What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အကယ်ဒမီပေးပွဲမှာ မလုံခြုံသော ဝတ်စား ဆင်ယင်မှု များကို တင်းကြပ်စွာ ပိတ်ပင်

အကယ်ဒမီပေးပွဲမှာ မလုံခြုံသော ဝတ်စား ဆင်ယင်မှု များကို တင်းကြပ်စွာ ပိတ်ပင် google

မကြာမီအချိန်အတွင်းမှာကျင်းပပြုလုပ်တော့မယ် အကယ်ဒမီ ရုပ်ရှင် ဆုပေးပွဲအတွက် ပရိတ်သတ်တွေကော အနုပညာရှင်အားလုံး ပါ ရင်ခုန်စွာနဲ့ စောင့်မျှော် နေကြပြီ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲလာတဲ့ မြန်မာ့ ရုပ်ရှင်လောကသားများ အတွက် အကယ်ဒမီ ရွှေစင်ရုပ်ထုကို ဆွတ်ခူးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ကြပြီး ဆုတွေအတွက် ဆန်ကာတင် စာရင်း တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်ပါတယ်။

movie

ထိုနည်းတူစွာ တိုးတက်လာတဲ့ ခေတ်နဲ့လျော်ညီစွာ ပြောင်းလဲလာတဲ့ ဖက်ရှင်ဒီဇိုင်းတွေကလည်း လူတွေရဲ့ အမြင်ကို ဆန်းသစ်စေနိုင်ပေမယ့် မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ဒီဇိုင်းတွေကို များစွာ မြင်တွေ့ကြရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေက မြန်မာဝတ်စုံကိုတောင် ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ ပုံစံမျိုး မဟုတ်ပဲ ကိုယ်ရဲ့ ကောက်ကြောင်းအလှတွေကို မြင်ရစေလောက်တဲ့ ဝတ်စုံမျိုးတွေကလည်း များစွာ ထွက်ရှိနေပါတယ်။

Read: အရမ်းဆင်းရဲတဲ့ဘဝကနေ ကမ္ဘာကျော် မော်ဒယ် ဖြစ်လာခဲ့သူ Alak Wek

ထိုကြောင့် ရှေးယခင်ကတည်းက မြန်မာတို့ အစဉ်အလာအတိုင်း ကျင်းပခဲ့တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ ထိုကဲ့သို့သော မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသော အဝတ်အစားတွေကို ဝတ်ဆင်ခွင့် ပိတ်ပင်တားဆီးခဲ့တာ ဖြစ်ပါတယ်။ယဉ်ကျေးမှုနှင့် မကိုက်ညီသော အဝတ်အစားများကို ဝတ်ဆင်လာပါက အနုပညာလုပ်ခွင့်ကို ပိတ်ပင်တားမြင်မည့်အပြင် ဒဏ်ကြေးပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ရုပ်ရှင် အစည်းအရုံးက ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

Source: Lwin Pyin

Myanmar Textile and Garment Directory

Read 1685 times
Rate this item
(1 Vote)