်တီးပြီး ပြသသွားခဲ့လဲဆိုတာ လေ့လာလိုက်ရအောင်နော်။

ခမ်းနားဝင့်ကြွား ထိုင်မသိမ်းများ

myanmr traditional wedding dress min

ထိုင်မသိမ်းများကို ချိတ်တွေအစား ခရစ်စတယ်တွေ၊ စီးကွင်း အသေးစိတ် တွေနဲ့ ဖန်းတီးရာမှာ လက်ရာမြောက်လွန်းတဲ့ ဒီဇိုင်နာ ပြည်စိုးအောင် (Exclusive Bridal Creations) ရဲ့ ဝတ်စုံတွေက သိပ်ကို ခမ်းနားဝင့်ကြွားလွန်းလှပါတယ်။ အဖြူ၊ ရွှေဝါရောင်၊ ပန်းရောင်နဲ့ အပြာရောင် ဝတ်စုံတွေပေါ်မှာ လှပလွန်းတဲ့ ပန်းပွင့်တွေ၊ တဖိတ်ဖိတ်တောက်နေတဲ့ ခရစ်စတယ်၊ စီးကွင်းတွေကို အသေးစိတ် ချယ်မှုန်း ဒီဇိုင်းဖော်ထားသည်မှာ ရင်သပ်ရှုမော ဖွယ်လှပါပြီး တောက်ပနေတဲ့ သတို့သမီးလေးတွေအဖြစ် အသွင်းပြောင်းပေးမှာ အသေချာပဲဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ အသေးစိတ် ဒီဇိုင်းတွေနဲ့ ပုံဖော်ထား ခြုံလွှား အကြီးကြီးတွေဟာ မင်္ဂလာလျှောက်လမ်းပေါ်က ခြေလှမ်းတိုင်းကို ခမ်းနားစေမှာ အမှန်ပဲဖြစ်ပါတယ်။

ရွှေရောင်အသွင်နဲ့ ရိုးရာချိတ်အဆင်

traditional bridal dress min

ရွှေတွေကို ညွှတ်နေဝင်းနေအောင် ပန်ဆင်ပြီး ပွဲထွက်ချင်တဲ့ သတို့သမီးလေးတွေကတော့ ဒီဇိုင်နာ မမြင့်ဇူ (Zu Zu Collection)ရဲ့ လက်ရာကို ရွေးချယ်သင့်ပါတယ်။ အနောက်တိုင်း ပွဲတက်ဂါဝန်တစ်မျိုးဖြစ်တဲ့ Strapless Dress ပုံစံမျိုး ပုံဖော်ထားတဲ့ အပေါ်အင်္ကျီမပါဘဲ ရင်ခံကို ဒီဇိုင်းဖော်ထား ဝတ်စုံတွေဟာ သတို့သမီးလေးတွေရဲ့ လှပတဲ့ လည်တိုင်များနဲ့ ရင်ညွှန်တွေကို ဖော်ထုတ်ပေးပြီး ရွှေဘယက်တွေ လည်ဆွဲတွေကို စိတ်ကြိုက်ဆင်မြန်းလို့ရပါတယ်။ ပြီးတော့ သူ့ရဲ့ လှပဝင့်ကြွားတဲ့ ချိတ်လိုင်းတွေဟာ မြန်မာဆန်ခြင်းကို မပျောက်ပျက်သွားစေဘဲ ဆန်းသစ်လှပမှုတစ်ခုကို ရမှာဖြစ်ပါတယ်။ ရွှေရောင်ဝင်းတဲ့ ချိတ်လိုင်းတွေနဲ့ အလှပဆုံးသော သတို့သမီးတစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပါ။

ညှို့အားပြင်းတဲ့ ညနေခင်း

evening dress min

ဒီဇိုင်နာ လတ်လတ်( Lady Boutique Special) ရဲ့ ပန်းခရမ်းရောင်၊ ချယ်ရီရောင်၊ လီလီပန်းရောင်၊အနီနဲ့ အပြာရောင်တွေ နဲ့ ဖန်တီးထားတဲ့ သတို့သမီး ဝတ်စုံတွေဟာ မင်္ဂလာညနေခင်းမှာ သိပ်ကို လှပနေစေမှာဖြစ်ပါတယ်။ စီးကွင်းတွေ၊ ခရစ်စတယ် အသေးစိတ်ဒီဇိုင်းတွေနဲ့ ပုံဖော်ထားတဲ့ ဝတ်စုံတွေမှာ ပန်းပွင့်အကြီးကြီး တွေကို တွဲဖက်ချုပ်လုပ်ထားတာက သိပ်ကိုလှပပြီး ညှို့အားပြင်းတဲ့ အသွင်တစ်ခုကို ရရှိစေမှာပါ။ သူရဲ့ ဝင့်ကြွားပြီး ညှို့အားပြင်းလှတဲ့ ဝတ်စုံတွေကို သတို့သမီးဝတ်စုံတွေကတော့ မင်္ဂလာညစာစားပွဲအတွက် အကောင်းဆုံးသော ပွဲတက်ဝတ်စုံတွေဖြစ်မှာ အသေချာပဲလေ။

မတူထူးခြား လှပလွန်းတဲ့ သတို့သမီးများ

bridal dress min

ကမ္ဘာကျော်ဒီဇိုင်နာတွေ အကုန်လုံးက ဂျမ်ဆုတွေ၊ ပါဂျာမားတွေ၊ မီနီစကပ်တွေ ကို ဆန်းသစ်ပြီး သတို့သမီးဝတ်စုံတွေ အဖြစ်ဖန်တီးနေတဲ့ အချိန်မှာပဲ မိုးကုတ်ပေါက်ပေါက် (Couture) ကလည်း သူရဲ့ သတို့သမီးဝတ်စုံများကို အဲဒီလို ပုံစံမျိုးတွေနဲ့ ဆန်းသစ်ဖန်တီးခဲ့ပါတယ်။ သူရဲ့ Collection တစ်ခုလုံးကို အဖြူတွေသုံးခဲ့ပြီး ဝတ်စုံတွေအားလုံးဟာ သိပ်ကိုလှပပြီး ဖြူစင်ခြင်းနဲ့အတူ ဆွဲဆောင်မှုပြင်းတဲ့ အမြင်တစ်ခုကိုရရှိစေမှာဖြစ်ပါတယ်။ သူ့ရဲ့ ဝတ်စုံတွေဟာ ဒီနှစ်ရဲ့ Trend နဲ့ တစ်ထပ်တည်းကျပြီး အဲဒီဝတ်စုံတွေ ဆင်မြန်းထားတဲ့ သတို့သမီးရဲ့ အမှတ်တရပုံရိပ်တွေဟာ Instagram နဲ့ Facebook ရဲ့ Photo Gallery ကို လုံးဝပြီးပြည့်စုံမှာပဲပေါ့။

တင့်ရွှန်းလှပ မင်္ဂလာလျှောက်လှမ်းပေါ်က အလှ

wedding dress min

ဒီဇိုင်နာ ကောင်းမြတ် (Haute Couture)ရဲ့ သတို့သမီး ဝတ်စုံတွေဟာ Fall/Winter 2018 ရဲ့ Trend အားလုံးကို စုစည်း အနှစ်ချုပ်ထားသလားမှတ်ရတယ်။ ခါးပါတ်အပြားကြီးတွေ၊ ပွပွယောင်းယောင်း အတွန့်အခေါက်အကြီး အဖြစ်ဖန်တီးထားတဲ့ ခြုံလွှာတွေနဲ့ ချိတ်အဆင်တွေဟာ ယိုးဒယား အငွေ့သက်တွေလွှမ်းပြီး သိပ်ကို ကျက်သရေရှိနေပါတယ်။ ဘလေဇာပုံစံ အင်္ကျီကို အောက်က ချိတ်အဆင်နဲ့ တွဲဖက်ထားတာတွေ၊ ပခုံးတခြမ်းပြတ် လည်ပင်းပုံစံတွေနဲ့ ချိတ်အဆင် တွဲဖက် ဒီဇိုင်းတွေဟာ အင်းအားပြည့်ဝတဲ့ မိန်းမသား အသွင်တစ်ခုကို ပေးစွမ်းပြီး အနက်ကို အနီညို၊ အပြာစတဲ့ အဝါစတဲ့ အရောင်တွေနဲ့ တွဲဖက်ထားတာက လည်း တောက်ပတဲ့ သတို့သမီးတစ်ယောက် အဖြစ်ပုံပေါ်စေမှာ အမှန်ပဲလေ။

နတ်သမီးလေး တစ်ပါးလို လှပစေမယ့် Wedding Dress ဒီဇိုင်းများ

 

Source:moda

Read 2133 times
Rate this item
(1 Vote)