What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Star Awards ဆုပေးပွဲမှာ Fashion Award ဆု ရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်

Star Awards ဆုပေးပွဲမှာ Fashion Award ဆု ရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင် google

အကယ်ဒမီပေးပွဲကြီး ပြီးတဲ့နောက် ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့် နေကြတဲ့ Star Awards ဆုပေးပွဲကြီးကို သုဝဏ္ဏဘူမိ Event Park မှာ

ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးမှာ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအတွက် ဆုပေါင်း (၂၃)ဆုကို ချီးမြှင့်ခဲ့ရာ သက်ဆိုင်ရာ ဆုအသီးသီး ကို ချီးမြှင့်ခဲ့ရာ ပရိသတ်တွေ ဆုရရှိစေချင်တဲ့ အနုပညာရှင်တွေက အသီးသီးဆုရရှိသွားပြီပဲ ဖြစ်ပါတယ်။ ထို့အတူ ပွဲတက်လာတဲ့ သူတွေကိုလဲ Fashion Award ဆုတွေပေးအပ်ခဲ့ရာ ပိုင်ဇေရဲထွန်းရဲ့ဇနီး ဇင်သဲနိုင်ကလဲ Stellar Star (Gues) Award ကို ရရှိခဲ့ပါတယ်။

ztn2

Read: ဖက်ရှင်နဲ့ ပတ်သတ်ပြီး ပျိုမေလေးတို့ သိထားသင့်တဲ့ ရှောင်ရန် အချက်များ

ထိုဆုကို ရရှိခဲ့တဲ့ ဇင်သဲနိုင်က ” ပထမဆုံးအကြိမ် ကျင်းပတဲ့ Star Awards ဆုပေးပွဲကို ယောင်္ကျားနဲ့အတူတက်ရောက်ခဲ့ပါတယ်။ ကိုယ့်စိတ်ထဲ ဆုရမဲ့သူတွေအတွက် စိတ်လှုပ်ရှားရင်း Fashion ကျကျနဲ့ လှနေတဲ့ မင်းသမီးလေးတွေ Modelလေးတွေကိုငေးဖို့ပါ။”

ztn3

” Fashion Awards တွေပါတယ်ဆိုတာသိပေမဲ့ ကိုယ်နဲ့မဆိုင်သလိုပဲထင်ခဲ့မိတာ။ ဘယ်လိုဖြစ်ဖြစ် အမှတ်တရ ဖြစ်စေတဲ့ ဒီဆုလေးက ကလေး (၃) ယောက် အမေအတွက် အရမ်း အံ့သြဝမ်းသာ ဖြစ်ရပါတယ်။”

 ztn4

“Special Thanks to my one & only Person ??? Paing Zay Ye Tun ဒီနေ့လေးဟာ ကလေး(၃)ယောက်အမေရဲ့အမှတ်တရတွေထဲကပျော်စရာ စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့လေးပါ ???” ဆိုပြီး သူမရဲ့ အပျော်တွေကို မျှဝေထားပါတယ်။

ztn5

ပိုင်ဇေရဲထွန်းလဲ မိန်းမချောလေး ဆုရရှိခဲ့လို့ တော်တော်လေး ဝမ်းသာနေမယ်ထင်ပါတယ်။ ဇင်သဲနိုင်အတွက်လဲ ချစ်ရတဲ့ ပရိသတ်တွေက ဂုဏ်ယူဝမ်းသာနေပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။

Source: Burmese Asia

Myanmar Textile and Garment Directory

Read 2167 times
Rate this item
(1 Vote)
Tagged under