What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Summer Outfits Style

Summer Outfits Style google

နွေရာသီမှာ ပေါ့ပေါ့ပါးပါး စတိုင်လ်လေးတွေနဲ့ လန်းချင်ကြတဲ့ ပျိုမေလေးတွေအတွက် Summer Outfits Style လေးတွေကို မျှဝေပေးချင်ပါတယ်။

လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားလေးတွေနဲ့ဆိုရင် စိတ်ကျဉ်းကျပ်ပြီး ပူလောင် အိုက်စပ်နေတဲ့ ခံစားချက်ကို ရရှိစေမှာ မဟုတ်ပါဘူး။

တစ်ခုသတိပေးချင်တာကတော့ ပူအိုက်တဲ့ ရာသီဥတုမှာ စိတ်ကျဉ်းကျပ်စေတဲ့ ဝတ်စုံတွေ၊ တအားကျပ်ထုတ်နေတဲ့ ဝတ်စုံတွေကို မဖြစ်မနေ ဝတ်ရမယ့် အခြေအနေကလွဲရင် မဝတ်ဆင်စေချင်ပါဘူးနော်။

(1) အရောင်ဖျော့ဖျော့ အပွင့်အခက်လေးတွေပါတဲ့ ချည်သားဂါဝန်လေးတွေ
အဲ့လို ဂါဝန်လေးတွေက သင့်ကို လှပစေပြီးတော့ စတိုင်လ်လည်း ကျနေစေနိုင်ပါတယ်။ ဂါဝန်လှလှလေးတွေ ဝတ်ဆင်ရတာကို သဘောကျတဲ့ ပျိုမေလေးတွေအတွက်တော့ ရွေးချယ်သင့်တဲ့ ဖက်ရှင်စတိုင်လ်တစ်ခုပါ။

fas1

 

(2) တီရှပ်အဖြူနဲ့ ဘောင်းဘီအစင်းလေးတွေ
တီရှပ်အဖြူလေးက အပူသက်သာစေမယ့်အပြင် ဘောင်းဘီအစင်းလေးကတော့ အရပ်ပုပုနဲ့ ချစ်စရာကောင်မလေးတွေ ဝတ်ဆင်သင့်ပါတယ်။ အရပ်ရှည်တဲ့ အမျိုးသမီးတွေအတွက်ဆိုရင်တော့ အရောင်နုနု ဗြောင်ဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင် စတိုင်လ်ကျနေစေမှာပါ။

fas2

 Read : မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ အေးမြတ်သူရဲ့ ဖက်ရှင်ဒီဇိုင်းများ

(3) Short Pant
လမ်းမထက်မှာ Short Pant လေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ လှနေတဲ့ အမျိုးသမီးလေးတွေကို မြင်ဖူးမယ် ထင်ပါရဲ့။ အဲ့လိုလေးတွေ ဝတ်ဆင်ကြည့်မယ်ဆိုရင် နွေရာသီရဲ့ အပူဒဏ်ကို ကာကွယ်ဖို့ အတွက်တော့ ဦးထုပ်လှလှလေးတစ်လုံး လိုအပ်ပါလိမ့်မယ်။ အဲ့လို မဝယ်ချင်ဘူးဆိုရင် ဆံပင်တွေ ကျနေပြီး ပူအိုက်နေမှာပေါ့။ ဒါကြောင့်မို့ ဆံပင်တွေကို ဆံထုံးလှလှလေး ထုံးဖွဲ့ထားလိုက်ရင် စတိုင်လ် ကျနေစေမှာပါ။ ဆံပင်ကို မြင့်မြင့်လေးစည်းထားရင်လဲ သင့်ကို အမိုက်စားကောင်မလေးတစ်ယောက်လို့ ထင်ရစေမှာပါ။

fas3

 

(4) တီရှပ်အဖြူပွပွကြီးတွေ
ဘာဝတ်ရမှန်းမသိတော့ရင် တီရှပ်အဖြူပွပွတစ်ထည်ကိုသာ ကောက်စွပ်လိုက်ပါ။ တခြား ဘာ Acessories မှ မပါလဲ သင့်ကို စတိုင်လ်ကျနေစေမှာပါ။

fas41

 

(5) စကပ်ကားကားလေး
အင်္ကျီအဖြူတစ်ထည်ကို စကပ်ကားကားတစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီအတွဲအစပ်လေးကတော့ သင့်ကို ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးတစ်ယောက် ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

fas5

 

(6) Shoulder-off Dress
Shoulder-off ဂါဝန်လေးကတော့ ချစ်စရာ အကောင်းဆုံးပါပဲ။ ကြည့်လိုက်တာနဲ့ မိန်းမဆန်ပြီး သိမ်မွေ့တဲ့ ခံစားချက်ကို ရရှိစေမှာပါ။

fas71

 

ပျိုမေလေးတွေ အမြဲတမ်း လှပနိုင်ကြပါစေရှင်။

Author-SYH
Myanmar Textile and Garment Directory

Read 2142 times
Rate this item
(1 Vote)