What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မင်္ဂလာဝတ်စုံကို ဘိလပ်မြေအိတ်တွေနဲ့ ဖန်တီးခဲ့သူ

နိုင်ငံတကာ မင်္ဂလာဝတ်စုံတွေကို ပိုးသား၊ ဇာ နဲ့ဖဲပြောင်သားတွေနဲ့ ချုပ်လုပ်နေစဉ်မှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ဒီဇိုင်နာကတော့ နောက်ဆုံးထွက်ကုန်ကြမ်းပစ္စည်းတွေနဲ့ လူသန်းပေါင်းများစွာကို အံ့အားသင့်စေခဲ့ပါတယ်။ Tan Lili လို့အမည်ရတဲ့အသက် ၂၈ အရွယ်အမျိုးသမီးဟာ မင်္ဂလာဝတ်စုံဂါဝန်ရှည်ကို စွန့်ပစ်ထားတဲ့ ဘိလပ်မြေအိတ်အလုံး ၄၀ နဲ့ချုပ်လုပ်ပြခဲ့ပါတယ်။ ဒီလိုပါရမီရှိတဲ့အမျိုးသမီးဟာ ဒီဇိုင်နာကျောင်းကိုတစ်ခါမှမတက်ခဲ့ဖူးတဲ့လယ်သူမတစ်ဦးဖြစ်ပြီး သူမကဒီဝတ်စုံကို မိုးရွာတဲ့နေ့တစ်နေ့မှာဖန်တီးခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။

Tan ဟာ အသက်၁၈ နှစ်အရွယ်မှာ အလယ်တန်းကျောင်းကထွက်ခဲ့ပြီး မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်ထဲမှာပဲအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ မိုးတွေအရမ်းရွာတော့ လယ်ကွင်းထဲမသွားနိုင်ခဲ့တာကြောင့် ပျင်းနေခဲ့ပြီး မဂ္ဂဇင်းတွေထဲမှာတွေ့ရတဲ့ ဂါဝန်တွေကိုအတုယူကာ ဘိလတ်မြေအိတ်တွေနဲ့ဖန်တီးမယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာတော့ Tan ဟာ သူမကိုယ်တိုင် ၃ နာရီကြာဖန်တီးထားတဲ့ဝတ်စုံနဲ့ဂုဏ်ယူစွာလမ်းလျှောက်ပြနေပုံတွေကိုတွေ့မြင်နိုင်ပါတယ်။

Tan Lili wedding dress min

Tan ဟာလူမှုကွန်ယက်ပေါ်မှာ ဗီဒီယို တစ်ခုတင်ပြခဲ့ပြီး ကြည့်ရူသူ လေးသန်းကျော်ရှိခဲ့တယ်လို့တရုတ်နိုင်ငံအခြေစိုက်သတင်းမီဒီယာတွေကိုဖော်ပြထားကြပါတယ်။ သူမဟာ မြက်၊ သက်ရွက်နဲ့ ပန်းပွင့်တွေလဲဒီလိုဖန်တီးမှုမှာအသုံးပြုခဲ့ပြီး သူမဟာ ပိုလှနေရင်ကြည့်တဲ့သူပိုများမယ်ထင်တယ်လို့ Tan ကသတင်းမီဒီယာတွေကိုပြောခဲ့ပါတယ်။

cement plastic wedding dress min

ပုံမှန်ထက် ကွဲပြားခြားနားတဲ့ သတို့သမီးဝတ်စုံတွေ

 

Source:mingalarbar

Read 1206 times
Rate this item
(1 Vote)