What's new

×

Warning

JUser: :_load: Unable to load user with ID: 845


MLRC ရဲ့ ပညာရေးသံတမန် အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့တဲ့ ချစ်သုဝေ

MLRC ရဲ့ ပညာရေးသံတမန် အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့တဲ့ ချစ်သုဝေ google

ချစ်သုဝေ (ခေါ်) ထရီဇာ ကတော့ မြန်မာနိုင်ငံရဲ့ မင်းသမီး အဆိုတော် ဆရာဝန် တစ်ယောက် ဖြစ်ပြီး ဘက်စုံတော်လွန်းတဲ့သူ တစ်ယောက်ပါ။

လူမှုရေးကိစ္စတွေမှာလဲ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတတ်တဲ့သူ တစ်ယောက်လဲ ဖြစ်ပါတယ်။ ခေတ်နဲ့ သစ် ဆိုတဲ့ အမြွှာလေးတွေရဲ့ မေမေ ဖြစ်ပြီးတော့ အခုထိ အပျိုလေးတစ်ယောက်လို နုပျိုလှပနေဆဲပါ။

chw1

Read: Denko ဆီဆိုင်ရဲ့ ကံထူးရှင် ရွေးချယ်ပွဲကို တက်ရောက်ခဲ့တဲ့ Cele တွေရဲ့ ပုံရိပ်များ

အခုအခါမှာတော့ သူမဟာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန (Myanmar learning resource centre-MLRC) ရဲ့ ပညာရေးသံတမန် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ MLRC ဆိုတာကတော့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွင်းကိုမရောက်လာနိုင်တဲ့ ကလေးငယ်တွေအတွက် ပညာသင်ခွင့်ရရှိအောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။

ctw6

"အတန်းပညာ အတတ်ပညာ အသိပညာ ဉာဏ်ပညာ မည်သို့ပင်ကွဲပြားပေမယ့် လူတစ်ယောက်ရဲ့ ခံယူချက် ရပ်တည်ချက် အတွေးအခေါ် အယူအဆ များဟာ ပညာနဲ့ ယှဉ်မှသာ မှန်ကန်အောင်မြင်နိုင်မှာပါ။ သမီးလေးတွေ အပါအဝင် ကလေးတွေကို စာတတ် ပညာတတ်စေချင်တယ်။ နောင်တစ်ချိန် ပညာတတ်သူတို့လေးတွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံမှာ ခေါင်းချခွင့်ရချင်တယ်။ ကမ္ဘာရဲ့ဘယ်နေရာရောက်ရောက် မြန်မာရယ်လို့ ပညာရဲရင့် ပွဲလယ်တင့် ချင်ပါတယ်" ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ctw3

အဆိုပါ ပညာရေးသံတမန် အဖြစ် ခန့်အပ်ပွဲကို ရန်ကုန် တက္ကသိုလ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်ရှင်။

ctw4

ဒါဆိုရင်တော့ သူမရဲ့ အကြောင်းတွေကို ပြောပြပြီးပြီဆိုတော့ သူမရဲ့ ဖက်ရှင်လေးတွေကိုလဲ မျှဝေပေးချင်ပါတယ်ရှင်။

ctw5

Author- SYH
Myanmar Textile and Garment Directory

Read 2001 times
Rate this item
(2 votes)