What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မမ ဝဝ လေးတွေ အတွက်

မမ ဝဝ လေးတွေ အတွက် google

ဝရင် မလှဘူးလို့ ထင်နေတဲ့ ချစ်စရာ မမ ဝဝ တွေ ရှိမှာပါ။ ဒါပေမယ့် အဲ့ဒီအမြင်ကို ပြောင်းလဲကြည့်လိုက်ပါ။

ဝလဲ လှအောင် ဝတ်ဆင်တတ်တဲ့ မမ လှလှတွေ အများကြီး ရှိပါတယ်။ ပြည့်သူ အချစ်တော် မင်းသမီး ပွင့်လေးဆို အရမ်းလှ၊ အရမ်းချစ်စရာ ကောင်းတာပဲ မလား။

အရေးအကြီးဆုံးအရာကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပါပဲ။ ယုံကြည်မှု ရှိတဲ့ သူက မလှရင်တောင် ဆွဲဆောင်မှု တစ်ခု ရှိနေမှာ သေချာပြောရဲပါတယ်။ "Have confident because you are you" အဲ့စကားလေးလိုပါပဲ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဘာပဲ ဖြစ်ဖြစ် လက်ခံပြီး ယုံကြည်မှု ထားကြည့်ပါနော်။  

နောက်တစ်ချက်ကတော့ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ရွေးချယ်တတ်ဖို့ပါပဲနော်။

(၁) အနက်ရောင် ဗြောင်ဖက်ရှင်
အနက်ရောင်က လူကို ပိန်သွယ်စေပါတယ်နော်။ အနက်ရောင် ဂါဝန်လေးတွေကို ဝတ်ဆင်ကြည့်လိုက်ပါ။ ပိန်သွယ်သွားသယောင် ထင်ရမှာပါ။

fat lady

 

Read: ဒီဇိုင်းကျကျ နွေဖက်ရှင်လှလှ

 

(၂) ဒေါင်လိုက်စင်း အဝတ်အစား
ကန့်လန့်စင်းအဝတ်အစားတွေက လူကို ပိုဝတယ်လို့ ထင်ရပေမယ့် ဒေါင်လိုက်စင်းလေးတွေကတော့ ပိန်သွယ်သယောင် ထင်ရမှာပါ။

verticle

 

(၃) မှန်ကန်တဲ့ Bra Size ကို ရွေးချယ်ပါ။
ကျပ်နေတဲ့ Bra တွေကို ဝတ်ဆင်မိရင်တော့ စိတ်ကျဉ်းကျပ်သလို ခံစားရမှာပါ။ ထို့အတူပါပဲ ချောင်နေတဲ့ Bra တွေကို ရွေးချယ်မိရင်တော့ လျော့ရဲရဲ ဖြစ်နေသလိုမျိုး ခံစားရပြီးတော့ ဘေးလူအမြင်မှာလဲ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မှန်ကန်တဲ့ Bra Size ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

bra

 

(၄) ခါးပတ်ကြီးကြီး လှလှကို ဝတ်ဆင်ပါ။
ပျိုမေလေးတွေရဲ့ ခါးမှာ ရှိတဲ့ အဆီတွေကို တခြားလူတွေ မမြင်ရအောင် ဖုံးကွယ်ဖို့ ဆိုရင်တော့ ခါးပတ်ကို အသုံးပြုပေးလို့ ရပါတယ်။ ခန္ဓာကိုယ် Shape ပိုပေါ်ပြီး ခါးလေးသေးသွားသယောင် ခံစားမိစေဖို့ပါ။

shape

 

(၅) အဝတ်ပွပွကြီးတွေနဲ့ ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။
နဲနဲ ဝတဲ့ ပျိုမေလေးတွေ သတိမထားမိပဲ မှားယွင်းပြီးလုပ်ဆောင်နေတဲ့ အချက်တစ်ချက် ရှိပါတယ်။ ဝတာကို မသိသာစေချင်လို့ အင်္ကျီအကြီးကြီးတွေ ဝတ်ဆင်မိတာပါ။ အဲ့လို လုပ်တာက ဝတာကို ပိုပြီးတောင် သတိထားမိစေမှာပါ။ မမဝဝလေးတွေ သတိထားသင့်ပါတယ်နော်။

big

 

Author-SYH

Myanmar Textile and Garment Directory

Read 1744 times
Rate this item
(1 Vote)
Tagged under