What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်က အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါသလား

ဖက်ရှင်က အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်ပါသလား google

ဖက်ရှင်လို့ဆိုလိုက်ရင် လူတိုင်းကတော့ ခေါင်းထဲမှာ လျှောက်လမ်းပေါ်က မော်ဒယ်တွေနဲ့ မထော်မနန်းအဝတ်အစားတွေ ပြေးမြင်တတ်ကြတာပါပဲ။

ဒါပေမဲ့ ဖက်ရှင်ဆိုတဲ့ စကားလုံးက ဒါတွေအတွက်ပဲ သုံးတာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝမှာ ရုံးတက်ရင် ဘာတွေဝတ်မယ်၊ အိမ်မှာနေရင်တော့ ဘယ်အဝတ်အစားဝတ်မယ်၊ ဘုရားသွားကျောင်းတက် ဘာဝတ်မယ် စသဖြင့် စဉ်းစားကြတာဟာ ဖက်ရှင်ပါပဲ။ အဝတ်အစားပဲလား မဟုတ်ပါဘူး။ မိန်းကလေးတွေအတွက် နားကပ်လေးတွေ၊ ဘီးကုပ်တွေ၊ ကလစ်တွေနဲ့အတူ ဆွဲကြိုး၊လက်ကောက်နဲ့ ဖိနပ်ကအစ ဖက်ရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်စုတစ်စည်းတည်း ရှိနေကြပါတယ်။

Read: အရင်ခေတ် မှာ သာမက ယနေ့ခေတ်မှာပါ ခေတ်စားလျှက်ရှိသော မြန်မာဝတ်စုံများ

ဖက်ရှင်ဆိုတာ သင့်ကို လှပနေစေဖို့ ကြည့်ကောင်းနေစေဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ဖော်ပြနေတတ်ပါတယ်။ ဝတ်စားဆင်ယင်မှုက ကာလံဒေသံပေါ်လိုက်ပြီး အရေးကြီးပါတယ်။ ဒါပေမဲ့ အချိန်တိုင်းလားဆိုတော့ အချိန်တိုင်းတော့လည်း မဟုတ်ပါဘူး။

အပြင်က ဝတ်စားဆင်ယင်မှုတင် အရေးကြီးတာမဟုတ်ပါဘူး။ ဘရန်းတွေ ဘယ်လိုဝတ်ဝတ်၊ ဘယ်လောက်လှအောင်ပြင်ထားပြင်ထား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိရင် လူတောမတိုးပါဘူး။ ဒါအမှန်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိနေတယ်။ အရည်အချင်းလည်း ပြည့်ဝတယ်ဆိုရင်တော့ ဘယ်လိုဝတ်စုံနဲ့ အပြင်မှာ ဘယ်လို လူနဲ့တွေ့တွေ့ အရောင်တစ်ခုက အမြဲလင်းလက်နေတတ်ပါတယ်။

ဒီလို ပြင်ပမှာ ဖက်ရှင်ကအရေးကြီးသလို နေ့စဉ်သွားလာလှုပ်ရှားရာမှာလည်း ဝတ်ဆင်တဲ့ အဝတ်အစားပေါ်လိုက်ပြီး စိတ်ခံစားချက်တွေ ပြောင်းလဲတတ်ပါတယ်။ ဥပမာ အနီတောက်တောက်ဝတ်ထားတဲ့ နေ့မျိုးတွေဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုရှိနေတတ်ပါတယ်။ အပြာရောင်ဝတ်ထားတယ်ဆိုရင်တော့ စိတ်က နည်းနည်းလေး အေးချမ်းနေတာမျိုးပေါ့။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတဲ့ ဖက်ရှင်မျိုးလေးတွေ ရွေးချယ်ထားတယ်ဆိုရင်လည်း တစ်နေ့တာလုံး လွတ်လပ်နေသလို ခံစားရပါတယ်။

တစ်ခါတလေ စိတ်ညစ်ညူးနေတာမျိုးရှိခဲ့ရင် ကိုယ်ဝတ်နေကျမဟုတ်တဲ့ ဖက်ရှင်တွေကို ဝတ်ကြည့်ပြီး မပြင်ဖူးတဲ့ အပြင်အဆင်တွေကို ပြင်ဆင်ကြည့်မယ်ဆိုရင် အထိုက်အလျောက်တော့ စိတ်သက်သာရာ ရတတ်ပါတယ်။ လူအသစ်တစ်ယောက်ပြောင်းလဲသွားသလိုပေါ့။ ဖက်ရှင်ဟာ သင်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ တစ်ခါတလေမှာ ကိုယ့်အကြိုက် ကိုယ် ဝတ်တာက သူများအတွက် weird ဖြစ်နေတတ်ပါတယ်။ သူများအမြင်တွေကို တွေးပြီး မကြောက်နေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကိုယ်သဘောကျရာကို ဝတ်ဆင်ပါ။

အဝတ်အစားတွေ၊ ဖက်ရှင်တွေက သင့်အတွေးအမြင် ဘယ်လိုရှိတယ်ဆိုတာကို ဖော်ပြနေတတ်ပါတယ်။ လူတွေကြားက လူတစ်ယောက်ပေမယ့် အခြားလူတွေထက် ပေါ်လွင်ထင်ရှားချင်တယ်ဆိုရင်တော့ သင့်အတွေးအမြင်အတိုင်း ဖက်ရှင်ကို ရွေးချယ်ပါ။ ဖက်ရှင်ဆိုတာ သူများလုပ်တာကို လိုက်လုပ်မှ ဖက်ရှင်မဟုတ်ပါဘူး။ ကိုယ့်အမြင်အတိုင်း၊ ကိုယ်ခံစားရတဲ့အတိုင်း ပုံဖော်ပါ။ ဖက်ရှင်နဲ့အတူ သင့်ဘဝကိုပါ ပုံဖော်ပါ။ သူများဝတ်သလို လိုက်မဝတ်ပါနဲ့။ သူများခန္ဓာကိုယ်က သင့်ခန္ဓာကိုယ် မဟုတ်ပါဘူး။ သင့်ရဲ့ဖက်ရှင်က သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ပြောပြနေနိုင်တာမို့ တစ်ယောက်ယောက်ကများ ဖက်ရှင်က အရေးကြီးသလား မေးလာခဲ့ရင် ဟုတ်ကဲ့ ကြီးပါတယ် လို့သာ ဖြေမိမှာပါ။ ဖက်ရှင်ဆိုတာက ကိုယ်နှစ်သက်ရာကို နှစ်သက်သလိုဝတ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စကားတစ်လုံးမှ မပါဘဲ ထုတ်ပြလို့ ရတဲ့ အရာပဲလို့ သတ်မှတ်ထားတာပါ။

Source: The Lifestyle Myanmar

Myanmar Textile and Garment Directory

Read 1624 times
Rate this item
(0 votes)