What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နေ့စဉ်ရုံးတက်ဖက်ရှင်အတွက် ခေါင်းစားနေရသူတို့အတွက်

ကိုယ့်ရုံးကuniformဝတ်စရာမလိုတာမို့နေ့တိုင်းရုံးသွားခါနီရုံးတက်ဖက်ရှင်ကိုစဉ်စားနေရလို့အလုပ်နောက်ကျ တာတွေ ၊ အချိန်မီမရောက်တာတွေမဖြစ်ရအောင်ဒီဖက်ရှင်လေးတွေ

ကိုMegan ရှာဖွေတွေ့ရှိထားတာလေးနဲ့အ ကြံပြုပေးချင်ပါတယ်။

ဒီဖက်ရှင်လေးတွေကခန္ဓာကိုယ်အချိုးအစားကိုလိုက်ပြီးဝတ်လိုရတာလေးတွေပါ။ကိုယ့်ရုံးက Dress code မရှိဘူး ၊ ပေါ့ပေါ့ပါးပါးဝတ်လို့ရတယ်ဆိုရင်တော့အလုပ်ခွင်မှာ စတိုင်လ်ကျလန်းနိုင်ဖို့ဒါလေး တွေနဲ့ကြိုးစားကြည့်လိုက်နော်။

၁။ယောင်းဟာပြားတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူဆိုရင်တော့လည်ပင်းနေရာတွေ ၊ လက်ကောက်ဝတ်နေရာတွေမှာ ဇာတို့ ၊ အမွေးဖွားဖွားလေးတွေပါတဲ့ Ruffled Blouse လို့ခေါ်တဲ့အင်္ကျီလေးတွေနဲ့ခါးမြင့်ဘောင်းဘီအကြပ်လေး

ကိုရွေးချယ်လိုက်ပါ။ဒီအတွဲအဆက်က ခန္ဓာကိုယ်ကိုအရမ်းပိန်လွန်းပြားချပ်လွန်းတယ်လို့မထင်ရစေတာ့ပဲ ပိုပြီးကြည့်ကောင်းနေမှာပါ။

၂။ တင်နဲ့ပုခုံးကအကျယ်ချင်တူတဲ့သဲနာရီပုံစံခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ရင်တော့ သိထားပြီးတဲ့အတိုင်းဘဲစကပ် အကြပ်လေးတွေနဲ့ကိုယ်ကြပ်ဝတ်စုံတွေကအလိုက်ဖက်ဆုံးပါ။ဒါပေမဲ့လည်းပိုပြီးကြည့်ကောင်းတဲ့အသွင်းမျိုးဖန်တီးနိုင်ဖို့

အတွက်Bell sleeves လို့ခေါ်တဲ့ခေါင်းလောင်းလက်အကားလေတွေက ခပ်ပြည့်ပြည့်ရှိတဲ့ခါး လက်မောင်းနေရာတွေကိုလက်ရှိထက်ပိုသွယ်သွားသယောင်းဖန်တီးပေးနိုင်ပါတယ်။

၃။ အပေါ်ပိုင်းရှူးသွားပြီးတင်ပါနေရာကားသွားတဲ့သစ်တော်သီလို ခန္ဓာကိုယ်တွေအတွက်ကတော့ဘောင်းဘီအ ရှည်ကိုခပ်ကားကားပုံစံမျိုးနဲ့ရှပ်အင်္ကျီကိုနောက်နားမှာစုပြီးချည်ထားတဲ့ဖက်ရှင်ကအသင့်တော်ဆုံးနဲ့အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

၎။ ရင်သားခပ်ကိတ်ကိတ်ပိုင်ဆိုင်ထားသူအတွက်ကတော့အပေါ်ပိုင်းကိုရောက်နေတဲ့အကြည့်တွေကိုအာရုံလွဲ စေဖို့အောက်ပိုင်းကိုစကဒ်ဒါမှမဟုတ်ဘောင်းဘီကိုပွင့်ရိုက်အဆင်တွေဖြစ်တဲ့အပွင့်အဖက်များများပါတဲ့ဖက်ရှင်

မျိုးကိုရွေးချယ်သင့်ပါတယ်အဓိကအချက်အနေနဲ့ အပေါ်ပိုင်းကိုရိုးရှင်းတဲ့အင်္ကျီလေးတွေကိုပဲဝတ်ပါ။ကာလာ ဝတ်တာမျိုးကိုတော့ရှောင်ရပါမယ်။

၅။ အရပ်ရှည်တဲ့ခပ်မိုက်မိုက်မိန်းခလေးတွေကတော့ဘယ်လိုအဝတ်အစားမျိုးနဲ့မဆိုလိုက်ဖက်နိုင်ပါတယ်။ဒါပေမဲ့ အရပ်အရမ်းရှည်လွန်းတဲ့ဖက်ရှင်မျိုးကပိုပြီးပိန်လွနတဲ့အသွင်ဖြစ်စေတာမို့ Midi Length လို့ခေါ်

တဲ့ခြေသလုံးတစ်ဝက်လောက်အရှည်ရှိတဲ့ဖက်ရှင်မျိုးကတော့ပိုပြီးသင့်တော်ပါတယ်။

၆။ အရပ် ၅ ပေ ၃ လက်မအောက်ရှိတဲ့ကိုယ်လုံးသေးသေးသွယ်သွယ်လေးတွေကတော့အရပ်ပိုရှည်သွယ် တဲ့အသွင်ဖြစ်စေဖို့တစ်ဆက်တည်းဝတ်ရတဲ့ Jumpsuit လေးတွေကိုရွေးချယ်လိုက်ပါ။ရွေးချယ်တဲ့အခါမှာ ကိုယ်လုံးကိုအရမ်းတင်ကြပ်လွန်းတာမျိုး မဖြစ်ဖို့လိုပါတယ်။

Jumpsuit မကြိုက်ဘူးဆိုရင်တော့အပေါ်နဲ့ အောက်ကိုခန္ဓာကိုယ်နဲ့ကွက်တိဖြစ်တာမျိုးဝတ်နိုင်ပါတယ်။အဓိက ကတော့အရမ်းကြပ်လွန်းပွလွန်းတာမျိုးမဖြစ် ဖို့ပါပဲနော်။ဒါလေးတွေကတော့စမတ်ကျကျ ရုံးတက်ဖို့ကိုယ့်ခန္ဓာကိုယ်အချိုးအစားအလိုက် ရွေးချယ်နိုင်တဲ့ရုံး တက်ဖက်ရှင်လေတွေဘဲဖြစ်ပါတယ်။

 

source:for her myanmar

Read 1281 times
Rate this item
(1 Vote)